သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လှည်းကူးမြို့နယ်အတွင်း ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          (၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လှည်းကူး မြို့နယ်ခွဲတာန်ခံ ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးသည် မြို့နယ်အတွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ပြတ်လပ်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်း ဘိလပ်မြေလက်ကျန်စာရင်းများအား စာရင်း ကောက်ယူပြီး တင်ပြလျက်ရှိရာ လှည်းကူးခရိုင်အတွင်း ဘိလပ်မြေ လက်လီ/လက်ကား အရောင်းဆိုင်များ၌ မြေပြင်လက်ကျန်အခြေအနေနှင့် ဈေးကွက်အခြေအနေများကို စာရင်း ကောက်ယူ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမျိုးအေး၊ ဦးစီးအရာရှိပါ ဝန်ထမ်း (၃)ဦးတို့သည် (၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ် အတွင်းရှိ ဘိလပ်မြေလက်လီ/လက်ကားအရောင်းဆိုင်များသို့ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိနှင့် မြေပြင် လက်ကျန်အခြေအနေများ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စော်ဘွားကြီးကုန်းဝင်းအတွင်းရှိ ဘိလပ်မြေဆိုင်များ ဖြစ်သော မဟာဖန်တီးရှင်၊ ရတနာတောင်၊ အဲဗား၊ မင်းမင်း(နိုင်မိသားစု)ဆိုင်များသို့ သွားရောက် ၍ ဆိုင်ပိုင်ရှင် များနှင့်တွေ့ဆုံကာ ရောင်းချသည့်အမျိုးအစား၊ အမျိုးအစားအလိုက် ယခင်လ ရောင်းဈေးနှင့် ယခုလ‌ရောင်းဈေး၊ ဆိုင်တွင်းလက်ကျန်အရေအတွက်၊ ဘိလပ်မြေပြတ်လပ်မှုရှိ/ မရှိတို့ကိုကွင်းဆင်း စစ်ဆေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

က်ကြီးမြို့နယ် မတ်ပဲစိုက်ကွင်းများသို့ ကွင်းဆင်း

အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံဝယ်လိုအားကောင်းပြီး ဈေးကွက်ရှိသော်လည်း ပြည်ပဝယ်လက် များ မိမိနိုင်ငံအတွင်း စိုက်ကွင်းထဲထိဆင်း၍ ‌ဈေးနှိမ်ဝယ်ယူခြင်းများ မရှိစေရေး မူဘောင် အတွင်းမှ ထိန်းကျောင်းဆောင်ရွက်ရမည်ဖြစ်ရာ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲဆောင်းသီးနှံများ စတင်ရိတ်သိမ်းလျက်ရှိသည့် အတွက် မတ်ပဲဆောင်းသီးနှံစတင်ရိတ်သိမ်းလျက်ရှိရာ ပြည်ပဝယ်လက်များ မရှိစေရေး စားသုံးသူ ရေးရာဦးစီးဌာနမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်သည် (၁၇.၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်း ကျေးရွာဥက္ကဌ ဦးကျော်သူနှင့်မတ်ပဲစိုက်တောင်သူများ၏ စိုက်ကွင်းအထိ သွားရောက်၍ ပြည်ပဝယ် လက်များဈေးနှိမ်ဝယ်ယူခြင်းမရှိစေရေး တောင်သူများမှ မရောင်းချ ရေး ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

 

မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆပ်ပြာမှုန့် အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

၂၁.၁.၂၀၂၅ ရက်နေ့ နေ့လည်(၁၃:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီ မြို့နယ်ခွဲရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မှော်ဘီ မြို့နယ်၊ မြို့မဈေးအတွင်းရှိ ရောင်းချနေသော ဆပ်ပြာမှုန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မြို့မဈေးအတွင်းရှိ ရောင်းချလျက်ရှိသော ဆပ်ပြာမှုန့် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး မည်သည့်ကုန်ပစ္စည်း မဆို ကုန်အညွှန်းအမှတ်အသား မပြည့်စုံသည့်ကုန်စည်များအားရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

 ၂၁.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၁၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ City Mart (ကျန်စစ်မင်း)တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် City Mart (ကျန်စစ်မင်း)မှ တာဝန်ခံဒေါ်မျိုးမျိုးမြင့်အောင်ပါ (၃)ဦး ပူးပေါင်းပါဝင်လျက် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်းဆည်းမှု အညွှန်းများ အားလုံး ဖော်ပြထားသည် ကိုစစ်ဆေးတွေ့ရှိရပြီး တာဝန်ခံအား သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချသွားရန်နှင့် စားသုံးသူ ကာကွယ်ရေးအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်တာဝန်များကိုလည်း လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်

(၂၁.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် Online Sales မှတ်ပုံတင်ထားသော မင်္ဂလာဒုံမြို့နယ်ရှိ ကျောက်မျက်တို့ဆုံဆည်းရာနေရာ Online Sales လုပ်ငန်းသို့ မှတ်ပုံတင် လျှောက် ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မင်္ဂလာဒုံမြို့နယ်၊ မဥ္ဇူသကလမ်းသွယ်(၂)၊ အပိုင်း(၇) ပေါက်ကုန်းရပ်ကွက် ဒေါ်ဖြိုးဝေလွင်၊ ကျောက်မျက်တို့ဆုံဆည်းရာနေရာ Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်းလျှောက်ထားသည့်အချက်များ (၁၈)ချက်နှင့် မြေပြင်တွင် သွားရောက် စစ်ဆေး သည့်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင် ၏ လိုက်နာ ရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါး(Seeder)တိုးချဲ့စိုက်ပျိုးရေး

          တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ဥတိုကျေးရွာတွင် နွေစပါးအထွက်တိုးစေရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး(Seeder)ဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် (၂၀.၁.၂၀၂၅)နေ့တွင် လှုံဆော်ဆွေးနွေးခြင်း၊ ကွင်းလက်တွေ့စိုက်ပျိုးခြင်းကို နံနက်(၉:၀၀)နာရီအချိန် တောင်သူ ဦးထွန်းထွန်း လယ်မြေ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသူအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစိုးနိုင်တို့မှ နွေစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးမည့်အခြေအနေ ရှင်းလင်းပြသ၍ တောင်သူဦးထွန်းထွန်း၏ လယ်ယာမြေ (၅)ဧကကို တိုက်ရိုက်မျိုးစေ့ချခြင်းအား ကွင်းအတွင်းသရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အလှကုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 ၂၁.၁.၂၀၂၅ ရက်နေ့ နံနက်(၁၁:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံစွာဖော်ပြ ပါဝင်ခြင်း ရှိ/မရှိ သက်တမ်းလွန် အလှကုန်များ ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေးကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အလှကုန်ပစ္စည်း အမျိုးမျိူးရောင်းချသော City Mart (ကျန်စစ်မင်း) တာဝန်ခံအား မိမိရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်စည်များကိုသာ ရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်ဖြစ်ပါက ရောင်းချခြင်းများ မပြုလုပ် ရန်၊ အလှကုန်ပစ္စည်းများတွင် ဖော်ပြရမည့်  ကုန်အညွှန်းအမှတ်အသား အချက်အလက်များ ပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးခြင်း၊ အလှကုန်ပစ္စည်းအမျိုးမျိုး၌ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ပြ ထားရှိသော ကုန်စည်များကိုသာရောင်းချရန် တာဝန်ခံအား ပြောကြားခဲ့ပြီး သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်စစ်ဆေးခြင်း

 ၂၀.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ City Mart အတွင်းဖွင့်လှစ်ထားသော City Care ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား ဈေးကွက်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင်  ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ရာ ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ခံအား တရားမဝင် ဆေးဝါးများ ရောင်းချမှု မပြုစေရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီအမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

၂၀.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၃၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ City Mart ကျန်စစ်မင်းတွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာရှိ City Mart မှ တာဝန်ခံ ဒေါ်မျိုးမျိုးမြင့်အောင်မှ ပူးပေါင်းပါဝင်လျက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြကြောင်း စိစစ်တွေ့ရှိရပြီး FDA ထောက်ခံ ချက်များလည်းပါရှိကြောင်း၊ ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းကို အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ