ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ကော့သောင်း မြို့ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူး ပေါင်း၍ ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချနေသည့်ဆေးဝါးများ ကုန်အညွှန်းအမှတ် အသားပြည့် စုံစွာဖော်ပြထားခြင်းရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိ၊ သက်တမ်းလွန် ဆေး ဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။     

       စစ်ဆေးရေးအဖွဲ့ဝင်များမှ အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားဝင်မှတ်ပုံတင် ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေး နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)