မိတ္ထီလာဘိလပ်မြေဈေးကွက်

Powered by Drupal

         မိတ္ထီလာ ဈေးကွက်အတွင်း ယခုဒီဇင်ဘာလ ပထမအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၆၈၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၆၈၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင် (၁၆၆၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် Alpha ဘိလပ်မြေတစ်အိတ်လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလာပြီး အပါချီဘိလပ်မြေနှင့် ကြံ့နှစ်ကောင်ဘိလပ်မြေတို့မှာ ဈေးငြိမ်နေကြောင်း သိရသည်။ ယခုနှစ်အဝယ်အေးနေခြင်းကြောင့် စက်ရုံထုတ် ဈေးများကျဆင်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ မိတ္ထီလာမြို့သို့ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများဝင်ရောက်ပြီး မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များမှ ဝယ်လက်များသို့ ရောင်းချရကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)