
မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့၌ အများဆုံးစိုက်ပျိုးကြပြီး ဆောင်းရာသီစာသီးနှံ တစ်မျိုးဖြစ်သည်။ ထောပတ်သီးသည် အာဟာရဓာတ် များစွာကြွယ်ဝ၍ အရသာမှာဆိမ့်ဆိမ့်လေးနှင့် စားကောင်းပြီး အမျှင်ဓာတ်များစွာ ကြွယ်ဝပါသည်။ အောက်တိုဘာလတွင် ထောပတ်သီးများစတင်ထွက်ရှိလာပြီး ယခုနိုဝင်ဘာလတွင် ထောပတ်သီးကို ဈေးများထဲတွင် ပေါများစွာတွေ့မြင်နေရပြီ ဖြစ်ပါသည်။
လားရှိုးမြို့တွင်ရောင်းချလျက်ရှိသော ထောပတ်သီးဈေးနှုန်းများမှာ ထောပတ်သီး အသေး တစ်လုံးလျှင် (၅၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
