
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကတ်ဖအုပ်စု၊ ကတ်ဖကျေးရွာအတွင်းရှိ “ကတ်ဖကျောက်စိမ်း” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိရေး တို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “ကတ်ဖကျောက်စိမ်း” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ ပါရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)
