
(၂၄.၆.၂၀၂၆)ရက်နေ့၊ နေလယ်(၁၃:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်အတွင်းရှိ လိုတိုင်းရသောက်ရေ သန့်စက်ရုံ၊ UNT သောက်ရေသန့်လုပ်ငန်း ၂ခု အား မြို့နယ်ကျန်းမာရေး၊မြို့နယ် စည်ပင်တို့နှင့်ပူးပေါင်း၍ဈေးကွက်မရောက်မီ ထုတ်လုပ်ဖြန့်ဖြူးဿောကုန်စည်များအား ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရေသန့်စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးသော ရေသန့်ဗူးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားပြည်စုံမှု ရှိ/မရှိနှင့် FDA ထောက်ခံချက်ရရှိပြီး ထုတ်လုပ်ကုန်စည်များ သန့်ရှင်းမှုရှိစွာ ထုတ်လုပ်မှုကျင့်စဉ်အတိုင်း ဆောင်ရွက်ထားခြင်းရှိ/မရှိ ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး စက်ရုံပိုင်ရှင်အား သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ တွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
