
မိတ္ထီလာဆန်ဈေးကွက်အတွင်း ဒေသတွင်းထွက်ရှိသော ဆန်များအပြင် ရွှေဘို၊ ဧရာဝတီ၊ မကွေးတိုင်းဒေသကြီးများမှ ဝင်ရောက်လာသော ဆန်အမျိုးအစား အလိုက်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်တွင် အရပ်ပဒေသာ၊ ကုန်စောင်းပဒေသာ၊ အောက်ပြည် မနောသုခ၊ အရပ်သုခ စသည့် ဆန်အမျိုးအစားများမှာ အရောင်းသွက်လျက်ရှိပါသည်။
ဒီဇင်ဘာလဆန်း၌ ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ရန်ကုန်ပေါ်ဆန်း(၂၄)ပြည်တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ ရွှေဘိုပဒေသာ (၂၄)ပြည်တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ကုန်းစောင်းပဒေသာ(၂၄) ပြည်တစ်အိတ်လျှင်(၁၄၀၀၀၀)ကျပ်၊ အောက်ပြည်သုခ(သစ်) (၂၄)ပြည်တစ်အိတ်လျှင်(၅၀၀၀၀)ကျပ်၊ အောက်ပြည်သုခ(ဟောင်း) (၂၄)ပြည်တစ်အိတ်လျှင်(၆၅၀၀၀)ကျပ်၊ မနောသုခ(ဟောင်း) (၂၄)ပြည် တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ မနောသုခ(သစ်) (၂၄)ပြည်တစ်အိတ်လျှင် (၅၀၀၀၀)ကျပ်၊ ရက်(၉၀)(ဟောင်း) (၂၄)ပြည်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ရက်(၉၀)(သစ်) (၂၄)ပြည်တစ်အိတ် လျှင် (၄၅၀၀၀)ကျပ်၊ ရွှေဘိုမဂျမ်းတော(၂၄)ပြည်တစ်အိတ်လျှင်(၆၈၀၀၀)ကျပ်၊ အရပ်သုခ(ဟောင်း) (၂၄)ပြည်တစ်အိတ်လျှင်(၈၀၀၀၀)ကျပ်၊ အရပ်သုခ(သစ်) (၂၄)ပြည်တစ်အိတ် လျှင်(၆၅၀၀၀) ကျပ်ရှိ ပြီး၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများ ငြိမ်နေကြောင်းသိရသည်။ မိတ္ထီလာမြို့ရှိ ဆန်ပွဲရုံများအနေဖြင့် မိတ္ထီလာ၊မလှိုင်၊ သာစည်မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချကြကြောင်း ဆန်ပွဲရုံများထံ သိရှိရပါသည်။
DOCA(မန္တလေး)
