သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်ပန်းတောင်းမြို့ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ

၂၀၂၅ ခုနစ်၊ ဇန္နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး) ညောင်ဦးခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဒေါ်စိုးစိုးအေး တို့သည် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့သည်။

          ညောင်ဦးခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေး က လုပ်ငန်းရှင်များအနေဖြင့် စက်မှုလိုင်စင်လျှောက်ထားရန်၊ MSME ကဒ်များပြုလုပ် ရန်နှင့်MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးကူည ီပေးခြင်း၊ MSME လုပ်ငန်းများကြီးထွားလာစေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေ ရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင်ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေး ခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့်ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ သက်ဆိုင်ရာဌာန ခရိုင်ဦးစီးမှူးများမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၇၁)ဦးတက်ရောက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် MSME လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို နံနက် ၁၁:၀၀  နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး) 

မိတ္ထီလာခရိုင်အတွင်းရှိဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီး မှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအားရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၁၃.၁.၂၀၂၅)(၁၄.၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မိတ္ထီလာခရိုင်အတွင်းရှိ ဆန်ဆိုင် (၃) ဆိုင်အား ဆန်လက်ကျန်အခြေအနေ၊ ဆန် သိုလှောင် ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းမကြီးမြှင့်စေရေးအတွက် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကို မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး / ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြာင်း၊  ဆန်ဂိုဒေါင်၊ ဆန်ဆိုင်ကြီးများအား ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဆန်လက်ကျန်နှင့်ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေး၊ ဆန်ဈေးနှုန်းမြင့် တက်ရောင်းချခြင်းရှိ/မရှိနှင့် ဆန်များ ကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ ဆန်ဈေးနှုန်းမြင့်တင် ရောင်းချမှုမပြုလုပ်ရန် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး) 

 

 

“ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေးတွေ့ဆုံဆွေးနွေး”

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  သီရိမင်္ဂလာ (က)ရပ်၊ ချယ်ရီလမ်း၊ မိတ္ထီလာမြို့၌ “ဂုဏ်ရည်” စားသောက်ကုန်လုပ်ငန်းတွင် ထုတ်လုပ်ဖြန်ဖြူးရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူ ကာကွယ်‌ရေး ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန် အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇  ရက်နေ့တွင် စားသုံးသူရေးရာဦးစီး ဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ  “ဂုဏ်ရည်”  စားသောက်ကုန်လုပ်ငန်းတွင် အစိမ်းမြောင်းအမဲသား ခြောက်၊ အသင့်စားမီးကင်အမဲခြောက်ဖုတ်၊ အသင့်စားအမဲသားကြော်များအား ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ထို့နောက်ခရိုင်ဦးစီးမှူးမှ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုး စားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့် ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင်မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတွဲလျှက်ရှိစေဖော်ပြရမည့် အချက်အလက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက် ပေးပါရန်တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး) 

မိတ္ထီလာမြို့နယ်၊ မြို့မ (၄) (အလက) ကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း

မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ်၊ မြို့မ (၄) (အလက) ကျောင်းတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီချိန်တွင် စားသုံးသူကာကွယ် ရေးအသိပညာ ပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာ ဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များ နှင့်ပတ်သက်သော သတင်းအချက်အလက်များကိုရိုးရှင်းမှန်ကန်စွာ ဖော်ပြရန်တာဝန်ရှိ ကြောင်း လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်းအမှတ် အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက် နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိထုတ်ကုန်များကို ကုန်အညွှန်းအမှတ် အသားဖော်ပြရာ တွင် အခက်အခဲရှိပါကဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြား ကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့် အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများ တွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးမှားတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာ ဦးစီးဌာန၏ Website တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြော ပွဲတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/သူ စုစုပေါင်း ( ၉၇ ) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်း စာစောင် များလည်းဖြန့်ဝေခဲ့ပြီးဟောပြောပွဲကိုနံနက်(၁၁၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး) 

 

                                     

ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၀.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့ အမှတ်(၂) ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

          ဈေးကွက်အတွင်းရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ကုန်ပစ္စည်းပေါ်တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတွင် စားသုံးသူပြည်သူများနားလည်စေရန် မြန်မာဘာသာစကားဖြင့်ဖော်ပြထားမှု၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများအားရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ”

          ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ သည်။ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ(၂၀)ရက်နေ့၊နံနက်(၉:၃၀)အချိန်တွင် ကျောက်ဆည်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ၊ အနော်ရထာခန်းမ၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးမောင်ထူး (လက်ထောက်ညွှန်ကြားရေးမှူး)က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရ မည့်အကြောင်းအရာများ ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့် အမိန့်ကို ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၊ အမိန့်ကြော်ငြာစာအမှတ် ၊ ၅၀/၂၀၂၃ ဖြင့် ထုတ်ပြန်ပြီးဖြစ်ကြောင်း ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု မဖြစ်စေရန် ဆောင်ရန်၊ရှောင်ရန်အချက်များ၊ အွန်လိုင်းရောင်းချခြင်း၏ အားနည်းချက်၊အားသာချက် များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာတွင်ပါဝင်ရမည်အချက်များ၊စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါကပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင်ရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံ‌ဆောင်ရွက်ရေးစင်တာ (CICC)ရုံးများ ဖွင့်လှစ်ထားကြောင်း ၊ Consumer Call Center နံပါတ်ဖြစ်သည့် 1535 သို့လည်းတိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည် ။ အဆိုပါ ဆွေးနွေးပွဲကို ဆရာ/ဆရာမ ၊ ကျောင်းသား/ကျောင်းသူ ၊ စုစုပေါင်း(၄၂၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး) 

 

ကျောင်းကုန်းမြို့နယ် အခြေခံပညာစာသင်ကျောင်းများတွင် အသိပညာပေးဟောပြောခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၁.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အ.ထ.က ကျောင်းတွင် အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဆောင်ရွက်တွင် ကျောင်းသား/ သူများအား အစားအသောက်များအား ဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားရှိသော အစားအသောက်များအား ရွေးချယ်ဝယ်ယူရန်နှင့် ကုန်အညွှန်းမပြည့်စုံသော အစားအသောက်များအား မစားသုံးရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား (၁၆.၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဈေးနှုန်းကြီးမြင့်မှုရှိ/ မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိနှင့် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး လက်ကျန်အခြေအနေများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တိုင်းဒေသကြီးရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေး ရေးဦးစီးဌာနနှင့် မြို့နယ်ပူးပေါင်းအဖွဲ့များဖြစ်သော  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်ရှိ ဈေးအတွင်း ပဲပြားနှင့် မုန့်ဖက်များအား ဆိုးဆေးပါ/ မပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ စည်ပင်ဈေးများတွင် (၁၇.၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပဲပြားနှင့် မုန့်ဖက်များတွင် ဓာတုဆေးများပါဝင်မှုရှိ/ မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ ဈေးကွက်နမူနာကောက်ယူစစ်ဆေး၍ ဓာတုဆေး(ဖော်မလင်) များပါဝင်သော ပဲပြားများအား ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်တွင် ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          (၁၇.၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ရေကြည်မြို့ရှိဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေများဈေးကွက်တွင်းပြတ်လပ်ခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ လက်ကျန်နှင့်ဈေးနှုန်းဈေးကွက်အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် တာဝန်ခံရုံးနှင့်ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ