သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကံမမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၈.၈. ၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ဦးဆောင်သော ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြောပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တာဝန်ခံမှ ဆေးဝါးရောင်းချသူများ လိုင်စင်လျှောက်ထားခြင်းအကြောင်းအရာများ၊ တားမြစ်ချက်များ၊ ဥပဒေများ အကြောင်းအားလည်းကောင်း၊ ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဥ်ဝင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် Certificate ရရှိထားသည့် လုပ်ငန်းရှင်များ၏ တာဝန်(၁၅)ချက် အကြောင်း အရာများ၊ ၎င်းလုပ်ငန်းရှင်၏ တာဝန်များဖောက်ဖျက်ကြူးလွန်ခဲ့လျှင် အရေးယူဆောင်ရွက်ရမည့် ပြစ်မှု ပြစ်ဒဏ်များ၊ Online Sale နှင့်ပတ်သက်ပြီး အငြင်းပွားမှုတိုင်ကြားမှုများ များပြားလာသည့်အတွက် စနစ်ပိုမိုလုံခြုံမှုရှိစေရန်နှင့် လုပ်ငန်းများလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် Two Factor Authentication (2FA) စနစ်ကို ထည့်သွင်းဆောင်ရွက်လျက်ရှိသည့်အကြောင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့် အကြောင်းအရာများအားလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် စီးပွား‌ရေးလုပ်ငန်းရှင်နှင့် ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း(၂၅)ဦးအား လက်ကမ်း စာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ပန်းသဇင်မလိုင်လုံးလုပ်ငန်းအား ကွင်းဆင်းစိစစ်”

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ(၂၂)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး ကျောက်ဆည်မြို့နယ်၊ ဇရပ်ဖြူကျေးရွာရှိ ပန်းသဇင် မလိုင်လုံးလုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး ၊(Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် မလိုင်လုံးထုတ်လုပ်သည့် လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း၁၈ပါ စီးပွား‌‌ရေးလုပ် ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက် များအားရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့်ပုဒ်မ(ဆ)ရှိကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးသို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ် ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထားလိုက်နာဆောင်ရွက်သွားကြရန်အွန်လိုင်းဖြင့်    ရောင်းချပါက www.doca.ecomreg.gov.mm သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း၊  မှတ်ပုံတင်လျှောက်ထားမှုမရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း  ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကံမမြို့၊ ရှမ်းကွင်းကျေးရွာရှိ "ခြူး" အကြာ်စုံလုပ်ငန်းသို့ သွားရောက်အသိပညာပေး  

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ကံမမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၈.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် ကံမမြို့၊ ရှမ်းကွင်း ကျေးရွာ၌ "ခြူး" အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချနေသော အကြော်စုံ လုပ်ငန်းအလုပ်ရုံသို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည် တာဝန်များအကြောင်း အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။

      ထုတ်လုပ်နေသည့် အာလူးကြော်နှင့် တို့ဟူးကြော်တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈) ပုဒ်မ(၄၁)အရ ဖော်ပြပါရှိရမည့်အချက်များနှင့် ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား အသေးစိတ် ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အ.လ.က ကွမ်းခြံကုန်းကျောင်း ဟောပြောပွဲကျင်းပခြင်း

                 ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဒေါ်တင်တင်နိုင် သည် ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ အား/ကာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အ.လ.က ကွမ်းခြံကုန်း ကျောင်းတွင် ဆရာ/ဆရာမ (၁၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပယ်နှင့် စားသုံးသူများ ရရှိနိုင်မည့် စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ စားသုံးသူများ ပစ္စည်းဝယ်ယူသုံးစွဲရာတွင် မည်သည်တို့ကိုကြည့်ရှုဝယ်ယူရမည်ကို ကလေးများနားလည်သဘောပေါက်လွယ်အောင် ရှင်းလင်း ပြောကြား၍ လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ထားသိုရန် စိစစ်ခဲ့ ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီအောင်နိုင်တိုးစပါး (Rstocs) မျိုးသန့်မျိုးစေ့ထုတ်စိုက်ပျိုးခြင်းအခမ်းအနား

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် (၉း၀၀) အချိန်တွင် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူဦးကျော်ကျော်ဦး၏ ကွင်းအမှတ်-၈၉၄-က၊ ဦးပိုင်အမှတ်၃၅/၄ စိုက်ဧက ၅.၀၀ ဧကတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီ အောင်နိုင်တိုးစပါး (Rstocs) မျိုးသန့်မျိုးစေ့ ထုတ်စိုက်ပျိုးခြင်းအခမ်းအနားအား ကျင်းပပြုုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အောင်နိုင်တိုးစပါးမျိုးပင်များအား ကောက်စိုက်သမများဖြင့် စိုက်ပျိုး နေမှုများအားကြည်ရှု့အားပေးခဲ့ကြောင်း သိရှိရပါသည်။

  (DOCA)ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စက်မှုစီမံကိန်းဝန်းအတွင်းရှိ ကွန်ကရစ်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

      ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၄.၈.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကွန်ကရစ်ကျောက်တိုင်များ ထုတ်လုပ်သော လုပ်ငန်းဖြစ်သည့် Power Pillar Co. ,Ltd ၏ တာဝန်ရှိသူ မန်နေဂျာနှင့် တွေ့ဆုံ၍ မြေပြင်၌ အမှန်တကယ် လည်ပတ်ခြင်း ရှိ/မရှိ၊ ကွန်ကရစ်တိုင်များ ထုတ်လုပ်ရာတွင် လိုအပ်သော PC Wire များ အမှန်တကယ်လိုအပ်မှု ရှိ/မရှိ ၊ ကုန်ထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  (DOCA)ဧရာဝတီ

 

တနင်္သာရီတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) အား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး အဂတိလိုက်စား မှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင်၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ (CPU) အဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးတင်ပြခြင်း၊ အဖွဲ့ခေါင်း ဆောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဩဂုတ်လ ( ၁၅ )ရက်နေ့ နံနက် (10:30)အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဆိုင်အရေအတွက် (23)ဆိုင်၊ အစားအသောက် အရေအတွက် (၂၃)မျိုးအား Chemical ပစ္စည်းများပါဝင်မှု ရှိ/မရှိ Formalin ဆေးထည့်ထားမှုရှိ/မရှိ တို့ကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

  (DOCA)ဧရာဝတီ

ကျောင်းကုန်းမြို့နယ် ဆန်စက်ကြီးများအားကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဩဂုတ်လ ( ၁၅ )ရက်နေ့ နံနက် (10:30)အချိန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ကျောင်းကုန်းမြို့နယ်ဆန်စက်ကြီးများတွင် Gasifier မှ ထွက်ရှိလာသောရေဆိုးများစွန့်ပစ်မှုမရှိစေရေး၊ အနည်စစ်ကန် (Waste Water Treatment Plant) ပြုလုပ်ပုံနည်းစနစ်မှန်ကန်မှု ရှိ/မရှိနှင့် အနည်စစ်ကန်မှ စက်ဖွဲပြာများကို ကုန်စင်သည့်အထိ အဆင့်ဆင့်စစ်ထုတ်ပြီးမှသာ ရေသန့်များကို စွန့်ထုတ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ရေနှုတ်မြောင်းများ ညစ်ညမ်းမှုမရှိစေရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

  (DOCA)ဧရာဝတီ

 

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီBOD (4/2025-2026) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့်တက်ရောက်

     ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ BOD (4/2025-2026)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

   ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တက်ရောက်လာကြသော အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာ စကားပြောကြား၍ အစည်းအဝေးအား နေ့လယ် (၁၁း၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ