သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးဆီဈေးကွက်စောင့်ကြည့်စစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ၄.၁.၂၀၂၅ ရက်နေ့နံနက် (၁၁:၃၀)အချိန်တွင် မြို့နယ်ဆီကုန်သည် အသင်း အဖွဲ့မှဥက္ကဌ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ အုတ်ဖို့မြို့နယ်မြို့မဈေးကြီးအတွင်းရှိ ဆီ ရောင်းချသောကုန်စုံဆိုင်ကြီးများအား ရှောင်တခင်ဝင်ရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ဈေးကွက်အတွင်းစားသုံးဆီရောင်းချလျက်ရှိသော ဆီကုန်သည်ကြီးများသည် ကုန်အမှတ် တံဆိပ်ပြည့်စုံစွာပါရှိသော ဆီများနှင့်စားအုန်းဆီ၊ပဲဆီ၊နှမ်းဆီများရောင်းချလျက်ရှိပြီး ရောနှောဆီ များရောင်းချခြင်းလုံးဝမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

          ယခုဇန်နဝါရီလတတိယပတ်တွင် ရောင်းဝယ်နေသောဈေးနှုန်းများမှာ စားအုန်းဆီ(၁)ပိဿာ လျှင် ၇၉၅၀ ကျပ်/၊ရွှေခေတ္တရာပဲဆီသန့်(၁)ပိဿာလျှင် ၁၆၀၀၀/ကျပ်၊Lotus ၅၀ကျပ်သား(၁)ဗူး လျှင် ၇၀၀၀ကျပ်/၊Duck တံဆိပ်ဟင်းရွက်ဆီ(၁)ပိဿာလျှင် ၁၅၀၀၀ကျပ်နှင့် အမေသီတာ(၁)ပိဿာ လျှင် ၁၅၅၀၀/ကျပ်တို့ဖြစ်ကြောင်းစုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့သက်သာဈေးဆိုင်ခန်းနှင့်အေးမြသာယာစိုက်/မွေးသိပ္ပံကျောင်းတို့တွင်ဈေးကားများဖြင့်‌ရောင်းချ

          ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး ခရိုင်ဦးစီးမှူး၏ လမ်းညွှန် ချက်၊အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုများနှင့်အညီ အုတ်ဖိုမြို့နယ် စားသုံးသူ  ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည် ကြီးများ၊ အုတ်ဖိုမြို့နယ်ဆီကုန်သည်နှင့် ဆီစက်ပိုင်ရှင်ကြီးများအသင်းနှင့်ပူးပေါင်းလျက် အုတ်ဖိုမြို့ နယ်ကိုယ်တိုင်စိုက်ပျိုး ရောင်းချသူများသက်သာဈေးဆိုင်နှင့်အေးမြသာယာစိုက်ပျိုး မွေးမြူရေးသိပ္ပံ အထက်တန်းကျောင်းတို့တွင် အပတ်စဉ်တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူးနေ့များတွင် သက်သာသောနှုန်းထား ဖြင့် ဆန်၊စားအုန်းဆီ၊ကြက်ဥနှင့်အသား၊ငါး၊ ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိပါသည်။

          ထိုသို့ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငါးလုပ်ငန်းဦးစီးဌာန စိုက်ပျိုးရေး ဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ပြီး ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊စားအုန်းဆီ ၅၀ ကျပ်သားလျှင် ၄၀၀၀ ကျပ်၊ငါးတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ကြက်ဥတစ်လုံး လျှင် ၃၅၀ ကျပ်၊ပန်းဂေါ်ဖီတစ်ပွင့်(အလတ်)လျှင် ၇၀၀ ကျပ်တို့ဖြင့် သက်သာစွာရောင်းချပေးလျက် ရှိပြီးစားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တစ်ရက်လျှင် ဆန်(၃)အိတ်နှင့်ဆီ(၁၁၀)ပိဿာရောင်းချ လျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည် များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည် များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့မှ (၃၀)ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့တွင် ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ရွာဘဲရပ်ကွက်၊ ဆံတော်ရပ်ကွက်များရှိ လျှပ်စစ်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်များသို့ သွားရောက်၍ အိမ်တွင်းလျှပ်စစ်ပစ္စည်း အမျိုးမျိုးကို လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက်ရှိ အိမ်တွင်းလျှပ်စစ်ပစ္စည်းရောင်းချသည့် ဆိုင်များ၊ မြို့မ ဈေးရှိ စားသုံးဆီအမျိုးမျိုးနှင့် အလှကုန်ပစ္စည်းရောင်းချသည့် ဆိုင်များသို့ လည်းကောင်း၊ ပန်းတောင်း မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့် ဥသျှစ်ပင်မြို့ပေါ် ကုန်စုံဆိုင် များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ် ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျှက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်မှ(၃၀)ရက် အတွင်း ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ငါးရွာအုပ်စု၊ ထန်းပေါက်ကျေးရွာသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် အ.မ.က (ဖိုးခေါင်)၊ အ.ထ.က(ကြာနီကန်)၊ အ.ထ.က(ရွှေတောင်)သို့လည်းကောင်း၊  ပန်းတောင်း မြို့တွင် အ.မ.က (သစ်စိမ့်ပင်)သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် မြို့နယ်ပြန်ဆက်ရုံး နှင့်ပူးပေါင်း၍ စားသုံးသူ အသိပညာပေး (Talk Show) ပွဲပြုလုပ်ခြင်း၊ မူလွန်(ရွာထောင်)ကျောင်းသို့ လည်းကောင်း၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း များဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာ အချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြား နိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်မှ(၃၀)ရက် အတွင်း ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားလမ်းရှိ ဒေါ်သန်းသန်း၊ လက်ဖက်စို/ခြောက်နှင့် အကြော်စုံလုပ်ငန်း၊ နဝဒေးရပ်ကွက်၊ ဦးထွန်းထွန်းဦး၏ ရွှေဝါထွန်းကောက်စိုက်စက် ထုတ်လုပ်သည့် လုပ်ငန်း၊ တီတွတ်စံပြကျေးရွာရှိ ဦးအောင်ဌေး၏ (၅၅၄)ဆန်စက်၊ ခေတ္တရာမြို့သစ်၊ အနောက်မြို့ပတ် (၂)လမ်းရှိ ဒေါ်နီနီမြင့်၏ နန်းမြင့်အိမ်ဆောက်ပစ္စည်းဆိုင်၊ နဝဒေးရပ်ကွက်ရှိ ဦးမြင့်သန်း၏ မျှစ်လုပ်ငန်း၊ ပြည်-အောင်လံလမ်း၊ တာဂွရှိ ဒေါ်အေးသက်ခိုင်၏ မိဘဂုဏ်ရည် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ဦးအောင်သူရ၏ နေလ စိုက်ပျိုးရေးပစ္စည်းဆိုင်များသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက်၊ ကင်ပွန်းခြုံလမ်းရှိ ဦးဇော်ဝင်း၏ လင်းရောင်ခြည်ယိုလုပ်ငန်းသို့ လည်းကောင်း၊ ပန်းတောင်း မြို့နယ်တွင် ဥသျှစ်ပင်ဈေးရှေ့ရှိ ဦးဝင်းဌေး၏ ပေါပြည့်ဝ ဆန်အရောင်းဆိုင်နှင့် ဦးဘိုစံ၏ ဇူဇင်တိုး ဆန်အရောင်းဆိုင်တို့သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ်(၄)ရပ်ကွက်ရှိ ဒေါ်ဆိတ်မ၏ ဣစိ္ဆတံမုန့်လုပ်ငန်းသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွား ရောက်၍ မိမိတို့ ဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ် ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ ပြည့်စုံ မှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်း စစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မကွေးမြို့ရှိ ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေအား ကွင်းဆင်းလေ့လာခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မကွေးမြို့နယ်ရှိ ဆီစက်များမှ ဒေသတွင်းဖူလုံမှုအပြင် ပိုလျှံသည်အထိ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ (၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ ဆီစက်များအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

             ထိုသို့ ကွင်းဆင်းလေ့လာရာတွင် ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းလိုင်ရှိ/မရှိ၊ ဆီစက်များ အမှန်တကယ် လည်ပတ်ကြိတ်ခွဲမှုရှိ/မရှိနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်ချော မြေပဲဆီ၊ နှမ်းဆီများ အပေါ် အာမခံပေးနိုင်မှုတို့အား ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ ကုန်ကြမ်း (မြေပဲ/ နှမ်း)(၁၀၀) ပိဿာ ကြိတ်ခွဲမှုအပေါ် ကုန်ချော (၄၀)ပိဿာ (၄၀%)ပြန်လည်ရရှိပါကြောင်းနှင့် ထွက်ရှိလာသော ကုန်ချော မြေပဲဆီ/ နှမ်းဆီများ၏ (၇၅%) ကို အခြားတိုင်း/ ပြည်နယ်များသို့ ဖြန့်ချိရောင်းချလျှက် ရှိ ပြီး (၂၅%)ကိုသာ ဒေသတွင်းရှိ ပြည်သူများ ဝယ်ယူစားသုံးလျှက်ရှိကြောင်း၊ လက်ရှိကုန်ကြမ်း မြေပဲနီဆံ (၁)ပိဿာ (၈၄၀၀- ၈၅၀၀)ကျပ်နှင့် နှမ်းနီ (၁)ပိဿာ (၇၀၀၀)ကျပ်နှုန်းတို့ဖြင့် ဝယ်ယူရ ပြီး ကုန်ချော မြေပဲ/ နှမ်းဆီ (၁)ပိဿာလျှင် (၁၄၈၀၀-၁၅၀၀၀)ကျပ်တို့ဖြင့် ပြန်လည်ရောင်းချရပြီး ပဲဖက် (၁)ပိဿာ လျှင် (၆၅၀၀-၆၆၀၀)ကျပ်နှင့် နှမ်းဖက် (၁)ပိဿာလျှင် (၄၆၀၀)ကျပ်တို့ဖြင့် ပြန်လည်ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဒုတိယပြည်နယ်ဦးစီးမှူးသည် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

၁.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ပြည်တွင်ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ တာဝန်ခံတို့သည် မုဒုံမြို့နယ်၊ သာယာကုန်းကျေးရွာရှိ Sen Huiyuan International Trading Co.,Ltd ၏သစ်အချောထည်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်အား ကုန်ကြမ်းဝယ်ယူမှုအခြေအနေ၊ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်၊ ဈေးကွက်၊ ဈေးနှုန်းအခြေအနေ၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အခြေအနေများအား ဆွေးနွေးမေးမြန်းရာ စက်ရုံတာဝန်ရှိသူက ကုန်ကြမ်းဖြစ်သော ရော်ဘာ သစ်လုံးများကို ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ်များမှ တစ်တန်လျှင် အရွယ်အစားပေါ် မူတည်၍ (၈၀၀၀၀) ကျပ်မှ (၃၈၀၀၀၀) ကျပ်ထိရှိကြောင်း၊ အဆိုပါ သစ်လုံးများကို စက်ရုံ၌ ခွဲစိတ်ခြင်း၊ ဆေးစိမ်ပေါင်းခံခြင်း၊ အခြောက်ခံခြင်း၊ ပါကင်ထုပ်ပိုးခြင်း၊ ပြည်ပတင်ပို့ခြင်းကို အဆင့်ဆင့်ပြုလုပ်ကြောင်း၊ ထုတ်လုပ်မှုအခြေအနေဖြင့် အမှာစာပေါ်မူတည်ပြီး ထုတ်လုပ် ကြောင်း၊ ကုန်ချောများကို တရုတ်နိုင်ငံသို့ 1 cubic meter လျှင် ၁၃၀ ဒေါ်လာဖြင့် ရောင်းချကြောင်း၊ အလုပ်အကိုင်ဖန်တီးမှုအနေဖြင့် လုပ်သား (၁၂၀) ဦးအား အလုပ်ခန့်ထား ပေးနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မကွေးမြို့နယ်တွင် Online စနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား Online Sales Registrution ပြုလုပ်ရေး အသိပညာပေး Talk Show ကျင်းပ

            မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား Online Sales Registrution ပြုလုပ်နိုင်ရေး အသိပညာပေး Talk Show ကို (၃၀. ၁. ၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

           အဆိုပါ Talk Show တွင် မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် အာမခံချက် ပေးရမည့်အချက်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးချက်များအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်ဦးစီးမှူးက အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် Online စနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ဖြင့် Online System ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကိုထုတ်ပြန်ခဲ့ပြီးဖြစ်၍ မဖြစ်မနေ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း မှတ်ပုံတင်လျှောက်ထားရန် www.Ecomreg. gov.mm သို့ ဝင်ရောက်၍ မှတ်ပုံတင်ပုံနှင့် မှတ်ပုံတင်လျှောက်ထားရန် လိုအပ်သောအချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောင်းဆုံမြို့နယ်၊ အ.မ.က (တကူပတီခြံ) ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

၃.၂.၂၀၂၅ ရက်နေ့ နေ့လည် (၁:၀၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (တကူပတီခြံ) ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် ကျောင်းမုန့်ဈေးတန်းအတွင်းရှိ အသင့်စားမုန့်များမှာ  မြန်မာစာကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို သက်ဆိုင်ရာ ကျောင်းအကျိုးတော်ဆောင် များနှင့် ဈေးကွက်ကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံခရိုင်၊ ဘီးလင်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၁.၂.၂၀၂၅) ရက်နေ့ နံနက် (၇:၂၀) နာရီတွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၂၃)ပေပါ ရောက်ရှိလာ ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ စားအုန်းဆီများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး‌ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် လက်လီ/လက်ကား ဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူ့များထံသို့ ၂%အမြတ်ဖြင့်ပြန်လည်ရောင်းချနေခြင်းအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ သတ်မှတ်ခွဲတမ်းများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ