
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေး ရေးအရာရှိ)နှင့်ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်ခန့်တွင် Mybaco မုန့်ထုတ်လုပ်ဖြန့်ချီရေးကုမ္မဏီအား အမှတ်(၄)၊ မင်းနန္ဒာလမ်း၊ တိုးချဲ့ရပ်ကွက်(ဘီ)၊ အရှေ့ ဒဂုံမြို့နယ်သို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “Mybaco မုန့်ထုတ်လုပ်ဖြန့်ချီ ရေးကုမ္မဏီ”မှ ထုတ်လုပ်သည့် PUCCI မုန်လာဥနီပေါင်မုန့် ၊ PUCCI ချိစ်မရောနိစ်ပေါင်မုန့်၊ PUCCI ကတ်စတက်ပေါင်မုန့်၊ PUCCI မာဖင်ကိတ်၊ PUCCI ပီလိုပေါင်မုန့်၊ PUCCI ဘေဘီနို့ပေါင် မုန့်၊ PUCCI ပန်ဒန်ပေါင်မုန့်၊ PUCCI ငှက်ပျောသီးကိတ် စသည့် PUCCI အမှတ်တံဆိပ် မုန့်အမျိုးအမျိုးထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိခြင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး ဒေါ်မိုးမိုးကြည်(စစ်ဆေးရေး အရာရှိ)နှင့်ဝန်ထမ်းများက စက်ရုံမှတာဝန်ရှိသူနှင့်တွေ့ဆုံ၍စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင့်သိရှိရပါသည်။
DOCA(ရန်ကုန်)
