သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်တာဝန်ခံသည် “စုစုဖြိုး” သကြားကတွတ်ယိုနှင့်သစ်သီးယိုစုံ ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          ၁၈.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တာဝန်ခံ ဦးဇော်ဦးသည် “ထွန်း” အမှတ်တံဆိပ် “စုစုဖြိုး” သကြားကတွတ်ယိုနှင့်သစ်သီးယိုစုံ ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါ သည်။

          ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ကျိုက်ထိုမြို့နယ်တာဝန်ခံ က လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် စံမညီ‌ဆေးဈေးဝါး (၁၃) မျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

            ၁၇.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက် အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ဝယ်ယူစားသုံးသူမိဘပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် တရားဝင် ဆေးဝါးမှတ်ပုံတင်ထားသော ဆေးများတင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ၊ စံမမီဆေးဝါးများနှင့် တားမြစ်ထားသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆေးဆိုင်(၅)ဆိုင်အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၌ "အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်

(၂၀.၂.၂ဝ၂၅) ရက်နေ့၊ နံနက် (၀၉:၃ဝ) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 ပထမဦးစွာ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦး က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်း အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချသည့် အွန်လိုင်းရောင်းချသူ များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)ဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်း အတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူ နိုင်သော eComReg System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် စတင်၍ အသုံးပြုခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်ထိုမြို့နယ်တွင် (၁၀) ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ၁၈.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ အလှကုန် ပစ္စည်းအမျိုးမျိုး ရောင်းချနေသော စတိုးဆိုင်များသို့ သွားရောက်၍ (၁၀) ဂရမ်အထက်ရှိသော အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်အတွင်း၌ (၁၀) ဂရမ်နှင့် အထက် အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ သုံးစွဲသူများဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့် ကြိုတင်သတိ ပေးချက်ဖော်ပြထားခြင်း မရှိသော ကုန်ပစ္စည်းများရောင်းချခြင်း မပြုရန် အသိပေးပြောကြားခဲ့ ကြောင်း သိရပါသည်။

DOCA(မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် မြိတ် ပုဇွန်ငါးပိထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၁၉.၂.၂၀၂၅ ရက်နေ့တွင် “ကျော်စွာ” အမှတ်တံဆိပ် မြိတ် ပုဇွန်ငါးပိထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ် အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် နေကြာစိုက်တောင်သူနှင့် တွေ့ဆုံဆွေးနွေး

(၁၉.၂.၂ဝ၂၅) ရက်နေ့၊ မွန်းလွဲ (၁၄:၀ဝ) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာရှိ နေကြာစိုက်တောင်သူနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက တစ်ဧကအထွက်နှုန်း၊ တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ်တို့ကို မေးမြန်းခဲ့ရာ တောင်သူက နေကြာတစ်ဧက လျှင် အထွက်နှုန်းမှာ အရင်နှစ်က နေကြာ ၁၅ တင်းထွက်ရှိပြီး ယခုနှစ်တွင် နေကြာ တင်း ၂၀ ထွက်ရှိရန် မျှော်မှန်းထားကြောင်း၊ တစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှ (၃) သိန်းရှိပြီး မြေဩဇာ တစ်အိတ်ကို ၄၂၀၀၀ ကျပ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝယ်ယူရကြောင်း၊ ဒီဇင်ဘာလ ကုန်တွင် စတင်စိုက်ပျိုးရာ (၄၅) ရက်အကြာတွင် အပွင့်ပွင့်ကြောင်း၊ နောက်ထပ် (၄၅) ရက်ကြာလျှင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က သိန်း (၄၀) အကျိုးအမြတ် ရရှိကြောင်း၊ ယခင်နှစ်က နေကြာ တစ်တင်းပေါက်ဈေးမှာ (၄၀၀၀၀) ကျပ်ဖြစ်ပြီး ယခုနှစ်တွင် နေကြာ တစ်တင်းပေါက်ဈေးမှာ (၄၅၀၀၀) ကျပ်ဖြစ်နေကြောင်း ကညှော်ကျေးရွာရှိ နေကြာစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်တွင် (၁၀ ဂရမ်နှင့်အထက်) အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ၁၉.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေင်္ဟသာဈေးအတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသော စတိုးဆိုင်များသို့ သွားရောက်၍ (၁၀ ဂရမ်နှင့်အထက်) ရှိသော အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါ ဈေးရှိ အလှကုန်ဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ရောင်းချနေသော Bella (နေလောင်ခံဂျယ်ခရင်)၊ Fair Lovely (နေ့စဉ်လိမ်းခရင်)၊ Bella (မျက်နှာသစ်ဆေး)၊ FIT Me (မိတ်ကပ်ရည်)၊ POP (အောက်ခံမိတ်ကပ်) စသည့်အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ၎င်းအလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထား သည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ ရွှေင်္ဟသာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

၁၇.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေင်္ဟသာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ အားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အဆိုပါ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Good Choice အမှတ်တံဆိပ်ဟင်းသီးဟင်းရွက်ဆီ၊ အမေထွားမြေပဲဆီ၊ Duck ဟင်းသီးဟင်းရွက်ဆီ၊ ပုဇွန်နှစ်ကောင်တံဆိပ်ဟင်းသီးဟင်းရွက်ဆီ၊ Mazin အမှတ်တံဆိပ်ဟင်းသီးဟင်းရွက်ဆီ များအား စစ်ဆေးခဲ့ပြီး အဆိုပါ စားသုံးဆီများမှာ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ ရောနှောဆီများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ စားဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိပြီး၊ ရောနှောဆီများရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် “ဆုဆု” အမှတ်တံဆိပ် ပုဇွန်ငါးပိထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၁၉.၂.၂၀၂၅ ရက်နေ့တွင် “ဆုဆု” အမှတ်တံဆိပ် အကောင်းစားရှယ် ပုဇွန်ငါးပိထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ညောင်တုန်းမြို့နယ်ရှိ စိတ်ကြိုက် ဖုန်းအပိုပစ္စည်း အရောင်းဆိုင်သို့ OnlineSalesနှင့်ပတ်သတ်၍စားသုံးသူရေးရာဦးစီးဌာနမှမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့်သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၇.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ချိုမီဇင်သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ စိတ်ကြိုက် ဖုန်းအပိုပစ္စည်း အရောင်းဆိုင် သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ်သော အချက် အလက် များကို မြေပြင်ကွင်းဆင်းစစ်ဆေးမှု များ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရေးအရာရှိသည် မြေပြင် ကွင်းဆင်း စစ်ဆေး တွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေးပြီးပါက Online Sales လုပ်ငန်း မှတ်ပုံတင် လက်မှတ်ထုတ်ပေး ခြင်း(သို့)ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ