
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ် ထွန်းလျက်ရှိရာ (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်တွင် မိုးစပါး(၈၂၂၇) ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ ရက်(၉၀)၊ အောင်နိုင်တိုး၊ မနောသုခ၊ ဆင်းသုခမျိုးများ ကြဲသား၊ seeder၊ စိုက်သား (ပျိုးထောင်)နည်းများဖြင့် စိုက်ပျိုးကြပြီး သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကကုန်ကျစရိတ်မှာ (၈၅၀၀၀၀)ကျပ် ကုန်ကျကြောင်း၊ တစ်ဧကလျှင် စိုက်ပျိုးရေးပညာရှင်မှ (၂)တင်းနှုန်း ၊ တောင်သူများမှ(၃)တင်းနှုန်း စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၇၀-၈၀)တင်းထွက်ရှိကြောင်း စပါးဈေးမှာ တစ်တင်းလျှင် (၁၂၀၀၀)ကျပ်သာရရှိသဖြင့် တောင်သူများတွက်ချေကိုက်မှု နည်းပါးကြောင်း၊ ရွှေတုတ်ကုန်း၊ တောခင်း၊ လှိုင်းတက်တို့ရှိ စံပြကွက်များရိတ်သိမ်းပြီး သော်လည်းအရောင်းအဝယ်အေးလျက် ရှိကြောင်း စပါးစိုက်တောင်သူများထံမှသိရှိရပါသည်။
DOCA(မန္တလေး)
