ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်သည့် ကွမ်းသီးစိတ်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကွမ်းသီးစိတ် (ရှယ်)တစ်ပိဿာလျှင် (၄၂၀၀၀)ကျပ်၊ အလတ်စ(၁)ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ အညံ့(၁)ပိဿာ လျှင်(၂၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဒုတိယပတ်ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါကယခုပတ်အတွင်း ကွမ်းသီးစိတ်(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဆက် လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့် ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်း  ကွမ်းသီးစိတ်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရ သည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ရာသီစာ ကောက်ညှင်းပြား(ခေါ်)ခေါစီဈေးနှုန်း

     မြန်မာနိုင်ငံတွင် နွေရာသီ၊ မိုးရာသီနှင့် ဆောင်းရာသီဆိုပြီး ရာသီဥတု()မျိုးရှိရာ ရာသီဥတု အလိုက် ဒေသအစားအစာများ ပြုလုပ်ရောင်းချလျက်ရှိကြသည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရာသီအစားအစာတစ်မျိုးဖြစ်သည့်  ကောက်ညှင်းပြား(ခေါ်)ခေါစီများ  ရောင်းချ လျက်ရှိကြောင်း သိရသည်။

     ကောက်ညှင်းပြား(ခေါ်)ခေါစီပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ကောက်ညှင်းဆန်ကို ဒေသတွင်းတောင်သူများထံမှ ဝယ်ယူရရှိသလို မိုးညှင်းဒေသမှလည်းမှာယူပြီး အသုံးပြုလျက်ရှိ ကြောင်း၊ ကောက်ညှင်းဆန်အနက်ရောင်နှင့် ကောက်ညှင်းဆန်အဖြူရောင်ဆိုပြီး ()မျိုးရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကောက်ညှင်းဆန်အနက်ဖြင့် ပြုလုပ်သည်ကို ပိုမိုကြိုက်ကြကြောင်း၊ ကောက်ညှင်းဆန်ကို ကောက်ညှင်းပြားအပြင် ခေါပြင်နှင့် ပေါင်းသင်းတို့ပြုလုပ်၍လည်း ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ကောက်ညှင်း ပြား(ခေါ်)ခေါစီဈေးနှုန်းများမှာ ကောက်ညှင်းပြားအကြီး()ပြားလျှင် ၁၀၀၀ကျပ်၊ ကောက်ညှင်း ပြားအသေး(၁၂)ပြားလျှင် ၁၀၀၀ကျပ် ခေါပြင်၁တုံးလျှင် ၁၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ဈေးကွက်နေဖြင့်မြို့ပေါ်နေပြည်သူများ၊ ခရီးသွားပြည်သူများနှင့် အသိမိတ်ဆွေများထံ လက်ဆောင်ပစ္စည်း အဖြစ်ဝယ်ယူပေးပို့ကြသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာမိသားစုအဆင်ပြေလျက်ရှိကြောင်းကောက် ညှင်းပြား(ခေါ်)ခေါစီ ပြုလုပ်ရောင်းချသူထံမှ သိရှိရသည်။  

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ကင်းပုံသီးနှင့်ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်းပုံသီးနှင့်ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ကင်းပုံသီးနှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးများကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာ များမှဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီးများကို နို့ဆီဘူး (၁)ဘူးလျှင် (၇၀၀)ကျပ်၊ (၁) ပြည်လျှင်(၅၅၀၀)ကျပ်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းမှာ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး အကြီး(၁)တောင့်လျှင်(၇၀၀)ကျပ်၊ အလတ်(၁)တောင့်လျှင်(၄၀၀)ကျပ်၊ အသေး(၁)တောင့်လျှင် (၃၀၀)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့်  ကြောင်လျှာသီး

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကြောင်လျှာပင်ကို မိမိနေအိမ်ခြံစည်းရိုးများနှင့် ယာကွက်စည်းရိုးများတွင် စိုက်ပျိုးကြ ရာကြောင်လျှာပွင့်နှင့် အသီးတို့ကို ဟင်းလျာအဖြစ်စားသုံး၍ရသည့်အပြင် အမြစ်နှင့်အခေါက်တို့ကို လည်းဆေးအတွက် အသုံးပြုကြကြောင်း၊ ကြောင်လျှာပင်စိုက်ပျိုးရာတွင် လုပ်အားခနှင့် သွင်းအားစု ကုန်ကျစရိတ် နည်းပါးပြီး နှစ်ရှည်သီးပင်ဖြစ်သည့်အတွက် စိုက်ပျိုးသင့်သည့် အပင်တစ်မျိုးဖြစ် ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသောဈေးနှုန်းအနေဖြင့် ကြောင်လျှာသီးလက်လီ (၁)တောင့်လျှင်(၁၀၀၀)ကျပ်၊ လက်က္ကား(၁) တောင့်လျှင်(၉၀၀)ကျပ်၊ အသေး(၁)တောင့်လျှင်(၇၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း ကြောင်လျှာသီးတစ်တောင့် လျှင်(၂၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

                                                                   

ကန့်ဘလူမြို့နယ်၏ ရာသီစာ ငရံ့ပတူရွက်နှင့် ကြက်တရွက်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက် များဖြစ်သည့် ဂွေးတောက်ရွက်၊ ကန်စွန်းရွက်၊ မုံညှင်းရွက်၊ ဆူးပုတ်ရွက်၊ ငရံ့ပတူရွက်နှင့် ကြက်တရွက် များ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကြက်တက်ရွက်ပြုတ် တစ်လုံးလျှင်(၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်နှင့် (၁၀)ကျပ်သား လျှင်(၈၀၀)ကျပ်ဖြင့်၊ ငရံ့ပတူရွက်(၁)စည်းလျှင် (၃၀၀)ကျပ်၊   ငရံ့ပတူရွက်ပြုတ် တစ်လုံးလျှင်(၅၀၀) ကျပ်၊ (၄)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ရှားပါးလာသည့်အတွက် ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ရှိ ဩဇာသီးနှင့်မာလကာသီးဈေးနှုန်း

 

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် မာလကာသီးပင်၊ ဩဇာသီးပင်၊ ဂွေးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိ ကြပါသည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ  ဩဇာသီးနှင့် မာလကာသီးမျာကို မုံရွာ မြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချ လျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ် အစားအလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၇၀၀)ကျပ်၊ အရွယ်သေး အလုံး သေး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊  ကီလိုမာလကာသီးဈေးနှုန်းများအနေဖြင့် အကြီးတစ်လုံးလျှင် (၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း အကြီးအသေးပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးရှိ သင်္ဘောသီးနှင့် ဂွေးချိုသီးဈေးနှုန်း

 

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ရာသီပေါ်ခြံထွက်သီးနှံများ နှစ်ရှည်သီးနှံပင်များနှင့် စားသောက်ကုန်များ အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများနှင့် ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။ သင်္ဘောသီးအစိမ်းမှာ သွေးကျဲစေသော ဓာတ်တစ်မျိုးပါရှိပြီး အမှည့်မှာ မျက်စိ အမြင်အာရုံအား ကောင်းစေပါသည်။ သင်္ဘောသီသည် သင်္ဘောသီးဖျော်ရည်၊ သင်္ဘောသီးသုပ် နှင့် အိမ်ရှင်မများ အကြိုက်ဟင်းလျာ များတွင် အများအပြားထည့်သွင်းအသုံးပြုကြသော အဖိုးတန်သစ်သီး တစ်မျိုးဖြစ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် သင်္ဘောသီး အစိမ်းတစ်လုံးလျှင် (၈၀၀/၁၂၀၀) ကျပ်နှင့် အမှည့် တစ်လုံးလျှင် (၃၆၀၀/၄၅၀၀) ကျပ်၊  ဂွေးချိုသီး (၂၀)လုံးပါ တစ်ထုပ်လျှင် (၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွား ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးရှိ ငှက်ပျောသီးဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများသည့် မိမိတို့အိမ်ခြံဝင်း မြေကွက်လပ်များနှင့် မိမိပိုင်ယာမြေများတွင် ငှက်ပျောပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါ သည်။ စိုက်ပျိုးရရှိသော ခြံထွက်ငှက်ပျောသီးများကို မုံရွာမြို့ပေါ်ရှိ သံလမ်းဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၌ သံလမ်းဈေးတွင် ငှက်ပျောသီး ဖီးကြမ်း (အစိမ်း) တစ်ဖီးလျှင် (၂၃၀ဝ/၂၆၀ဝ) ကျပ်၊  ဖီးကြမ်း (အမှည့်) တစ်ဖီးလျှင် (၂၅၀ဝ/ ၃၅၀ဝ) ကျပ်၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင်(၁၂၀၀/၂၀၀၀)ကျပ်၊ ရွှေနီတစ်ဖီးလျှင် (၃၆၀၀/ ၅၂၀၀) ကျပ်၊ ရွှေဝါတစ်ဖီးလျှင် (၃၅၀၀/ ၅၀၀၀)ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီးလျှင် (၁၃၀၀/ ၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ငှက်ပျောသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လူကြိုက်များသည့် သရေစာ နို့မလိုင်လုံးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် သရေစာ စားစရာ များဖြစ်သည့် ကြံသကာ၊ ဇီးတော်ဖီ၊ မြေပဲယို၊ နှမ်းယို၊ ဖရုံယို၊ ကုလားပဲချောင်းနှင့် မလိုင်လုံးများကို ရွှေဘို မြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချသည့်အပြင် ဒေသထွက်များလည်း ရောင်းချလျက်ရှိကြောင်း၊ သရေစာမလိုင်လုံကို ဧည့်သည်များကို တည့်ခင်းဧည့်ခံရာ၌လည်းကောင်း၊ အချိုတည်းစရာအဖြစ် ဝယ်ယူ အသုံးပြုလျက်ရှိကြောင်း  သိရသည်။

   ၂၀၂ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း မလိုင်လုံး လက်လီတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မလိုင်လုံး လက္ကားတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ် အတွင်း မလိုင်လုံး(၁)ပိဿာလျှင်(၂၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း လုပ်ငန်းရှင် များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးတွင်ဖြစ်ပေါ်နေသော ငရုတ်သီးစိမ်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် မြို့ ပေါ်တွင် စိုက်ပျိုးသီးနှံများဖြစ်သည့် ငရုတ်သီး၊ ကြက်ဟင်းခါး၊ ဘူးသီး၊ ပဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ၊ ကန်စွန်းရွက် နှင့် ချဥ်ပေါင်ရွက် စသည့် သီးနှံများ စိုက်ပျိုးကြပါသည်။ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးစိမ်းများကို တစ်နိုင် တစ်ပိုင် စိုက်ပျိုးကြပြီး မုံရွာမြို့၊ ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေး တို့တွင် ငရုတ်သီးစိမ်း (၂၅)ကျပ်သားလျှင် (၇၀၀)ကျပ်၊ ငရုပ်သီးစိမ်း (၁)ပိဿာလျှင်  (၂၈၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း