
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ပျော်ဘွယ်မြို့နယ် တာဝန်ခံ၊ ဦးစန်းအောင်(ဒု-ဦးစီးမှူး)သည် (၇.၇.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး(Talk Show)ဟောပြောဆွေးနွေးခဲ့ပါသည်။
ထိုအသိပညာဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ် ဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ဖော်ပြထားပြီး ကုန်စည်၏အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်လိပ်စာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုပမာဏအချိုးအစား၊ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးဓာတ်မတည့်ကြောင်းဖော်ပါချက်နှင့် ကြိုတင်သတိပေးချက်များ၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များကို သိသာထင်ရှားစွာဖော်ပြရန် လိုအပ်ကြောင်း၊ မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့် အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ထက်ပို၍တွဲလျက်ဖြစ် ဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
DOCA(မန္တလေး)
