သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ.မ.က ရှမ်းတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    (၁၁.၉.၂၀၂၅) ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရှမ်းတန်းကျောင်းအတွင်းရှိ ကျောင်းသား/ကျောင်းသူ (၁၀၂) ဦးတို့အား မြို့နယ်ပြန်ဆက်၊ မြို့နယ်မီးသတ်အဖွဲ့များနှင့် အတူစားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့နယ်ပြန်ဆက်မှ တာဝန်ခံသည် လူငယ်နှင့်စာရိတ္တ၊ လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ နယ်မြေမီးသတ်တာဝန်ခံ ဦးဝင်းနိုင်မှ မီးသတ်ဌာန၏ လုပ်ငန်းစဉ်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေး အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၁၀.၉.၂၀၂၅ ရက်နေ့ ၊ နံနက် (၉:၀၀) အချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်များအား မြို့နယ်ထွေအုပ်၊ ကျေးလက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့သို့ စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ဓာတ်မြေဩဇာအိတ်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ/မရှိ၊ ဈေးကွက်အတွင်းရောင်းချသော ဓာတ်မြေဩဇာများ၊ စိုက်ပျိုးရေးဆေးများ၊ သွင်းအားစုများအား ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့်သာ ရောင်းချစေရေးတို့အား အသိပေး၍ ရောင်းဝယ်မှုအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ

 

“ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးရှိအလှကုန်ဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသောဆိုင်များရှိ အလှကုန်ပစ္စည်းများတွင် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများ ရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာ ဝန်ခံတို့ ပူးပေါင်း၍ စက်တင်ဘာလ(၅)ရက်နေ့၊ နေ့လည်(၁၄:၃၀)နာရီအချိန်တွင် စည်ပင် သာယာဈေးရှိ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မ ရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ် အထက်တွင် ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိ ခြင်း ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပြီး မြို့နယ်တာဝန်ခံက ဆိုင်ရှင်များအား မိမိတို့ဆိုင်တွင် ရောင်းချနေသော ကုန်စည်များတွင် စားသုံးသူများ လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိပြီး ကုန်စည်၏ သတင်းအချက်အလက်ပြည့်စုံစွာပါဝင်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အလှ ကုန်ပစ္စည်းများအား ရောင်းချခြင်းဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၊ကရင်ကန်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကရင်ကန်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်နှင်းဝေက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်အားကစားမှူး ဦးခုပ်စွမ်းခိုင်က အားကစားစိတ်ဓာတ်အကြောင်းနှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက် က တိုင်းရင်းဆေးဝါးများအကြောင်းများကို အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်း ထားရှိမှု စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအား အသိပညာပေးခြင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲပါက ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ရ မည့်အချက်များအား ရှင်းလင်းခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာခဲ့ပါက အသိ ပေးတိုင်ကြားနိုင်ရန် စားသုံးသူရေးရာဦးစီးဌာ၏ Call Center No. 1535သို့ ဆက်သွယ်တိုင်ကြား နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

ဆက်လက်၍ အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက် အချိုရည်အမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိ၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများ ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/မရှိတို့အား စစ်ဆေး ခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ကလေးငယ်များ ဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များအားရောင်းချမှု မပြုလုပ်ကြရန်၊ အသုပ်စုံများ ရောင်းချရာ တွင် သန့်ရှင်းမှုရှိရန်နှင့် အဖုံးအအုပ်များဖြင့် ဖုံးအုပ်ထားကြရန်နှင့် အမှည့်လွန်သစ်သီးများ ရောင်းချမှုမပြုလုပ်ကြရန်တို့ကို အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရေကြည်မြို့နယ်၊ အသုတ်မြို့ ကြာဇံစက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

     (၈.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် တာဝန်ခံသည် အမှတ်(၁) ရပ်ကွက်၊ သစ်ဆိမ့်ကုန်းရှိ ငွေလဝန်း ကြာဇံစက်ရုံ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိစေရန်နှင့် အစားအသောက်များ ထုတ်လုပ်ရောင်းချရာတွင် ဘေးအန္တရာယ်မရှိစေရန် သန့်ရှင်းရေးအထူးပြုဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

    (DOCA)ဧရာဝတီ

ရေကြည်မြို့နယ်၊ အသုတ်မြို့ မြို့မစည်ပင်သာယာဈေးတွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များစစ်ဆေးခြင်း

    (၈.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၁၅) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေး‌ရေးအဖွဲ့များ ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ အသုတ်မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချလျက်ရှိသော ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊အထက်ပိုင်းရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်နှင့်မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော  Spriteအချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၁.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီက အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်နှင့်မုန့်မျိုစုံဆိုင်များတွင် ရောင်းချနေသော Sprite အချိုရည်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှအိမ်မဲမြို့နယ် ၊အထက်ပိုင်းရပ်ကွက် အတွင်းရှိ ကုန်မျိုးစုံဆိုင်နှင့်မုန့်ဆိုင်များတွင်ရောင်းချနေသော Sprite အချိုရည်ဘူးများတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ရာ မြန်မာစာနှင့်Spriteအကြည်ဘူးများသာ ရောင်းချခြင်းရှိကြောင်းစစ်ဆေးတွေ့ရှိပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

(DOCAဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော  Spriteအချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၁.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီက ဝါးခယ်မမြို့မဈေးနှင့် ရွာလည်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Sprite အချိုရည်ဘူး များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းးဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှမြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသောSprite အချိုရည်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

(DOCAဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရေသန့်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဖော်ပြခြင်းနှင့် ဈေးကွက်မရောက်မှီကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီက လပွတ္တာမြို့နယ်အတွင်းရှိရေသန့်လုပ်ငန်းတွင်ရောင်းချသောရေသန့်ဘူများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိနှင့်စပ်လျှင်း၍ဈေးကွက်မရောက်မှီ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ရေသန့်လုပ်ငန်းများသို့ သွားရောက်၍ ဈေးကွက်မရောက်မှီရေသန့်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ‌ရေသန့် လုပ်ငန်းရှင်များအားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်။

(DOCAဧရာဝတီ)

လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၁၁.၉.၂၀၂၃)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီက လပွတ္တာမြို့၊ မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက် စောင့်ကြည့် စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ မြို့ပေါ်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆိုင်(၃)ဆိုင်ရှိ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှဈေးကွက်စောင့် ကြည့်စစ်ဆေးမှုအား စဉ်ဆက် မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

(DOCAဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ