သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပွင့်ဖြူမြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းဆိုင်များရှောင်တခင်စစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ပေါ်ရှိ  မေတ္တာရှင်၊  ဝရဇိန်၊ ဒိုင်းနမစ်နှင့် ဧကရီ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား(၁၆.၁.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၀၀)နာရီတွင် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

          စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ရက်လွန်ဆေးဝါးများ၊ စပ်ဆေးများ ရောင်းချမှုရှိ/မရှိ၊ ဆေးနှင့် ဆေးပစ္စည်းများအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

အုပ်ဖိုကန်ကျေးရွာရှိ ပြည်စုံအောင် ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာ ဆောင်ရွက်လာစေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက် လျှက်ရှိရာ (၁၅.၁.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ “ပြည့်စုံအောင်” ပဲကြော်လုပ်ငန်းရှင်  နှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်း ချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင် ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များနှင့် အခန်း (၁၈)ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်း ရှင်များ မိမိတို့ထုတ်လုပ်ဖြန့်ဖြူးနေသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် ကြော်ငြာချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြရမည်ဖြစ်ကြောင်း၊ အခြားဌာနများနှင့်လည်း ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်ကထုတ်ပြန်ထားသည့် ကြေငြာချက် အမှတ် (၂/၂၀၁၉) လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့နယ်၊ စကုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းနေအရွယ်ကလေးများအားအသိပညာပေး

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ (၁၆.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်အားကစားနှင့်  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကာဦးစီးမှူးက အားကာသိပ္ပံကျောင်းနှင့် ပတ်သက်၍ သိကောင်းစရာများ အကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံက စားအုန်းဆီစားသုံးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ စားသုံးသူနှင့် လုပ်ငန်းရှင် ကြားကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ပါက တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့် ပုံစံများအား အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များ ရှောင်တခင်စစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်း ဆိုင်များအား (၁၅.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် မြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်း အရောင်း ဆိုင်(၇)ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်အတွင်းရောင်းချနေသော ဆေးဆိုင်များတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချမှုူမရှိကြောင်း တွေ့ရှိရပြီး တရားဝင်တင်သွင်းထားသော ဆေးဝါးများကိုသာ ဆက်လက် ရောင်းချသွားရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့၊ မြို့မစျေးရှိ ချင်းပေါက်လက်လီအရောင်းဆိုင်များနှင့် ပင်ရင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် စျေးကွက်အတွင်းရှိ ကုန်စည်များနှင့် စျေးကွက်မရောက်မီကုန်စည်များအား စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာမကွေးမြို့နယ်တာဝန်ခံသည် (၁၆.၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း ပြီး မကွေးမြို့၊ မြို့မစျေး၌ ချင်းပေါက်လက်လီအရောင်းဆိုင် (၅)ဆိုင်နှင့် ချင်းပေါက်ပင်ရင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် မကွေးမြို့၊ သိင်္ဂါရပ်ကွက်နှင့် မြို့ဟောင်းရပ်ကွက်ရှိ လုပ်ငန်းရှင် (၇)ဦးထံသို့ ကွင်းဆင်းပြီး ချင်းပေါက်နမူနာများဝယ်ယူ၍ ချင်းပေါက်များ၌ အစားအစာများတွင် သုံးစွဲရန်မသင့်သော Sulfiting Agent ချွတ်ဆေးများ သုံးစွဲထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

          ချင်းပေါက်လက်လီအရောင်းဆိုင်ရှင်များနှင့် ချင်းပေါက်အဓိကထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား အစားအစာများတွင် သုံးစွဲရန်မသင့်သော Sulfiting Agent ချွတ်ဆေး သုံးစွဲခြင်းဖြင့် စားသုံးသူများ မျက်မြင်ပသာဒဖြစ်ဖွယ် အရောင်လှပသော်လည်း ရေရှည်တွင် ကျန်းမာရေးအား ထိခိုက် နိုင်သဖြင့် သဘာဝအတိုင်း ကျောက်ချဉ်သာသုံးစွဲရန်၊ ခွင့်မပြုချွတ်ဆေး Sulfiting Agent များ သုံးစွဲ ထားကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် စီမံခန့်ခွဲရေးနည်းလမ်းအရ ဝန်ခံကတိပြုလက်မှတ် ရေးထိုးစေခြင်းနှင့် ထပ်မံသုံးစွဲကြောင်း စိစစ်တွေ့ရှိရပါက လုပ်ငန်းပိတ်သိမ်းသည့်အထိ သက်ဆိုင်ရာ ဌာနဥပဒေများဖြင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်ငူခရိုင်ဦးစီးမှူး Light House ကော်ဖီလုပ်ငန်းရှင်နှင့်တွေ့ဆုံ

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ရေတာရှည်မြို့နယ် မြို့လှမြို့ရှိ Light House ကော်ဖီလုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင် ဦးဇေယျာမင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

            ခရိုင်ဦးစီးမှူးနှင့် Light House ကော်ဖီလုပ်ငန်းရှင်တို့သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်များထုတ်ကုန်ပြိုင်ပွဲတွင် Light House ကော်ဖီက ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု OROP ပါဝင်ယှဉ်ပြိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Light House ကော်ဖီကထုတ်လုပ်မည့် Coffee Scrubs အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးကြကြောင်းသိရသည်။

            တွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများလည်းတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် မြို့လှမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် စစ်ဆေးရေးမှူးများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး ၏ ညှိနှိုင်းချက်အရ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ် မြို့လှမြို့စည်ပင် သာယာဈေးအတွင်းနှင့် ဈေးပြင်ပကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများကိုလည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချနေသော အိမ်သုံးဆေးဝါးများကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ပူးပေါင်းအဖွဲ့သည် အစားအသောက်နှင့်အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးဝါးများပါဝင်မှုရှိ/ မရှိ၊ ရက်လွန်ခြင်းရှိ/ မရှိကိုလည်းကောင်း၊ တရားမဝင်အိမ်သုံးဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများ၌ ရက်လွန်ခြင်းရှိ/ မရှိကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါရာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးမှ ကုန်စည်နှင့် ဆေးဝါးများရောင်းချရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးကို အလေးထားဆောင်ရွက်ရန်၊ မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

            ပူးပေါင်းအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့လှမြို့အုပ်ချုပ်ရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့လှတိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  မြို့လှဈေးတာဝန်ခံတို့ဦးဆောင်သော သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“ကော့မှူးမြို့နယ်တွင်ဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆန်စက်များစနစ်တကျ မှတ်ပုံတင်နိုင်ရေးကွင်းဆင်းကြည့်ရှု့ခြင်း”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းအသုံးပြုလျှက်ရှိသော ဆန်စက်များ အား ဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆန်စက်များစနစ်တကျ မှတ်ပုံတင် နိုင်ရေးတို့ကို ဇန်နဝါရီလ(၁၈)ရက်နေ့၊ နေ့လည်(၁၂:၃၀)အချိန်တွင် တောင်ပိုင်းရပ်ကွက်၊ ထမ္မနိုင်ကျေးရွာ၊ ဝါးဘလောက်ကျေးရွာ၊ သမင်ခြံကျေးရွာ၊ သခွတ်ပင်ကျေးရွာများသို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညွှန့်နွယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးသက်နိုင်၊ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ခံဦးတင်မင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်မင်းဝေ နှင့်တာဝန်ရှိသူများ မြို့နယ်ဆန်စက်အသင်းဥက္ကဌ ဦးတင်အောင်တို့က မြို့နယ်အတွင်းအသုံးပြု လျက်ရှိသည့် ရွှေနဂါးဆန်စက်၊ အောင်ချမ်းညွှန့် ဆန်စက်၊ သုခပြည့်စုံဆန်စက်၊ အောင်ဇေယျဝင်းဆန်စက်၊ ရွှေတိုးလေးဆန်စက်၊ လွင်အောင်ဟိဏ်း ဆန်စက်၊ စိန်ရတနာဆန်စက်၊ ဆုမြတ်ကျော်ဆန်စက် တို့အားကွင်းဆင်းကြည့်ရှု့စစ်ဆေး၍ စပါးသိုလှောင်ကြိတ်ခွဲသည့်လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ မလိုလား အပ်သောအဟန့်အတားများကြန့်ကြာမှုများမဖြစ်ပေါ်စေရေး၊ ဒေသတစ်ခုသို့ ဆန်စပါး သယ်ယူပို့ဆောင်ရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ စီစစ်မှုဖြင့် ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စက်များစနစ် တကျမှတ်ပုံတင် နိုင်ရေး၊ စပါးသယ်ဆောင်ခွင့်အား ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ရေး ကိစ္စများအား ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးမှုနှင့်ပတ်သတ်၍ ဆန်စက်လုပ်ငန်းရှင်များက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

တောင်ငူမြို့နယ် ထန်းကုန်း-ချင်းကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

             စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ် ထန်းကုန်း-ချင်းကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

              ဟောပြောပွဲတွင် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်စည်ပေါ်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှုရန် အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ကြောင်းသိရသည်။

             ဆက်လက်၍ မြို့နယ်တာဝန်ခံသည် ကျောင်းသားကျောင်းသူများ ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှုခြင်းကို အသင့်စားမုန့်များနှင့် အချိုရည်ဘူးဖြင့် လက်တွေ့ပြသခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၉၃ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ ၂၂.၁.၂၀၂၅ နံနက်(၁၀:၀၀)အချိန်တွင် မှတ်ပုံတင်လျှောက်ထားသည့် အင်းစိန်မြို့နယ်ရှိ အမှတ်(၆၉၃)၊ ကန်ဦးကျောင်းလမ်း၊ အောင်ဆန်းရပ်ကွက်၊ ယာဉ်အမျိုး အမျိုးနှင့်ဆက်စပ်ပစ္စည်းများ ရောင်းချလျက်ရှိသည့် အော်တိုဘားမားကားပစ္စည်းအွန်လိုင်းလုပ်ငန်း အား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းဆိုင်ရာများနှင့် ပတ်သက်၍လည်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ