ဘားအံမြို့ရှိ အ.ထ.က (၁) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်း များသည် ၁၇-၇-၂၀၂၆ ရက်၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူ ကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောခဲ့ပြီး ဆက်လက်၍ ရုံးအုပ် ဒေါ်သီတာဌေးက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ် အသားအကြောင်းကို  ကျောင်းသား၊ ကျောင်းသူများအား မုန့်နမူနာများဖြင့်ပြောကြားခဲ့ပြီး (၁၅၃၅) သို့ဖုန်းခေါ်ဆိုမှုများလက်တွေ့ သရုပ်ပြခေါ်ဆိုခဲ့ပြီး ကျောင်းသား (၁) ဦးနှင့်ကျောင်းသူ (၃) ဦးမှ သိလိုသည်များမေးမြန်ကာ ဆရာ၊ ဆရာမ (၂၀) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၁၈၀)ဦး စုစုပေါင်း ဦးရေ(၂၀၀) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ကရင်)