သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက် အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   ၈.၉.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်း ခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ် များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့် ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှု ပိဿာတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ရာ သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၃)စုအား မြေပြင်းကွင်းဆင်းစစ်ဆေးခဲ့ပြီး Myanmar Top Nokh Co.ltd မှ ဖြန့်ဖြူးရောင်းချ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန်မြို့နယ် အမဲဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

   (၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင်စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ မင်္ဂလာတောင်ညွန်မြို့နယ်၊ အမဲဈေးရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မင်္ဂလာတောင်ညွန်မြို့နယ်၊ အမဲဈေးရှိ စားအုန်းဆီ အရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူ ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာချိန်တွယ်ပေးပါကြောင်း လက်ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေး ချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေမြို့နယ်ရှိ Orange Mart နှင့် One Stop Mart တို့သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ‌ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ (၆-၉-၂၀၂၅) ရက်နေ့တွင် တာမွေမြို့နယ်၊ ဝေဇယန္တာ One Stop Mart နှင့် One Stop Mart တို့သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင်ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)ကကုန်ပစ္စည်း များနှင့်ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချ   နေသောဈေးနှုန်း များကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချ ခြင်းရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိကုန်ညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့်အခြား ဘာ သာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဒဂုံမြို့နယ်အတွင်း စားအုန်းဆီရောင်းချမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

  ၅.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စား လှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က တောင်ဒဂုံမြို့ နယ်၊ (၂၁)နှင့် (၅၅)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား စားအုန်းဆီရရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်အတွင်း စားအုန်းဆီ ရောင်းချမှုမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   ၅.၉.၂၀၂၅ ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်ခန့်တွင်စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင် ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူး သည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင် (၁) အိမ်ထောင်စု စားအုန်းဆီ ရရှိမှု ပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် သိုလှောင်ခြင်း/ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ဖြန့်ဖြူးသည့် ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၂ ရာခိုင်နှုန်းဖြင့် ရောင်းချမှုအခြေအနေနှင့်စပ်လျဉ်း၍ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ ၁၀/တောင်(၁၂)ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု(၃)စုအား မြေပြင်ကွင်းဆင်းဆင်းစစ်ဆေးခဲ့ပါသည်။ စားအုန်းဆီများအား Myanmar United Asia Service Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရွှေရွက်လှေဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၈.၉.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ လှိုင်သာယာမြို့နယ်ရှိ ရွှေရွက်လှေဆန်ဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချ မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ရွှေရွက်လှေဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဉီးစီးဌာနမှ ဆန် သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ သတ်မှတ်ထားသည့် ရည်ညွှန်း ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန်တန်ချိန်(၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ ဆန်စပါးအွန်လိုင်း(Myanmar Rice Online)တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

 DOCA (ရန်ကုန်)

ပြည့်ဝဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

  (၈.၉.၂၀၂၅) ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဉီး၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးတာဝန်ခံ နှင့်အတူ ပြည့်ဝဆန်ဆိုင်တွင် ဆန်ရောင်းချမှုအခြေ အနေများကို ကွင်းဆင်းစစ်ဆေးအသိပညာ ပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်ဈေးအတွင်းရှိ ပြည့်ဝဆန်အရောင်းဆိုင်အား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်း မပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေး လျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင်ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်း ခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။ 

 DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်ရှိ ဆန်အရောင်းစင်တာများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း

    (၈.၉.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဉီးတို့သည် လှိုင်သာယာမြို့နယ်ရှိ ဆန်အရောင်းစင်တာများသို့ သွားရောက်၍ ဆန်များကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် City Mart ဆန်အရောင်းကောင်တာရှိ စားသုံးဆန်များ အား သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာနက လစဉ်ထုတ်ပြန်လျက်ရှိသည့် ဆန်ရည်ညွှန်းဈေးနှုန်းများကို သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

  ဆက်လက်၍ အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း၊ ဇုန်(၂)၊ လှိုင်သာယာမြို့နယ်Ocean Super Center ရှိ တာဝန်ခံနှင့်တွေ့ဆုံကာ ရောင်းချနေသော ဆန်များသည် သတ်မှတ် ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိတို့ကို စစ်ဆေး ခဲ့ကြပြီး လိုက်နာမှုမရှိသောလုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ (၁.၉.၂၀၂၅)ရက်နေ့ မှ (၆.၉.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

  ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျှက်ရှိကြောင်း သိရှိရသည်။

   ထိုသို့ ထုတ်ပေးလျှက်ရှိသော စားအုန်းဆီများအား  ပြည်တွင်းဈေးကွက်၌ ရောင်းဝယ် ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန် ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူး  ရောင်းချသူ များ အနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်း ဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်စေရေး၊ စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံး နိုင်စေရေး တို့အတွက်လည်း တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများက ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ (..၂၀၂၅)ရက်နေ့ မှ (..၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ (၁၆)ခုနှင့် စားအုန်းဆီတန်ချိန် (၂၈၄၉.၂၀၅)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးစီးမှူးရုံးမှ၊ ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးရုံးမှ၊ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်နှင့်ဆူးလေကုန်းရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရတနာသိန်း၊ ရွှေတိုက်စိုး၊ သီရိအောင်၊ သဇင် စသည့် အရောင်းဆိုင်များမှ စားအုန်းဆီတစ်ပိဿာ (၇၄၀၀) ကျပ်၊ လူတစ်ဦးလျှင် (၅၀) ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန်ပြည့်မှီစွာ ရောင်းချပေးရန်၊ မိမိရရှိသောခွဲတမ်းရရှိသည့်အတိုင်းအားလုံးရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ