မြင်းခြံမြို၏ ကင်းပုံခါးသီးဈေးနှုန်း

Powered by Drupal

    မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စားဖိုဆောင်သီးနှံများကိုလည်း တနိုင်တပိုင်စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးတို့တွင် အချို့က ဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောကြား ချက်အရ သိရပါသည်။ ကင်းပုံသီးသည် ယခင်က တောင်တောများတွင် အလေ့ကျပေါက်ရောက်ပြီး ယခုအခါ ခြံစည်းရိုးများ၊ အိမ်ဝန်းများတွင် စိုက်ပျိုးလာကြကြောင်း၊ ကင်းပုံသီးသည် အချိုသီးနှင့် အခါးသီး ဟူ၍ နှစ်မျိုးရှိကြောင်း သိရသည်။မြင်းခြံမြို့ အေးမြသီတာဈေးတွင် ကင်းပုံသီးအခါးသီးများဝင်ရောက် လျက်ရှိရာ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။ ကင်းပုံသီးခါးကို ထုထောင်း၍ ပုဇွန်ခြောက်၊ ငရုတ်သီးခွဲခြမ်းဖြင့် ကြော်ချက်၍ လည်းကောင်း၊ ဆီပြန်ဟင်းချက်စား၍ လည်းကောင်း စားသုံးခြင်းကြောင့် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်ရာ အရောင်းအဝယ်သွက် ကြောင်း သိရသည်။

DOCA(မန္တလေး)