ဒီဇင်ဘာလဆန်း၌ ကြက်သားဈေးကျဆင်း

Powered by Drupal

   မိတ္ထီလာဈေးကွက်၌ ဒီဇင်ဘာလဆန်းပိုင်းတွင် ကြက်သားဈေးကျဆင်းလာကြောင်းသိရသည်။ နိုဝင်ဘာလလယ်က CP ကြက်သားဈေးမှား အကောင်ဈေး (၂၀၄၀၀) ကျပ်၊ ရင်အုပ် (၂၅) ကျပ်သား (၇၀၀၀) ကျပ်၊ ပေါင်သား (၂၅) ကျပ်သား (၆၀၀၀) ကျပ်၊ အမြစ်အသဲတစ်စုံ (၂၀၀၀) ကျပ်၊ အရိုး (၂၅) ကျပ်သား (၄၀၀၀) ကျပ် ဈေးရှိခဲ့ပါသည်။ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းပိုင်းမှာတော့ CP ကြက် သား အကောင်ဈေး (၁၉၀၀၀) ကျပ်၊ ရင်အုပ် (၂၅) ကျပ်သား (၆၀၀၀) ကျပ်၊ ပေါင်သား (၂၅) ကျပ်သား (၅၀၀၀) ကျပ်၊ အမြစ်အသဲတစ်စုံ (၁၀၀၀-၁၇၀၀) ကျပ်၊ အရိုး (၂၅) ကျပ်သား (၂၅၀၀-၃၀၀၀) ကျပ်သို့ ဈေးနှုန်းကျဆင်းလာပါသည်။ ကြက်သားဈေးအတက်/အကျမှာ အစာဈေးအရ  အသားထုတ်လုပ်မှုအနည်းအများနှင့် ဝယ်လိုအားတို့အပေါ်မူတည်နေပြီး၊ နိုဝင်ဘာလက ကထိန်အလှူပွဲများနှင့် လက်ထပ်မင်္ဂလာပွဲများ၏ ဝယ်လိုအားများမှုကြောင့် ဈေးမြင့်ခဲ့ခြင်းဖြစ်ကြောင်း ဈေး ကွက်မှ သိရသည်။

DOCA(မန္တလေး)