
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူး ပေါင်း၍ ကော့သောင်းမြို့နယ်အတွင်းရှိ လက်လီလက်ကားဆန်အရောင်းဆိုင်(၅)ဆိုင်အား စျေး နှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသော ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများရောင်းချရန်၊ ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်များသို လှောင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
