
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကလောမြို့နယ်၊ ဟဲဟိုးမြို့အတွင်းရှိဆန်စက်နှင့်ဆန်သိုလှောင်ရုံများအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန် အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလောမြို့နယ်အတွင်းရှိ ဆန်စက်နှင့်ဆန်သိုလှောင်ရုံများတွင် ရွှေဘိုပေါ်ဆန်း၊ ဧည့်မထဆန်၊ တောင်ယာဆန်၊ ရွှေရင်အေး ဆန်/စပါးများကိုသာကြိတ်ခွဲ ရောင်းဝယ်မှုပြုကြသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူး နှင့် တာဝန်ရှိသူများသည် ဆန်စက်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှု ပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ စပါးတင်း(၂၅၀၀)နှင့်အထက်စပါး သိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန်၊ စပါး/ဆန်ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများပြုစုပေးပို့ရန်နှင့်စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)
