ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးရှိ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သံပုရာချဉ်၊ သရက်ချဉ်နှင့် သရက်သီးကုလားတည်ချဉ်စသည့်လက်လုပ်ချဉ် များကိုကိုယ်တိုင်ပြုလုပ်ပြီး “မြို့မဈေး”တွင်ရောင်းချလျက်ရှိရာ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ်များ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”၌ သရက်သီးကုလားတည် ချဉ် လက်လီတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊  လက္ကားတစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ နှမ်းပတ်ချဉ် လက်လီတစ်ပန်းကန်လျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)                         

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ သပြေပန်း၊ ရက်(၁၀၀)သပြေ၊ အာဆီယံသပြေပန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသ များတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ခြံဖွဲ့၍ တောသပြေ၊ အာဆီယံသပြေ၊ ရက်(၁၀၀)သပြေနှင့် ရွှေသပြေများစိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းငုတ်၊ သပြေပန်းခက်အစည်း စသည်ဖြင့်ရောင်းချလျက်ရှိရာ တောသပြေပန်းခက်(၁)စီးလျှင်(၁၃၀၀)ကျပ်၊ တောသပြေငုတ်အကြီး(၁)ငုတ်လျှင်(၅၀၀၀)ကျပ်၊ အသေး(၁)ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀)ကျပ်၊ ရက် (၁၀၀)သပြေငုတ် (၁)ငုတ်လျှင်(၃၀၀၀)ကျပ်နှင့် အာဆီယံသပြေ(၁)စည်းလျှင် (၇၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တိုဘာလ၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း တောသပြေပန်းခက်(၁)စီးလျှင် (၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊  ပန်းရောင်းချသူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အညို)ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့တွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ပထမအပတ်တွင် မြေထောက်ပဲ(ဖြူ) မှာ လက်ကျန်မရှိတော့ဘဲ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ် နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ သပြေပန်း၊ ရက်(၁၀၀)သပြေ၊ အာဆီယံသပြေပန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသ များတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ခြံဖွဲ့၍ တောသပြေ၊ အာဆီယံသပြေ၊ ရက်(၁၀၀)သပြေနှင့် ရွှေသပြေများစိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းငုတ်၊ သပြေပန်းခက်အစည်း စသည်ဖြင့်ရောင်းချလျက်ရှိရာ တောသပြေပန်းခက်(၁)စီးလျှင်(၁၃၀၀)ကျပ်၊ တောသပြေငုတ်အကြီး(၁)ငုတ်လျှင်(၅၀၀၀)ကျပ်၊ အသေး(၁)ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀)ကျပ်၊ ရက် (၁၀၀)သပြေငုတ် (၁)ငုတ်လျှင်(၃၀၀၀)ကျပ်နှင့် အာဆီယံသပြေ(၁)စည်းလျှင် (၇၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တိုဘာလ၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း တောသပြေပန်းခက်(၁)စီးလျှင် (၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊   ပန်းရောင်းချသူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဘိုပဲဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန် ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

           ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ပထမအပတ်တွင် ရောင်းချသည့် ဘိုပဲဈေးနှုန်းမှာ ()ပြည်လျှင်(၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည် လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချ သည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင်အရောင်းအဝယ်ဖြစ်နေသည့် ငရုပ်သီးခြောက်နှင့် ငရုတ်သီးမှုန့်

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးစိမ်း၊ ငရုပ်သီး ခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစသည့် မီးဖိုချောင်သုံးပစ္စည်းတို့ကို ကန့်ဘလူဒေသ ထွက်နှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ငရုပ်သီးခြောက်အညှာလွတ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငရုပ်သီးခြောက်အညှာပါ တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်၊ အိန္ဒိယခြောက်(အပု)တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၀၀၀)ကျပ်၊ ငရုပ်သီးမှုန့်(၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင် ထံမှသိရှိရပါသည်။

DOCA (စစ်ကိုင်း)

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသော မုန့်ညှင်းဖြူထုပ်နှင့် ဆလပ်ရွက်

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုပ်၊ ‌ရွှေပဲသီး၊ မုန့်ညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဆလပ်ရွက်နှင့် မုန့်ညှင်းဖြူထုတ်ကိုတို့ကို ရောင်းချလျက်ရှိရာ မန္တလေးမြို့နှင့် ရှမ်းပြည် နယ်တို့မှမှာယူရောင်းချကြောင်း သိရှိရသည်။

         ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသည့် မုန်ညှင်းဖြူထုပ်ဈေးနှုန်းမှာ မုန့်ညှင်းဖြူထုပ် လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ လက်က္ကားတစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်၊ ဆလပ် ရွက်အပင်ကြီး(၁)ပင်လျှင် (၅၀၀)ကျပ်၊ အလတ်(၁)ပင်လျှင် (၄၀၀)ကျပ်နှင့် အသေး(၁)ပင်လျှင် (၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဆလပ်ရွက်နှင့် မုန့်ညှင်းဖြူထုပ်ကို စားသောက်ဆိုင်များက အဓိကဝယ်ယူလျက်ရှိပြီး အိမ်ရှင်မများကလည်းဝယ်ယူကြောင်း ဟင်းသီး ဟင်းရွက်ရောင်းချသူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

 

မုံရွာမြို့တွင် ရောင်းချနေသော ထောပတ်သီး နှင့် ဖီးကြမ်းငှက်ပျောသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင်  ထောပတ်သီးနှင့် ဖီးကြမ်းငှက်ပျောသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြပါသည်။ မုံရွာမြို့နယ်ဒေသ အတွင်း စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ပြီး  ဥယျာဉ်ခြံ စိုက်ပျိုး လုပ်ကိုင်ရာတွင် ရာသီစာ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသလို ဖီးကြမ်းငှက်ပျောကိုလည်း အများအပြား စိုက်ပျိုး ကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေးရှိ  သစ်သီးဆိုင်များတွင် ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၉၀၀) ကျပ် ၊ ဖီးကြမ်းငှက်ပျောသီးဈေးနှုန်းမှာ    ငှက်ပျောတစ်ဖီးလျှင် (၂၅၀၀-၃၅၀၀) ကျပ် ဖြင့်ရောင်းချပြီး ဖီးကြမ်းငှက်ပျောသီးကို ဈေးကွက် အတွင်းတွင် အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်းမြင့်တက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဒေသအတွင်းမှထွက်ရှိသည့် သဘာဝမျှစ်များ၊ စိုက်မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်အဖြစ် ရောင်းချသလို မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်စိမ်း နှင့်မျှစ်ပြုတ်ဈေးနှုန်းမှာ မျှစ်စိမ်း(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မျှစ်ပြုတ်(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တိုဘာလ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မျှစ်စိမ်း(၁)ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် မျှစ်ပြုတ်(၁)ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက် လာကြောင်းဈေးသည်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဂေါ်ရခါးညွန့် နှင့် ပန်းဂေါ်ဖီ ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ဂေါ်ရခါးညွန့်နှင့် ပန်းဂေါ်ဖီများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို အရောင်းအဝယ် ကောင်း နေကြောင်းသိရှိရပါသည်။ ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေးရှိ  ဂေါ်ရခါးညွန့်ဈေးနှုန်းမှာ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီစိမ်းစျေးနှုန်း (၂၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း