သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးဈေးအတွင်းရှိ ဆန်လက်လီ/လက်ကားရောင်းချမှုများ အဖွဲ့စုံဖြင့် ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြ

စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများသည် (၁၇.၂.၂၀၂၅) ရက်နေ့ ၊ နေ့လယ် ပိုင်းတွင်  ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးအတွင်းရှိ ဆန်လက်လီ/လက်ကားအရောင်းဆိုင် (၃) ဆိုင်သို့ မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ဆန်ရောင်းချမှု/ ကွင်းဆင်းအသိ ပညာပေးမှုများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရပါသည်။

 ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်များသည်   ရွှေဘိုပေါ်ဆန်း (သစ်/ဟောင်း)၊ ဧရာ ပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ တောင်ပျံ၊ မြောင်းမြ၊ ဧည့်မထဆန်အမျိုးမျိုး စသည့်ဆန်များကို   ဖေဖော် ဝါရီလအတွက် ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေး ပြောကြားခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ် ( သာကေတ ) ဆိပ်ကမ်းရှိ MV.MCL(3)ရေယာဉ်အား အဖွဲ့စုံဖြင့် သွားရောက်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက် အရအကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ အရှေ့ပိုင်း ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲကွက်ကဲမှုအဖွဲ့နှင့် အကောက်ခွန် ဦးစီးဌာနတို့ပါဝင်သော အဖွဲ့များသည် သာကေတမြို့နယ် (သာကေတ) ဆိပ်ကမ်း အား သွားရောက်စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင် (ရန်ကုန်မှကော့သောင်း)သို့ ထွက်ခွာမည့် ကမ်းရိုးတန်း သင်္ဘောဖြစ် သော  MV.MCL(3) ရေယာဉ်ပေါ်တွင် ကုန်ပစ္စည်းမျိုးစုံ (1၆၃၆.၈၈၃)တန်ကို ပူးပေါင်း စစ်ဆေးရေး အဖွဲ့ဖြင့်(၁၈.1.2025)ရက်နေ့ နံနက်(11:15)နာရီမှ စတင်စစ်ဆေးခဲ့ပြီးတရားမဝင် ကုန်ပစ္စည်း များနှင့် လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်းမရှိစေရေးနှင့်မူးယစ်ဆေးဝါးများသယ်ဆောင် ခြင်းများမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ်တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်)မှထုတ်ယူခဲ့သော စားအုန်းဆီ(၈၄)ပေပါမှ (၃၀)ပေပါအား ယာဉ် အမှတ် 6F/5983 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၂၁.၁.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး တိုင်းဦးစီးမှူးသည် ဆီအုန်းစိုက်ပျိုး၊ ထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

          ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လည် ၁၃:၃၀ အချိန်၊ ကော့သောင်းခရိုင် ကုန် သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးသည်ကော့သောင်း မြို့သို့ရောက်ရှိစဉ် တနင်္သာရီတိုင်းဒေသကြီးဆီအုန်းစိုက်ပျိူးထုတ်လုပ်သူများအသင်းအား ပြန် လည်ဖွဲ့စည်း သက်ဝင်လှုပ်ရှားနိုင်ရေးအတွက် ကော့သောင်းခရိုင် ဆီအုန်းကုမ္ပဏီများ၊ ကိုယ်တိုင် စိုက်ခြံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး တိုင်းဦးစီးမှူးသည် ကော့‌သောင်းရုံး၏ ရုံးအရှေ့မျက်နှာစာနှင့် အမိုးပြင်ဆင်ခြင်းအား လာရောက်ကြည့်ရှုစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးတိုင်းဦးစီးမှူး ဦးစိုးဦးသည် ကော့သောင်းခရီုင်ဦးစီးမှူးရုံး၏ ရုံးအရှေ့မျက်နှာစာ၊ အမိုး ပြင်ဆင်ခြင်းအတွက် တင်ဒါအောင်မြင်သည့် ငွေတိုးစံကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တင်ဒါစည်းမျဉ်းစည်းကမ်းအတိုင်းဆောင်ရွက်ရန်နှင့် စာချူပ် ချူပ်ဆိုထားသည့် သတ်မှတ်ရက် အတိုင်း အချိန်မီ ပြီးစီးတင်ပြရန်နှင့် တည်ဆောက်‌‌ရေးလုပ်ငန်းအား လာရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

သာစည်မြို့နယ်၊ ကုန်းတောင်းကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း

             မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်၊ ကုန်းတောင်းကျေးရွာတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၅ခုနှစ် ၊ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက်(၁၀း၀၀) နာရီချိန်တွင် စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေး ရာ ဌာနခွဲ ဒေါ်သိမ့်သူဇာမောင်မှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့််တာဝန်များ အကြောင်း၊ စားသုံးသူအခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေး ခဲ့ပါသည်။ လုပ်ငန်းရှင်များ အနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ( ၅၄ ) ဦးတက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကိုနံနက်(၁၁း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရမည်သင်းမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရေး အသိပညာပေး Talk Show ကျင်းပ

             မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်ရမည်သင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာတပ်ဆင်ရေးအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါလ ၂၀ ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ရမည်းသင်းမြို့နယ်တာဝန်ခံ ဦးစန်းအောင်မှ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ တပ်ဆင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က (၂/၂၀၁၉)ဖြင့် အမိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ ကုန်စည်တွေအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရန် လိုအပ်ကြောင်း၊ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ တပ်ဆင်ခြင်းမရှိပါက  စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှု၊ပြစ်ဒဏ်များရှိကြောင်း၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ တပ်ဆင်ခြင်းမရှိပါက ထောင်ဒဏ် (၂)နှစ်နဲ့ ကျပ်သိန်း(၂၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ကျခံနိုင်ရကြောင်း၊ လုပ်ငန်းရှင်များအနေနဲ့ တပ်ဆင်ရန် အခက်အခဲရှိပါက  စားသုံးသူရေးရာဦးစီးဌာနမှာ လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့ပြီး စားသုံးသူများအ‌နေနှင့် ကုန်စည်၊ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)မှာစာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ၊ e-mail ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀)နာရီအချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်အတွင်းရှိ ဆီစက်များသို့ ကွင်းဆင်းဆောင်ရွက်

          ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် စားသုံးသူရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ်ရှိ ဆီကြိတ်စက်များသို့ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကွင်းဆင်းအဖွဲ့အနေဖြင့် ဆီစက်များ၏ ဆီကြိတ်ခွဲထုတ်လုပ်မှု အပေါ် စက်စွမ်းအား၊ စက်လည်ပတ်မှုရှိ/ မရှိ၊ ကုန်ကြမ်းဝယ်ယူမှု၊ ကုန်ချောထုတ်လုပ်မှု၊ တင်ပို့ရောင်းချ မှုနှင့် ကြုံတွေ့ရသည့်အခက်အခဲအခြေအနေများကို ကွင်းဆင်းစိစစ်လေ့လာခဲ့ကြသည်။

          မိတ္ထီလာခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းသီးနှံနှင့် နေကြာတို့ကို စိုက်ပျိုးဖြစ်ထွန်းပြီး စားသုံးဆီကြိတ်ခွဲထုတ်လုပ်သည့် စက်အနေဖြင့် မိတ္ထီလာမြို့နယ်တွင် (၃၈)စက်၊ မလှိုင်မြို့ နယ်တွင် (၅၀)စက်၊ သာစည်မြို့နယ်တွင် (၁၅)စက်၊ ဝမ်းတွင်းမြို့နယ်တွင်(၁၃)စက်၊ စုစုပေါင်း (၁၁၆) စက်ရှိကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။ ဆီစက်များမှာ ဆီထွက်သီးနှံများကို တန်ဖိုးမြှင့်ထုတ်လုပ်နေသော ကုန်ထုတ်လုပ်ငန်းများဖြစ်ရာ ဒေသတွင်းစားသုံးဆီထုတ်လုပ်နိုင်မှုအခြေအနေကို သိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေရေး ကွင်းဆင်းခြင်းနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီဝင်များနှင့် အတူပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်သုံးစွဲမှု လျော့နည်းစေရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်းမရှိစေရေးစစ်ဆေးခြင်းနှင့် ပလတ် စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျော်ဖက်၊ ကြာဖက်နှင့် သတင်းစာစက္ကူများ အစားထိုး သုံးစွဲခြင်းဖြင့်  တနင်္လာနေ့အား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးနေ့အဖြစ် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ပေးကြပါရန် အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

        ထို့နောက်စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်တာဝန်ခံမှ ပွင့်ဖြူမြို့၊ မြို့မဈေး အတွင်းရှိ ကုန်စုံဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟု ထုတ်ပြန် ထားသောကုန်စည်များ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ပါဝင်ခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့နယ်၊ စကုမြို့အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

             မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ကျောင်းများသို့ကွင်းဆင်း၍ အသိပညာပေးခြင်း ဆောင်ရွက်လျက်ရှိရာ (၁၈.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မင်းဘူးမြို့နယ်၊ စကုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီးမှူးက အားကာသိပ္ပံကျောင်းနှင့်ပတ်သက်၍ သိကောင်းစရာများအကြောင်းကို လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားအုန်းဆီစားသုံးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ စားသုံးသူနှင့် လုပ်ငန်းရှင်ကြားကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ပါက တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့် ပုံစံများအကြောင်းအားလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ