သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၂၈.၁.၂၀၂၅ ရက်နေ့ မှ ၃.၂.၂၀၂၅ ရက်နေ့ အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်း ဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ထူးဆိပ်ကမ်း၊ နိုင်ဂရုဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်းများအား အကောက်ခွန် ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသောတင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ၁၃း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ် ကွက်၊ ရေးလမ်းရှိ ရတနာဦးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia ၊ Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၆)ပေပါကို ယာဥ်မောင်း ဦးနိုင်ဇော်ထွန်း ၊ ယာဉ် အမှတ် 7B-8921/Nissan Diesel မော်တော်ယာဥ်ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း(၇၆)ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ် မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်း စျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ (၁၃း၄၅)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာ ဦးစီဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အွန်လိုင်းရောင်း ချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့ပေါ်ရှိ အလှကုန်နှင့်ဆံပင်အားဖြည့်ဆီ၊ ကုန်စည်ပို့ဆောင်ရေး၊ အဝတ်အထည်နှင့်အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသည့် Online လုပ်ငန်း များအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့် ပတ်သက်၍လည်း ရှင်းလင်းဆွေး နွေးခဲ့ကြောင်းသိရှိရပါသည်။

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်

          တိုင်းဒေကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၃.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်  မုံရွာမြို့နယ်တာဝန်ခံတို့သည် Online Sales မှတ်ပုံတင်ထားသော မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်ရှိ Shwe Latt Twel လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက် ဒေါ်ဖြူဖြူလွင် ၊ Shwe Latt Twel Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်းလျှောက်ထားသည့်အချက်များ (၁၈)ချက်နှင့် မြေပြင်တွင် သွားရောက်စစ်ဆေးသည့်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၁/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှု အခြေအနေ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့် အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

           မုံရွာခရိုင်အနေဖြင့် (၁/၂၀၂၅) လအတွင်း ခရိုင်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် မှဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့ပေါ်ရှိ ဆေးနင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက် ကုန်ပစ္စည်းအရောင်းဆိုင်များ၊  မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီးဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မုံရွာခရိုင်၏ (၁/၂၀၂၅) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်မှုအခြေအနေ

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင် ရွက်လျက်ရှိပါသည်။

             မုံရွာခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၂) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)တို့သည် (၂၄.၁.၂၀၂၅) ရက်နေ့တွင် ချောင်းဦးမြို့၊ ဆင်ပြေကျေးရွာရှိ “La La” မုန့်လုပ်ငန်းရှင်နှင့်  မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက်ရှိ “yati Bakery & Flocal Supply” Online Sale” လုပ်ငန်းရှင်တွေ့ဆုံပြီး စားသုံးသူကာကွယ် ရေးဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားအသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၃၀)ပေပါ(သို့)ပိဿာ ၃၃၀၀ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ခွဲတမ်းရရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/ လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သဲကုန်းမြို့နယ် ရဲ့ရဲ့ကန် (အ.မ.က)တွင်အသိပညာပေးဟောပြောဆွေးနွေး

          နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည်  (၃.၂.၂၀၂၅)ရက်နေ့ နံနက်( ၁၀:၀၀) နာရီ အချိန်တွင် သဲကုန်းမြို့နယ်  ရဲ့ရဲ့ ကန်အုပ်စု၊ ရဲ့ရဲ့ကန်ကျေးရွာ (အ.မ.က)တွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး ပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြား ပြီးနောက် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ  စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့် (ဆ) တို့တွင် ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူတို့မှ ကုန်ညွှန်းအမှတ် အသားများကိုလက်တွေ့ ဖက်ရှု သရုပ်ပြသခြင်းနှင့် လက်ကမ်းစာ စောင်များဖြန့်ဝေခြင်း တိုကိုပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေး ပွဲသို့ ဆရာ/ဆရာမ(၅)ဦး ကျောင်းသား/  ကျောင်းသူ (၈၇)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

စားသုံးဆီဈေးကွက်စောင့်ကြည့်စစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ၄.၁.၂၀၂၅ ရက်နေ့နံနက် (၁၁:၃၀)အချိန်တွင် မြို့နယ်ဆီကုန်သည် အသင်း အဖွဲ့မှဥက္ကဌ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ အုတ်ဖို့မြို့နယ်မြို့မဈေးကြီးအတွင်းရှိ ဆီ ရောင်းချသောကုန်စုံဆိုင်ကြီးများအား ရှောင်တခင်ဝင်ရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ဈေးကွက်အတွင်းစားသုံးဆီရောင်းချလျက်ရှိသော ဆီကုန်သည်ကြီးများသည် ကုန်အမှတ် တံဆိပ်ပြည့်စုံစွာပါရှိသော ဆီများနှင့်စားအုန်းဆီ၊ပဲဆီ၊နှမ်းဆီများရောင်းချလျက်ရှိပြီး ရောနှောဆီ များရောင်းချခြင်းလုံးဝမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

          ယခုဇန်နဝါရီလတတိယပတ်တွင် ရောင်းဝယ်နေသောဈေးနှုန်းများမှာ စားအုန်းဆီ(၁)ပိဿာ လျှင် ၇၉၅၀ ကျပ်/၊ရွှေခေတ္တရာပဲဆီသန့်(၁)ပိဿာလျှင် ၁၆၀၀၀/ကျပ်၊Lotus ၅၀ကျပ်သား(၁)ဗူး လျှင် ၇၀၀၀ကျပ်/၊Duck တံဆိပ်ဟင်းရွက်ဆီ(၁)ပိဿာလျှင် ၁၅၀၀၀ကျပ်နှင့် အမေသီတာ(၁)ပိဿာ လျှင် ၁၅၅၀၀/ကျပ်တို့ဖြစ်ကြောင်းစုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့သက်သာဈေးဆိုင်ခန်းနှင့်အေးမြသာယာစိုက်/မွေးသိပ္ပံကျောင်းတို့တွင်ဈေးကားများဖြင့်‌ရောင်းချ

          ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး ခရိုင်ဦးစီးမှူး၏ လမ်းညွှန် ချက်၊အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုများနှင့်အညီ အုတ်ဖိုမြို့နယ် စားသုံးသူ  ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည် ကြီးများ၊ အုတ်ဖိုမြို့နယ်ဆီကုန်သည်နှင့် ဆီစက်ပိုင်ရှင်ကြီးများအသင်းနှင့်ပူးပေါင်းလျက် အုတ်ဖိုမြို့ နယ်ကိုယ်တိုင်စိုက်ပျိုး ရောင်းချသူများသက်သာဈေးဆိုင်နှင့်အေးမြသာယာစိုက်ပျိုး မွေးမြူရေးသိပ္ပံ အထက်တန်းကျောင်းတို့တွင် အပတ်စဉ်တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူးနေ့များတွင် သက်သာသောနှုန်းထား ဖြင့် ဆန်၊စားအုန်းဆီ၊ကြက်ဥနှင့်အသား၊ငါး၊ ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိပါသည်။

          ထိုသို့ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငါးလုပ်ငန်းဦးစီးဌာန စိုက်ပျိုးရေး ဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ပြီး ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊စားအုန်းဆီ ၅၀ ကျပ်သားလျှင် ၄၀၀၀ ကျပ်၊ငါးတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ကြက်ဥတစ်လုံး လျှင် ၃၅၀ ကျပ်၊ပန်းဂေါ်ဖီတစ်ပွင့်(အလတ်)လျှင် ၇၀၀ ကျပ်တို့ဖြင့် သက်သာစွာရောင်းချပေးလျက် ရှိပြီးစားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တစ်ရက်လျှင် ဆန်(၃)အိတ်နှင့်ဆီ(၁၁၀)ပိဿာရောင်းချ လျက်ရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ