သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းဖြင့် ရောင်းချနေသော လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

(၂၀.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အွန်လိုင်းမှတ်ပုံတင်ထားသော လှိုင်သာယာမြို့နယ်ရှိ Yamin Theint Theint အွန်လိုင်းလုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာ တွင် ဖော်ပြထား သော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အမှတ်(၃/၃/၁)၊ မဟာဘောဂလမ်း၊ (၃)ရပ်ကွက်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ Yanmin Theint Theint အွန်လိုင်းဖြင့် ရောင်းချလျက်ရှိသည့် ဆေးဝါး၊ အလှကုန်နှင့်စားသောက်ကုန်များကို မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်ရှိ Online Sales လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး နှင့် ဝန်ထမ်းများသည် ၁၇.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၃၀)အချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ Online Sales မှတ်ပုံတင်ထားသောလုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များ နှင့်မြေပြင်အချက်အလက်များကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မစ်ကီစပန့်ချုပ်ထည် Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်းလျှောက်ထားလာသည့် အချက်များဖြစ်သည့် (၁) မှတ်ပုံတင်မည့်လုပ်ငန်းအမည် မှန်ကန်မှု (၂) လုပ်ငန်းတည်ရှိရာ လိပ်စာမှန်ကန်မှု (၃) လုပ်ငန်းသို့ဆက်သွယ်ရန် ဖုန်းနံပါတ် မှန်ကန်မှု (၄) လုပ်ငန်း၏ Logo (၅) ကုမ္ပဏီမှတ်ပုံတင်(ရှိပါက) (၆) SME မှတ်ပုံတင်အမှတ် (ရှိပါက) (၇) လုပ်ငန်းပိုင်ရှင်အမည်မှန်ကန်မှု (၈) လုပ်ငန်းပိုင်ရှင်၏လိပ်စာမှန်ကန်မှု (၉) လုပ်ငန်းပိုင်ရှင်၏ဖုန်းနံပါတ် မှန်ကန်မှု (၁၀) လုပ်ငန်းပိုင်ရှင်၏လိပ်စာမှန်ကန်မှု (၁၁) နိုင်ငံသား/ နိုင်ငံခြားသားမှန်ကန်မှု (၁၂) မှတ်ပုံတင်လက်မှတ်လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန် ကြောင်း၊ အမည်ပျက်စာရင်း (Black List)တွင် ပါဝင်ခြင်းမရှိကြောင်း ထောက်ခံချက် (၁၃) ရောင်းချနေသည့်ကုန်ပစ္စည်း/ ဝန်ဆောင်မှုအုပ်စု(တင်ပြစဉ်က ကုန်ပစ္စည်းအုပ်စုအတိုင်း ကိုက်ညီမှု ရှိ/မရှိ (၁၄) ရောင်းချနေသည့် ကုန်စည်/ဝန်ဆောင်မှုသည်ဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထား သော(သို့)ကန့်သတ်ထားသော ကုန်စည်ဟုတ်/မဟုတ် (သို့) ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း ရှိ/မရှိ (၁၅) ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ (၁၆) ရောင်းချနေသော ကုန်စည်သည်ကိုယ်ပိုင်ထုတ်ကုန် ဟုတ်/မဟုတ် (၁၇) ရောင်းချနေသော ကုန်စည်တွင် ပြည်တွင်း၌ ထုတ်လုပ်/တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၏ လိပ်စာပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ (၁၈) ရောင်းချနေသော ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြားစိစစ်တွေ့ရှိချက်များဟူသော အချက်(၁၈)ချက် နှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

         

မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းဆုံဂိတ်တွင် ရန်ကုန်အဝင်ကုန်တင်ယာဉ်များအား စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန် ချက်အရ မှော်ဘီခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒုရဲမှူးကြီး ငွေတင် ဦးဆောင်၍ အင်အားဦးစီး (၂+၇)ဦး၊ အမှတ်(၄)လမ်းဆုံ စစ်ဆေးရေးဂိတ်၊ ဗိုလ်မှူးအောင်မျိုးပိုင်  ဦးစီး(၁+၆)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင် ဦးစီး(၁+၂)ဦး၊ အမှတ်(၆၄)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်ဇော် ဦးစီး(၁+၅)ဦး၊ တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ဦးအောင်တင်စိုး(ခရိုင်ဦးစီးမှူး) ဦးစီး(၁+၂)ဦး၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနမှ ဒုလဝကမှူး၊ ဦးရမ်းဇအုပ် ဦးစီး(၁+၁)ဦး၊ သစ်တောဦးစီးဌာနမှ တောခေါင်း ဦးစိုးသိန်း၊ အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဦးဝင်းဇော်၊ တပ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ပါ(၅)ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၇.၁.၂၀၂၅ ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်မှ (၁၀:၀၀) အချိန်အထိ အမှတ်(၄)လမ်းဆုံစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ် များအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

အဆိုပါ အမှတ်(၄)လမ်းဆုံစစ်ဆေးရေးဂိတ်တွင် မကွေး၊ ပခုက္ကူ၊ အောင်လံ၊ မြင်းခြံ၊ တောင်တွင်းကြီး၊ ဇီးကုန်း၊ တောင်ငူ၊ မိုးညို၊ ပြည်၊ တိုက်ကြီး၊ မှော်ဘီ၊ မြောင်းတကာတို့မှ ဝင်ရောက်လာသော ကုန်တင်ယာဉ် များတွင် မတ်ပဲ၊ ခရီးသည်၊ ကြက်စာ၊ ကုန်မျိုးစုံ၊ ကုလားပဲ၊ ပဲစဉ်းငုံ၊ ကြက်သွန်၊ ကုန်မဲ့ကားများ အများဆုံးတွေ့ရှိရပြီး တရားမဝင်ကုန်စည်များ လူ၊ လက်နက် များဝင်ရောက်မှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

အွန်လိုင်းဖြင့် ရောင်းချနေသော လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

(၂၀.၁.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အွန်လိုင်းမှတ်ပုံတင် ထားသော လှိုင်သာယာ မြို့နယ်ရှိ Yamin Theint Theint အွန်လိုင်းလုပ်ငန်းသို့ မှတ်ပုံတင် လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အမှတ်(၃/၃/၁)၊ မဟာဘောဂလမ်း၊ (၃)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Yanmin Theint Theint အွန်လိုင်းဖြင့် ရောင်းချလျက် ရှိသည့်ဆေးဝါးတွင် မြေပြင်စစ်ဆေးတွေ့ရှိချက်အရ ကိုက်ညီမှုရှိပြီး အလှကုန်နှင့် စားသောက်ကုန် တွင် ကုန်အညွှန်း အမှတ်အသားများ၊ ထုတ်လုပ်သည့်လိပ်စာပြည့်စုံစွာပါရှိခြင်း မရှိသည့်အတွက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်းများကို ရောင်းချရန် အသိပညာ ပေး ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

Online Sales လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

(၁၇.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးနှင့်ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်ရှိ Aye Sandar အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ အမှတ်(၂၄)၊ သာယာရေကျော်ကုန်းကျေးရွာ၊ ကျွဲကူးအုပ်စု၊ ထန်းတပင်မြို့နယ်ရှိ Aye Sandar Online ဖြင့် ရောင်းချနေသော အလှကုန်ပစ္စည်းများ ရောင်းချ လျက်ရှိရာ မှတ်ပုံတင်ရာတွင် ထည့်သွင်းလျှောက်ထားလာသည့်အချက်များနှင့် မြေပြင်အချက် အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

အေးချမ်းမေ Online Sales လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

(၁၇.၁.၂၀၂၅)ရက်နေ့(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးနှင့်ဝန်ထမ်းများသည် Online Sales မှတ်ပုံတင် ထားသော လှည်းကူး မြို့နယ်ရှိ အေးချမ်းမေ Online Sales လုပ်ငန်းသို့ မှတ်ပုံတင် လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့်မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်း လျှောက်ထား ရန် လိုအပ်သောအချက်များဖြစ်သည့် (၁၈)ချက်နှင့် မြေပြင်တွင် သွားရောက်စစ်ဆေးခဲ့သည့် အချက် အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစ်စဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အခြေခံစားကုန်ဈေးနှုန်းများကွင်းဆင်းမေးမြန်းခြင်း

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံဆိုင်များကို ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးမှကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကိုဈေးကွက်အတွင်းသို့သွားရောက်ပြီး (၁၇.၁.၂၀၂၅)ရက်နေ့တွင်ဆီများရောင်းချနေမှု အခြေအနေများကိုသိရှိရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

          ထိုသို့စစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သား၊ ငါး၊ အခြေခံစားကုန်ဈေးနှုန်းများကို ဒေသတွင်းထုတ်လှုပ်နိုင်မှုအပေါ် အခြေခံသော သင့်တင့်သည့်ဈေးနှုန်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရန် အပတ်စဉ်ကြာသပတေးနေ့တိုင်း ဈေးနှုန်းကောက်ယူ ကွင်းဆင်းမေးမြန်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မင်္ဂလာဒုံမြို့နယ်ရှိ Online Sales လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး နှင့် ဝန်ထမ်းများသည် ၁၇.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၃၀)အချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ Online Sales မှတ်ပုံတင်ထားသောလုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထား သောအချက်များ နှင့်မြေပြင်အချက်အလက်များကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်း လျှောက်ထား လာသည့် အချက်များဖြစ်သည့် (၁) မှတ်ပုံတင်မည့်လုပ်ငန်းအမည်မှန်ကန်မှု (၂) လုပ်ငန်း တည်ရှိရာ လိပ်စာမှန်ကန်မှု (၃) လုပ်ငန်းသို့ဆက်သွယ်ရန်ဖုန်းနံပါတ်မှန်ကန်မှု (၄) လုပ်ငန်း၏ Logo (၅) ကုမ္ပဏီမှတ်ပုံတင်(ရှိပါက) (၆) SME မှတ်ပုံတင်အမှတ်(ရှိပါက) (၇) လုပ်ငန်းပိုင်ရှင် အမည်မှန်ကန်မှု (၈) လုပ်ငန်းပိုင်ရှင်၏လိပ်စာမှန်ကန်မှု (၉) လုပ်ငန်းပိုင်ရှင်၏ ဖုန်းနံပါတ် မှန်ကန်မှု (၁၀) လုပ်ငန်း ပိုင်ရှင်၏လိပ်စာမှန်ကန်မှု (၁၁) နိုင်ငံသား/နိုင်ငံခြားသားမှန်ကန်မှု (၁၂) မှတ်ပုံတင်လက်မှတ် လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ အမည်ပျက် စာရင်း (Black List)တွင် ပါဝင်ခြင်းမရှိကြောင်း ထောက်ခံချက် (၁၃) ရောင်းချနေသည့် ကုန်ပစ္စည်း/ဝန်ဆောင်မှုအုပ်စု(တင်ပြစဉ်က ကုန်ပစ္စည်းအုပ်စုအတိုင်း ကိုက်ညီမှုရှိ/မရှိ (၁၄) ရောင်းချနေသည့်ကုန်စည်/ဝန်ဆောင်မှုသည်ဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထားသော(သို့) ကန့်သတ်ထားသော ကုန်စည်ဟုတ်/မဟုတ် (သို့) ဥပဒေ တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းရှိ/မရှိ (၁၅) ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ (၁၆) ရောင်းချနေသော ကုန်စည်သည်ကိုယ်ပိုင်ထုတ်ကုန် ဟုတ်/မဟုတ် (၁၇) ရောင်းချ နေသော ကုန်စည်တွင် ပြည်တွင်း၌ထုတ်လုပ်/ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၏ လိပ်စာ ပြည့်စုံ စွာပါဝင်ခြင်းရှိ/မရှိ (၁၈) ရောင်းချနေသော ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြားစိစစ် တွေ့ရှိချက် များဟူသော အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ခရမ်းရောင် ဂေါ်ဖီထုတ်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

          လူအများစုက ဟင်းချက်ရာမှာ အသုံးများတဲ့ အစိမ်းရောင်ဂေါ်ဖီထုပ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး သားဖြစ်ကြမှာပါ။ ခရမ်းရောင်ဂေါ်ဖီထုပ်က အစိမ်းရောင်ဂေါ်ဖီထုပ်လိုပဲ ပုံပန်းသဏ္ဍာန် ချွတ်စွတ် တူပြီး အရောင်ကွဲပြားနေပါတယ်။ ထိုသို့ အရောင်ကွဲရတဲ့အကြောင်းအရင်းကတော့ စိုက်ပျိုးရာ နေရာဒေသရဲ့ PH ပမာဏပေါ်မူတည်ပြီး ပြောင်းလဲရခြင်းဖြစ်ပါသည်။ ခရမ်းရောင်ဂေါ်ဖီထုပ်တွင် ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖောလိတ်ဓာတ်၊ အမျှင်ဓာတ်များအပြင် အခြားဗီတာမင်နဲ့ သတ္တုဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်ပါသည်။ ခရမ်းရောင်ဂေါ်ဖီထုပ်က အစိမ်းရောင်ဂေါ်ဖီထုပ်ထက် ဗီတာမင်အေပါဝင်နှုန်း အဆ ၁၀၀ ပိုများ ပါသည်။

ခရမ်းရောင်ဂေါ်ဖီထုပ်စားသုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း၊ သွေးဖြူဥ ဆဲလ်များ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးခြင်း၊ ခန္ဓာကိုယ်ကျစ်လစ်လှပစေခြင်း၊ အရိုးပွရောဂါကို သက်သာစေခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိ မည် ဖြစ်ပါသည်။     ထို့ကြောင့် ကျန်းမာရေးအတွက် များစွာအကျိုးပြုသော ဂေါ်ဖီထုတ် ခရမ်းရောင် အကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့ ကုန်စုံဆိုင်များရှိ ဘူးဆီများအား ကွင်းဆင်းစစ်ဆေး

         ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်တာဝန်ခံနှင့် စည်ပင်သာယာရေးအဖွဲ့ တို့ ပူးပေါင်း၍ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် မြို့မဈေးရှိ ကုန်စုံဆိုင် အရောင်းဆို်ငများတွင် ရောင်းချလျှက်ရှိသော ဘူးဆီများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုအရောင်းဆိုင်များတွင် ရောင်းချလျှက်ရှိသော ဘူးဆီများ၌ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြချက်များနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားမူ ရှိ/မရှိနှင့် မြန်မာယူနစ်ဖြင့် အလေးချိန် ပိဿာ/ကျပ်သား ဖော်ပြထားမူ ရှိ/မရှိ၊ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ FDA ထောက်ခံချက်ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ