သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့ ပြန်ဆက်ရုံး၌ Talk ShoWပွဲ ပြုလုပ်ဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ပြန်ဆက်ရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ စားသုံးသူပြည်သူများ၏ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း နိုင်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက နီးစပ်ရာမြို့နယ်တာဝန်ခံရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ callcenter 1535 သို့  ခေါ်ဆို၍ဖြစ်စေ၊ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပဲစိုက်တောင်သူ၊ ပွဲရုံများကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးချစ်ကိုကိုသည် (၂၀.၁.၂၀၂၅) ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် သာယာ  ဝတီခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်တွင်းဌာနခွဲတာဝန်ခံ၊ ရုံးဝန်ထမ်းများနှင့် အတူကွင်းဆင်း၍ မတ်ပဲစိုက်တောင်သူများနှင့် ပဲပွဲရုံလုပ်ငန်းများအားတွေ့ဆုံကာ ရေလိုက်ပဲစိုက်ပျိုးထားရှိမှု၊ သွင်းအားစုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေများ၊ ပဲပွဲရုံများမှ ဝယ်ယူနေမှု၊ သယ်ယူပို့ဆောင်ခဝန်ဆောင်မှုများအား ၎င်းအခြားဒေသများနှင့်ကုမ္ပဏီများမှ တိုက်ရိုက်ဝယ်ယူမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမေးမြန်းခဲ့ပါကြောင်း သတင်းရရှိပါသသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိဆေးနှင့် ဆေးပစ္စည်း ဆိုင်များဖြစ်သောဒီလှိုင်းစတိုး၊ ကိုဖိုးချိုဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့်ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့ပေါ်ရှိ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်များ၊ အရန်သင့်အစား အစာများ၊ အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၁၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့ရှိ စတိုးနှင့် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်များ၊ အရန်သင့်အစားအစာများနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံး သူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ Online Sale ဖြင့် ကုန်စည်များရောင်းချသည့်လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များမှ မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန် တကယ်ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို (၁၁.၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၃၀)အချိန်နှင့် (၁၄.၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၃၀)အချိန်တို့တွင် လုပ်ငန်းရှင်(၂)ဦးထံသို့ သွားရောက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ပခုက္ကူခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင်ထားသည့် လုပ်ငန်းများဖြစ်သည့် လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်း များအား အွန်လိုင်းဖြင့် ရောင်းချသည့်လုပ်ငန်းများသို့ သွားရောက်၍ အွန်လိုင်းရောင်းချခွင့် လုပ်ငန်း မှတ်ပုံတင်လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့်နေရပ်လိပ်စာ၊ ရောင်းချရန်ကုန်စည် (သို့) ဝန်ဆောင် မှုအမျိုးအစားစာရင်းများ ကိုက်ညီမှုရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်းများ၊ အွန်လိုင်း ရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှုရှိ/မရှိကို မြေပြင် ကွင်းဆင်း ဆောင်ရွက်ခြင်းများ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉အရလည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အ‌ရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ပြီး (၁၆.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချ ရမှုရှိစေရန် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရေးအတွက် ဆိပ်ဖြူမြို့ ပတ္တမြား ဈေးအတွင်းရှိ စားသုံးဆီ ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

         ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ ဈေးကွက်တွင် ပဲဆီ၊ နှမ်းဆီတို့ကို ရောစပ်ရောင်းချနေခြင်းများလည်း ရှိရာ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေဘဲ စားသုံးသူများအား ရှင်းလင်းမြင်သာစွာ သိရှိစေရေး အတွက် စားသုံးဆီအမျိုးအစားတစ်ခုချင်းစီ၏ ရောစပ်မှုအချိုးအစားအလိုက် ဝယ်ယူစားသုံးသူများ အခြေခံစိတ်ကျေနပ်မှုရရှိစေရေးအတွက် မှန်ကန်စွာဖြင့် ဖော်ပြရောင်းချစေရေး၊ အချင်အတွယ်မှန်ကန် စေရေးနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး ရောင်းချသောဆိုင်ရှင်များ အနေဖြင့် စားသုံးဆီများကို ဘူးဖြင့်ရောင်းချရာတွင် ကုန်စည်ပေါ်တွင် ကုန်ပစ္စည်းအမျိုးအမည်ကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရောင်းချရေး အသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ကန်သာစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ်တနင်္လာ‌နေ့တိုင်းအား ပလတ်စတစ်မသုံးစွဲရနေ့ ဟုသတ်မှတ်ပြီး ပလတ်စတစ် အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုး သုံးစွဲစေရေး စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးကော်မတီဝင်များ ပူးပေါင်း ဆောင်ရွက်လျှက်ရှိရာ (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကန်သာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ ကန်သာစျေးတွင် ရောင်းချလျှက်ရှိသော ကုန်စည်များ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန်နှင့် မှိုတက်နေသောကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြမထားသော ကုန်စည်များ ရောင်းချမှုမရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ အွန်လိုင်း စနစ်ဖြင့် ကုန်စည်များရောင်းချသည့် လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် အနောက်ပိုင်းရပ်ကွက်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ပြီးသည့် မြို့နယ်အတွင်း ရောင်းချနေသာလုပ်ငန်း၊ နေရာလိပ်စာနှင့် ကုန်စည်များ အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို (၁၄.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်၌ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင်ထားသည့်လုပ်ငန်းများဖြစ်သည့် လူသုံးကုန် ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများစသည့် အွန်လိုင်းရောင်းချ သည့်လုပ်ငန်းများသို့ သွားရောက်၍ အွန်လိုင်းရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့်နေရပ် လိပ်စာ၊ ရောင်းချရန် ကုန်စည်(သို့)ဝန်ဆောင်မှုအမျိုးအစားစာရင်းများ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း လုပ်ငန်း များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီး နောက် တာဝန်ဖောက်ဖျက်မှု ရှိ/မရှိ ကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းများ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေ၂၀၁၉အရလည်း အရေးယူ ခံရမည်ဖြစ်ကြောင်း နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့်ရောင်းချ သည့် လုပ်ငန်းရှင်အား သိရှိနိုင်စေရန် ပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းမုန့်ဈေးတန်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေး ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍(၁၅.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင် များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်း များကိုရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း၊ ရောင်းချသည့် ကျောင်းမုန့်ဈေးတန်းများတွင် မြန်မာ့အစား အစာမုန့်မျိုးမျိုး၊ မုန့်ဟင်းခါးသုပ်များ၊ မုန့်တီသုပ်များကိုသာ အများဆုံးရောင်းချလျက်ကြောင်း သိရှိရပါ သည်။         

DOCA(မကွေး)

         

ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၆.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ငွေစာရင်းဌာနခွဲ တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ယခုဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းကို လည်းကောင်း၊ စီမံရေးရာဌာနခွဲမှ ဝန်ထမ်းက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းကို လည်းကောင်း၊ ထုတ်ကုန်ဌာနခွဲတာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များ တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းအား နမူနာပစ္စည်းများပြသ၍ ရှင်းလင်းခဲ့ပြီး အခန်း(၁၉)ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ တိုင်ကြားနိုင်သည့်လူပုဂ္ဂိုလ်များ၊ နေရာနှင့်နည်းလမ်းများအကြောင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ