ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ အာဟာရဖြည့်စွက်စာအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ်ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အော်ယောရပ်ကွက်၊ ပင်းတယမြို့ရှိ ရွှေပင်ကို ကုန်စုံဆိုင်တွင် အာဟာရ ဖြည့်စွက်စာများအား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။ ထိုသို့ စစ်ဆေးရာ၌ Gold Cow၊ Dupro  ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်းတွေ့ရှိရပြီး အဆိုပါ စီးပွား‌ရေးလုပ်ငန်းရှင် အား စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်း မပြုရန်၊ သတ်မှတ်စံချိန် စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)