ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းပဲလွမ်း စိုက်ပျိုးထားရှိမှု

           ငါန်းဇွန်မြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းပဲလွမ်းကို လျာထားဧက(၃၅၄၀) ရှိပြီး အောက်တိုဘာလကုန်ထိ စိုက်ပျိုးပြီးစီးမှုမှာ (၁၁၃၅)ဧက ရှိကြောင်း သိရသည်။ ယခင်နှစ် လျာထား ဧက(၃၆၄၀)ဧက၊ စိုက်ပျိုးဧက (၂၁၂၇)၊ အထွက်နှုန်းမှာ(၁၀.၅၀)တင်းနှင့် အထွက်တင်းပေါင်း (၂၂၃၃၄) တင်းရှိကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ ထွက်တိုးဖြူ မျိုးကိုသာ အဓိကစိုက်ပျိုးကြောင်း၊ မြစ်ကမ်းဘေးကျေးရွာများအပြင် မိုးကောင်းရေသောက်ကုန်းမြေများတွင်လည်း စိုက်ပျိုးကြောင်း၊ ယခင်နှစ် ပဲလွမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၈၀၀/၄၀၀၀)ကျပ်ရှိပြီး စိုက်ပျိုးမှုများသော ကျေးရွာ များမှာ မြစ်ရိုးတစ်လျှောက်ကျေးရွာများဖြစ်သည့် သားကျင်၊ ရေလည်သောင်၊ ကုလားရွာ၊ မြောက်ကျွန်း၊ ထနောင်းပင်၊ အောက်ရိုး၊ ကံဘို၊ ဆူးဖြူကုန်း၊ သံကုန်း၊ တောင်ကုန်း စသည်တို့ဖြစ်ပြီး၊ ရောင်းချမှုအနေဖြင့် မန္တလေးမြို့၊ တံတားဦးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA (မန္တလေး)   

မြင်းခြံမြို့ရှိ My RO သိုလှောင်ရုံများကွင်းဆင်း

            မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း ထည့်သွင်းပေးနိုင်ရေး၊ ရေးသွင်းသော စာရင်းအချက်အလက်များနှင့် မြေပြင်ရှိ ကုန်လက်ကျန် စာရင်းကိုက်ညီမှုရှိ/မရှိ  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၆.၁၁.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ‘‘ရန်သူအောင်’’ ဆန်သိုလှောင်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်း ရှင်များအနေဖြင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်မှုရှိရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်းပိုင်ရှင်များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေး ဆွေးနွေး၍ မြေပြင်ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                         DOCA (မန္တလေး)

၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းပဲပုတ် စိုက်ပျိုးထားရှိမှု

               ငါန်းဇွန်မြို့နယ် မြစ်ကမ်းဘေးကျေးရွာများသည် ရေကျပြီး သီတင်းကျွတ်ရောက်လျှင် ဆောင်းပဲများ စတင်စိုက်ပျိုးကြပါသည်။   ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းပဲပုတ်ကို လျာထားဧက (၁၅၆၀) ရှိပြီး ယခုအခါ စိုက်ပျိုးပြီးစီးမှုမှာ (၁၀၆၁)ဧက ရှိကြောင်း သိရသည်။ ယခင်နှစ် လျာထားဧက (၁၅၅၀)ဧက၊ စိုက်ပျိုးဧက (၁၂၇၉)၊ အထွက်နှုန်းမှာ(၁၂.၉၀)တင်းနှင့် အထွက်တင်းပေါင်း (၁၆၄၉၉) တင်းရှိကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ ရေဆင်း-၈ မျိုးကိုသာ အဓိကစိုက်ပျိုးကြောင်း၊ ယခင်နှစ် ပဲပုတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀/၃၆၀၀)ကျပ်ရှိပြီး စိုက်ပျိုးမှုများသော ကျေးရွာများမှာ သားကျင်၊ ရေလည်သောင်၊ ကုလားရွာ၊ မြောက်ကျွန်း၊ ထနောင်းပင်၊ အောက်ရိုး၊ ကံဘို စသည့် တို့ဖြစ်ပြီး၊ ရောင်းချမှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA (မန္တလေး)

ငါန်းဇွန်မြို့နယ် ဆောင်းစွန်တာပြာ စိုက်ပျိုးထားရှိမှု

              ငါန်းဇွန်မြို့နယ် မြစ်ကမ်းဘေးကျေးရွာများသည် ရေကျပြီး သီတင်းကျွတ်ရောက်လျှင် ဆောင်းပဲများ စတင်စိုက်ပျိုးကြပါသည်။   ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းစွန်တာပြာပဲကို လျာထား ဧက(၄၀၀၅) ရှိပြီး ယခုအခါ စိုက်ပျိုးပြီးစီးမှုမှာ (၁၈၀၅)ဧက ရှိကြောင်း သိရသည်။ ယခင်နှစ် လျာထားဧက (၄၀၀၀)ဧက၊စိုက်ပျိုးဧက (၃၆၁၂)၊ အထွက်နှုန်းမှာ(၁၃.၀၀)တင်းနှင့် အထွက်တင်းပေါင်း (၄၆၉၅၆)တင်းရှိကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ မုံရွာအထွက်တိုးနီ မျိုးကိုသာ အဓိကစိုက်ပျိုးကြောင်း၊ ပေါ်ဦးပေါ်စအချိန် စွန်တာပြာတစ်ပိဿာဈေးနှုန်းမှာ (၃၇၀၀/၃၈၀၀)ကျပ်ရှိပြီး စိုက်ပျိုးမှုများသော ကျေးရွာများမှာ သားကျင်၊ ရေလည်သောင်၊ ကုလားရွာ၊မြောက်ကျွန်း၊ ထနောင်းပင်၊ အောက်ရိုး၊ ကံဘို စသည့် ရွာများဖြစ်ပြီး၊ စွန်တာပြာစိုက်ပျိုးမှုအနေဖြင့် နွားစာအတွက်လည်း ဖူလုံမှုရှိကြောင်း၊ ရောင်းချမှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA (မန္တလေး)

ငါန်းဇွန်မြို့နယ် ဆောင်းပဲတီစိမ်း စိုက်ပျိုးထားရှိမှု

           ငါန်းဇွန်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းပဲတီစိမ်းများကို သီတင်းကျွတ်လတွင် စတင် စိုက်ပျိုးပြီး လျာထားဧက(၁၈၀၀) ရှိပြီး ယခုအခါ စိုက်ပျိုးပြီးစီးမှုမှာ (၅၇၀)ဧက ရှိကြောင်း သိရသည်။ ယခင်နှစ် လျာထားဧက(၁၈၀၀)ဧက၊ စိုက်ပျိုးဧက (၁၃၀၇)၊ အထွက်နှုန်းမှာ(၁၂.၈၅)တင်းနှင့် အထွက် တင်းပေါင်း (၁၆၇၉၅)တင်းရှိကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာရေဆင်း-၁၄နှင့်ရေဆင်း-၁၁မျိုးများကိုသာအဓိကစိုက်ပျိုးကြောင်း၊ယခင်နှစ်ပေါ်ဦးပေါ်စအချိန်ပဲတီစိမ်းတစ်ပိဿာဈေးနှုန်းမှာ(၃၀၀၀/၃၂၀၀)ကျပ်ရှိပြီး စိုက်ပျိုးမှုများသော ကျေးရွာများမှာ ဘုရားထူး၊ ရွာသစ်၊ ကုလား ရွာ၊ ကျောက်တလုံး၊ သာစည်စသည့်တို့ဖြစ်ပြီး ရောင်းချမှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA (မန္တလေး)

  မြင်းခြံမြို့ အေးမြသီတာဈေးရှိ ရုံးပတီသီးဈေးနှုန်း

         မြင်းခြံမြို့နယ် အေးမြသီတာဈေးသည် သီးနှံ၊ သားငါး၊ ငါးပိ၊ ငါးခြောက်၊ ကုန်မျိုးစုံရောင်းချသော ဈေးဖြစ်သည်နှင့်အညီ သီးနှံများကိုလည်း ဒေသတွင်း၊ မန္တလေး၊ ပြင်ဉီးလွင်၊ ပခုက္ကူ၊ ပုပ္ပား စသည့် နေရာဒေသစုံမှ ဝယ်ယူရောင်းချပါကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် နိုဝင်လဘာလ ပထမပတ်တွင် ရောင်းချနေသော ရုံးပတီသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ် ၊(၁)ပိဿာလျှင် (၃၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ရုံးပတီသီးသည် ကျန်းမာရေးအနေဖြင့် ဆီးချိုကို ထိန်းညိှပေးခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊ သွေးအား နည်းရောဂါကို ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ ကိုလက်စရော(သွေးတွင်း အဆီဓာတ်) ကျစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်းနှင့် အမြင်အာရုံကောင်းစေကြောင်းလည်း သိရသည်။ ရုံးပတီသီးကို ကြက်ဥဖြင့် ကြော်ချက်၍လည်းကောင်း၊ ပုဇွန်ခြောက်ဖြင့်လည်းကောင်း ၊ ချဉ်ပေါင်ရွက်နှင့် အချဉ်ရည်ဟင်းချက်၍ လည်းကောင်း၊ အတို့အမြှပ်ပြုလုပ်၍လည်းကောင်း စသည်ဖြင့် ချက်ပြုတ်စားသောက်ကြသူများသောကြောင့် အရောင်းအဝယ်ကောင်းသော သီးနှံတစ်မျိုးဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)

၂၀၂၅-၂၀၂၆ ခုနှစ် ငါန်းဇွန်မြို့နယ် စပါးစိုက်ပျိုးထားရှိမှု

          မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးလျာထားဧက (၅၅၃၅)ဧက၊ စိုက်ပျိုးဧက (၄၀၉၂)ဧကစိုက်ပျိုးပြီး သက်ဆိုင်ရာဌာနစာရင်းအရသိရသည်။ စိုက်ပျိုးသော မျိုးများမှာ မနောသုခစပါး (၄၀၄၁)ဧကနှင့် အောင်နိုင်တိုးစပါး (၅၁)ဧက စိုက်ပျိုးထားကြောင်း သိရ သည်။  ယခင်နှစ် နွေစပါးထွက်ပေါ်ချိန်တွင် စပါးတစ်တင်းကို (၈၅၀၀/၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်နှင့် ရောင်းချရကြောင်း သိရသည်။ ဆည်ရေ သောက်စနစ်ဖြင့် (၄၅၀)ဧက၊ မြစ်ရေတင်စနစ်ဖြင့် (၅၅၇)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၁၉၈၉)ဧက နှင့် အခြားနည်းလမ်း(စက်ရေတွင်း၊ မြစ်ရေဝင်)ဖြင့် (၁၀၉၆)ဧကစိုက်ပျိုးကြောင်းလည်း သိရသည်။ စပါးစိုက်ပျိုးသော ကျေးရွာများမှာ သားကျင်၊ ဆင်ဖြူကုန်း၊ ငါန်းမြာ၊ မိုးထောင်၊ မရိုးကုန်း၊ ကုလရွာ၊ ဆင်တပ်၊ ရွာဘို၊ ရွာသစ်၊ ကျောက်တလုံးကျေးရွာများတွင် စိုက်ပျိုးကြောင်း သိရသည်။

DOCA (မန္တလေး)

 

၂၀၂၅-၂၀၂၆ ခုနှစ် နှံစားပြောင်း စိုက်ပျိုးထားရှိမှု

             ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သောမြို့နယ် တစ်မြို့ဖြစ်ပါ သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နှံစားပြောင်းလျာထားဧက (၁၁၈၉၀)ဧက  လျာထားခဲ့ပြီး စိုက်ပျိုးဧက (၁၂၈၆၄)ဧက စိုက်ပျိုးခဲ့ပြီး (၉၇၄)ဧက ပိုမိုစိုက်ပျိုးခဲ့ကြောင်း သိရသည်။  အထွက်နှုန်းအနေဖြင့် (၁၀.၆၅)တင်း ထွက်ရှိပြီး အထွက်တင်းပေါင်း( ၁၃၇၀၀၂)တင်း ထွက်ရှိကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် နှံစားပြောင်း လျာထားဧက(၁၂၈၆၄)ဧက လျာထားခဲ့ပြီး စိုက်ပျိုးမှု(၁၂၇၃၆) ဧက စိုက်ပျိုးထား ကြောင်း သက်ဆိုင်ရာဌာနစာရင်းအရ သိရှိရသည်။ ငါန်းဇွန်မြို့နယ်သည် မိုးကောင်းရေသောက် မြို့နယ်ဖြစ်သောကြောင့် နွားစာတိရစ္ဆာန်အစာရှားပါးသောကြောင့်နှံစားပြောင်းကို နွေရာသီနွားစာ ရှားပါးချိန် နွားစာဖူလုံရန်အတွက် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်နှင့် တံတားဦးမြို့နယ်များတွင် ဆည်ရေဖြင့်စိုက်ပျိုးသောနှမ်းစိုက်ခင်းများ  ပေါ်ချိန်တွင် နွားစာများ သွားရောက်ဝယ်ယူရပါကြောင်း သိရသည်။

DOCA (မန္တလေး)

၂၀၂၅-၂၀၂၆ ခုနှစ် ငါန်းဇွန်မြို့နယ်၏ ဖူးစားပြောင်းစတင်ရိတ်သိမ်း

           ငါန်းဇွန်မြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ် ဖူးစားပြောင်း(မိုး)လျာထားဧက( ၂၇၄၂)ဧက၊ စိုက်ပျိုး ဧက(၃၆၆၉)ဧက၊ အထွက်နှုန်း(၁၂၀၀၀)ဖူးနှင့် အထွက်ပေါင်း(၄၄၀၂၈၀၀၀)ဖူး ထွက်ရှိကြောင်းသိ ရသည်။ ဆောင်းဖူးစားပြောင်း လျာထားဧကမှာ(၂၆၂၇)ဧက၊ စိုက်ပျိုးဧကမှာ (၆၁၆၉) ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်း(၁၂၀၀၀)ဖူးနှင့် အထွက်နှုန်းပေါင်း (၇၄၀၂၈၀၀၀)ဖူး ထွက်ရှိကြောင်း သိရသည်။ စိုက်ပျိုး သောမျိုးမှာ ဒေသခေါ် သူတော်မျိုးကိုအများဆုံး စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစုနှင့် လုပ်သားခ အပါအဝင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၅) သိန်းကျပ်ဝန်းကျင်ခန့် ကုန်ကျပါကြောင်း၊ပေါ်စချိန်တွင် (၂၅၀/၃၀၀)ကျပ်ခန့် ဖောက်သည်ဈေးဖြင့် ရောင်းချရပါကြောင်း၊ မန္တလေးမြို့နှင့် ငါန်းဇွန်မြို့မဈေး သို့ ရောင်းချကြပါကြောင်း သိရှိရသည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် ဖူးစားပြောင်း(မိုး) လျာထားဧက (၂၇၇၈)ဧကရှိပြီး၊ စိုက်ပျိုးဧက(၂၈၇၂)ဧကပြီး ရိတ်သိမ်းပြီးစီးမှုမှာ(၁၃၈)ဧကရှိပြီးတစ်ဧကလျှင်အထွက်နှုန်းမှာ(၁၂၀၀၀)ဖူးထွက်ရှိကြောင်း အထွက်စုစုပေါင်းမှာ(၁၆၅၆၀၀၀)ဖူး ဖြစ်ကြောင်းသိရသည်။ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် နွားစာအဖြစ် ပြောင်းရိုးများကိုလည်း ပြန်လည်ရောင်းချရသည့်အတွက် တွက်ခြေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ပြောင်းစိုက်တောင်သူတစ်ဦး၏ပြောပြချက်အရ သိရသည်။

DOCA (မန္တလေး)

ငါန်းဇွန်မြို့နယ်၌ မိုးမြေပဲများ ရိတ်သိမ်းပြီးစီး

           မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံနှင့် စားဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသီးနှံများမှ ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီတွင်စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်မိုးမြေပဲစိုက်ပျိုးမှုအနေဖြင့် (၂၁၅၈၇)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၂၂၂၆၉)ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ မျိုးအသုံး ချမှုအနေဖြင့် တစ်ဧကလျှင်(၁၈)ပြည်ခန့်ထည့်သွင်းစိုက်ပျိုးကြပါသည်။တစ်ဧကပျမ်းမျှအထွက်နှုန်း အနေဖြင့်(၄၈.၀၇)တင်းထွက်ရှိခဲ့ပြီး ရာသီချိန်မြေပဲတစ်တင်းဈေး အနေဖြင့်(၃၀၀၀၀/၃၅၀၀၀) ကျပ် ရှိခဲ့ပါသည်။ မိုးမြေပဲမှာ ဆောင်းမြေပဲနှင့်နှိုင်းယှဉ်လျှင် အထွက်နှုန်းလျော့နည်းကြောင်း သိရသည်။ ယခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၁၈၂၈၃) ဧကရှိပြီး၊ စိုက်ပျိုးပြီးစီးမှုမှ (၁၉၈၄၃) ဧကဖြစ်ပါကြောင်း၊ မိုးမြေပဲစိုက်ပျိုးမှုအများဆုံးအနေဖြင့် စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့်ကုန်းသာကျေးရွာ စသည့် ကျေးရွာများဖြစ်ပါသည်။ ယခုနှစ် မြေပဲမျိုးဈေးအနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်ဈေးများရှိခဲ့ပြီး မြေပဲတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများအပါ အဝင်(၄၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျမှုရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀) ကျပ်ဝန်းကျင်ရှိပြီး ထွက်ရှိသောမြေပဲများကို ဒေသတွင်းစားသုံးရန်ကြိတ်ခွဲမှုရှိသလို ရောင်းဝယ်မှု ဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက် ရင်းဖြင့်သော်လည်းကောင်း၊ ကားတင်ပေး၍သော်လည်းကောင်း အများဆုံးရောင်းချကြပါသည်။ တောင်သူများအတွက် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုကောင်းမွန်ရန်လိုအပ်သလို ရေခံမြေခံနှင့်မျိုးစေ့များလည်း ကောင်းမွန်၍ ဈေးကွက်ခိုင်မာမှုရှိမှသာ သင့်တင့်လျှောက်ပတ်သော အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ပါသည်။

DOCA (မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း