
မိတ္ထီလာမြို့ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ရာသီပေါ်သီးနှံများကိုစိုက်ပျိုးရောင်းချ လျက်ရှိရာ ယခုအခါပဲစောင်းလျားသီးများကို မိမိတို့နေအိမ်ခြံဝင်းများတွင်လည်းကောင်း ၊ မိမိပိုင်ယာ တောများ တွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မိတ္ထီလာမြို့မဈေး ၊ ဘဲကန်(ကုန်စိမ်း)ဈေး နှင့်မြို့ပေါ် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်းသိရပါသည်။
ဈေးနှုန်းအနေဖြင့် မိတ္ထီလာဈေးကွက် ဒီဇင်ဘာလပထမပတ်တွင် ရောင်းချလျက်ရှိသော ပဲစောင်းလျားသီးဈေးနှုန်းမှာ(၂၅)ကျပ်သားလျှင် (၈၀၀-၁၀၀၀)ကျပ် ဖြင့်လည်းကောင်း ၊ ၁ပိဿာလျှင်(၃၀၀၀-၃၅၀၀)ကျပ် ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်းကုန်စိမ်းရောင်းချသူများ ထံမှ သိရပါသည်။
DOCA(မန္တလေး)
