သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

နတ်တလင်းခရိုင်ရှိအိမ်ဆောက်ပစ္စည်းဆိုင်များသို့ကွင်းဆင်းစစ်ဆေး

            နတ်တလင်းခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒု - ခရိုင်တာဝန်ခံ ဦးခင်မောင်ထွန်း မြို့နယ် တာဝန်ခံ ဒေါ်အေးအေးဆွေနှင့် ဝန်ထမ်းများသည် (၁၈.၈.၂၀၂၅)ရက်နေ့ နေ့လယ် (၂း၀၀)နာရီ အချိန်တွင် မြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ နတ်တလင်းမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသော ကုန်မာဆိုင်များသို့ သွားရောက်ပြီး သွပ် ၊ သံ ၊ ဘိလပ်မြေ ရောင်းချနေမှု၊ သံချောင်း ၊ အိမ်သုပ်ဆေး ၊ ရောင်းချနေမှုနှင့် ဈေးကွက်၊ ဈေးနှုန်း၊ အခြေအနေတို့အား အဖွဲ့စုံတို့ဖြင့် စစ်ဆေးခဲ့ ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်တလင်းမြို့ပေါ်ရှိဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှု အခြေအနေများ အားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း အခြေအနေများ အားလည်းကောင်း၊ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ ပြတ်လပ် မှုမရှိ ကြောင်း  သိရှိရပါသည်။                                                           

 DOCA(ပဲခူး)

“ စဉ့်ကိုင်မြို့ရှိ ဒေါ်လာ စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

           ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ (၂၅)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့ရှိ ဒေါ်လာ စားသုံးဆီအရောင်းဆိုင်သို့ သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင် ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့်စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့် ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ စဉ့်ကိုင်မြို့၊ အုန်းပင်ခြံရပ်ရှိ အောင်သိဒ္ဓိ ဆန်အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး”

          ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဩဂုတ်လ (၂၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ စဉ့်ကိုင်မြို့၊ အုန်းပင်ခြံရပ်ရှိ အောင်သိဒ္ဓိ ဆန်လက်လီ၊ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စဉ့်ကိုင်မြို့ ၊ အုန်းပင်ခြံရပ်ရှိ အောင်သိဒ္ဓိ ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။  

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိ ကုန်စုံဆိုင်များအား အိုင်အိုဒင်းဆားပါဝင်မှုရှိ/မရှိကွင်းဆင်း”

         ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦး‌ဆောင်၍ မြို့နည်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သောပူးပေါင်းအဖွဲ့များဖြင့် သြဂုတ်လ(၂၆)ရက်နေ့တွင် ကျောက်ဆည်မြို့၊မြို့မစျေးနှင့်အေးမြကြည်လင်စျေးအတွင်းရှိ ကုန်မျိုးစုံ‌ရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးက ဆားများတွင် အိုင်အိုဒင်းဆားပါဝင်မှုရှိ/ မရှိနှင့် ဆားကြမ်းများတွင် အိုင်အိုဒင်းဆားပါဝင်မှုမရှိပါက စားသုံးသူပြည်သူများတွင် လည်ပင်းကြီးရောဂါများဖြစ်ပွားနိုင်သည့် အတွက် အိုင်အိုဒင်းပါဝင်သော ဆားများကိုသာ ရောင်းချရန်လိုအပ်ကြောင်း၊ ဆားများသိုလှောင်ထားရှိရာတွင် အေး၍ခြောက်သွေ့သောနေရာတွင် ထားရန်၊ နေပူထဲတွင်မထားရှိရန်များအားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

သာယာဝတီခရိုင်တွင် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

                   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မအူကုန်ရပ်ကွက်၊ ဦးအောင်သက်ခိုင် Aroma ရေသန့်လုပ်ငန်းရှင်နှင့် ( ၁၈.၈.၂၀၂၅ ) ရက်နေ့ ၊ နေ့လယ် ( ၁၀:၀၀ ) နာရီအချိန်တွင်၊ လက်ပံတန်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ မှတွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း ဥပဒေအခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊  ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူ လက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်တွင်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မင်းရပ်ရက်ကွက်၊ သခင်ဖိုးလှကြီးလမ်းရှိ ဦးသိန်းဦးဇော် စံမဥ္ဇူရေသန့်လုပ်ငန်းရှင်နှင့် (၁၈.၈.၂၀၂၅) ရက်နေ့ ၊နံနက်  ( ၁၁:၀၀ ) နာရီအချိန်တွင်၊ လက်ပံတန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှတွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊   သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း  ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊  ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကိုအအလေးထားဆောင်ဆောင်ရွက်ရန်အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မစျေးအတွင်းကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ၊စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံဦးချစ်ကိုကို၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန စားသုံး/ထုတ်လုံဌာနခွဲမှ ဦးဇော်ထွန်း၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများသည် (၁၈.၈.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် လက်ပံတန်းမြို့မဈေးအတွင်းနှင့်မြို့နယ်အတွင်းရှိဆိုင်များသို့ သွားရောက်၍ Ready Made အရန်သင့်အစားအစာများ ရောင်းချနေမှုများတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီမှူး ရေတာရှည်မြို့နယ်မှ လုပ်ငန်းရှင်များအား တောင်ငူမြို့၌တွေ့ဆုံ

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဩဂုတ်လ ၁၆ ရက် နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်ရှိ စားသုံးဆီလက်လီ လက်ကားရောင်းချသူ (၅)ဦးအား တွေ့ဆုံပြီး ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားအုန်းဆီ များအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ စားသုံးသူပြည်သူအားလုံး လက်ဝယ်သို့ ရောက်ရှိရေး စနစ်တကျ ရောင်းချဖြန့်ဖြူးရန်၊ အမှတ်တံဆိပ်ပါ စားသုံးဆီများအား ရောင်းချရာတွင် ညွှန်ကြား ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြသည့် ဆီများကိုသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

              စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးသည် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်အတူ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ Light House Coffee လုပ်ငန်းရှင် ဦးဇေယျာမင်းအား တောင်ငူမြို့ရှိ ပဲခူးတိုင်းဒေသကြီးအစိုရအဖွဲ့ ဒေသထုတ်ကုန်ရောင်းစင်တာ(တောင်ငူ)၌ တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုနှင့် ဈေးကွက်အခြေ အနေတို့ကို ဆွေးနွေးပြီး စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်အတွင်း GACC လျှောက်ထားသည့် ဆန်စက်များအားကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေး ဌာနမှ ဌာနမှူး၊ ဦးသန့်စင်နှင့် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်း လီမီတက် (MITS)မှ လက်ထောက်မန်နေဂျာ ဦးကျော်ဇင်တို့သည် ဩဂုတ်လ ၁၇ ရက်နေ့က The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် တောင်ငူခရိုင် အုတ်တွင်းမြို့ရှိ ရွှေဖလားဆန်စက်သို့ စစ်ဆေးကြည့်ရှုရာ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

              တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများတင်ပို့သည့် ကုမ္ပဏီများသည် အဆင့်မီဆန်စက်ကြီးများနှင့် စာချုပ်ချုပ်ဆို၍ ဆန်နှင့်ဆန်ထွက်ပစ္စည်းများနိုင်ရေးအတွက် The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ် လျှောက်ထားရာ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနနှင့် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်း လီမီတက် (MITS)တို့ ပူးပေါင်း၍ Sanitary and Phytosanitary Protocol - SPS Protocol ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခြင်း ဖြစ်ပါသည်။

              စစ်ဆေးရေးအဖွဲ့သည် Sanitary and Phytosanitary Protocol -  SPS Protocol ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးရာတွင် ကုန်ကြမ်းနှင့်ကုန်ချော သိုလှောင်ရုံများကို စစ်ဆေးခြင်း၊ စက်ရုံအတွင်း ကုန်ကြမ်းနှင့်ကုန်ချောထားရှိမှုများကို စစ်ဆေးခြင်း၊ လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်ရာ စက်ပိုင်ရှင် ဦးထွန်းဇော်ဦးက လိုက်လံရှင်းလင်းပြသပါသည်။ စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍  (GACC) မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

သာစည်မြို့နယ်ရှိ ကျောက်ဖရုံယိုလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊  သာစည်မြို့နယ်တာဝန်ခံဦးဆောင်၍ သာစည်မြို့နယ် ကွမ်းခြံရိုးကျေးရွာရှိ ဦးကြည်ဦး၏ ကျောက်ဖရုံယိုလုပ်ငန်းသို့ ၁၈-၈-၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် သာစည်မြို့နယ်တာဝန်ခံမှ ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ(၈)ချက်၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ(၁၁)ချက်၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန် လုပ်ငန်းရှင်အား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ