အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန် မှုရှိ/မရှိ၊  မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင်အမှန်တစ်ကယ်ရောင်းချနေသောစာရင်း ကိုက်ညီမှုရှိ/မရှိတို့ကို (၁၅.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် သုမင်္ဂလာလမ်း၊ (၁၀) ရပ် ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့သွားရောက်၍ မရှိမဖြစ်အလှအပဆိုင် Online Shop မှ အလှကုန်ပစ္စည်းများအား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/ မရှိကိုစစ်ဆေးခဲ့ပြီး အလှကုန်ပစ္စည်းများဖြစ်သည့်အတွက် FDA ထောက်ခံချက် နှင့်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားရှိရမည်ဖြစ်ကြောင်း အသိပေးပြောခဲ့ပါသည်။

DOCA(ရန်ကုန်)