မြင်းခြံမြို့၏ ဈေးတည်ငြိမ်နေသောစပါးလင်ဈေးနှုန်း

Powered by Drupal

    စပါးလင်သည် ရာသီဥတုအေးသောဒေသများတွင် စိုက်ပျိုးလေ့ရှိကြောင်း၊ စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်မှာ မျိုးကွဲပေါ်မူတည်၍ ကွဲပြားလျက်ရှိကြောင်း သိရသည်။ မြင်းခြံဒေသအတွင်း စိုက်ပျိုးထားသော ဆောင်းစပါးလင်များကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုး၍ ရိတ်သိမ်းချိန်မှာ နွေနှောင်းပိုင်းဖြစ်သော မေလနှင့် ဇွန်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အပင်ကြီးထွားမှု ကာလမှာ (၈-၉) လကြာမြင့်ကြောင်း၊ ယခု အချိန်မှာ ဒေသတွင်း စပါးလင်များထွက်ပေါ်ချိန်ဖြစ်၍ ဟင်းခက်အမွှေးအကြိုင်အဖြစ် ဈေးနှုန်း သက်သာစွာ စားသုံးရကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရောင်းချနေသော ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ စပါးလင် ၄ ပင်ပါတစ်စီးလျှင် (၅၀၀) ကျပ်စပါးလင် ၈ ပင်ပါတစ်စီးလျှင် (၁၀၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်တွင် စားသုံးမှုများသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ စပါးလင်ကို အစား အသောက်ချက်ပြုပ်ရာတွင် ဟင်းခက်အမွှေးအကြိုင်အဖြစ် အသုံးပြုခြင်း၊ ကြက်ပေါင်းရည်ပြုလုပ်ရာတွင် စပါးလင်ကို အသုံးပြုခြင်းကြောင့် အာဟာရပြည့်ဝကြောင်း၊ ကျန်းမာရေးအတွက် အာဟာရဆေးဖက်ဝင်ကြောင်း သွေးတွင်း သကြားဓာတ်ကို ထိန်းပေးသောကြောင့် ဆီးချိုရောဂါကို ကာကွယ်ခြင်း၊ ကိုလက်စထရောလျှော့ချပေးသောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း၊ အရေပြား၊ ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးခြင်းကြောင့် ဟင်းခက်အမွှေးအကြိုင်အဖြစ် အသုံးပြုသောစပါလင်သည် အာဟာရပြည့်ဝပြီး ကိုယ်ခံမြှင့်တင်ပေးကြောင်းသိရှိရသည်။

DOCA(မန္တလေး)