သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး Documentary ရိုက်ကူးရေး အစည်းအဝေးတက်ရောက်ခြင်း

          ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နေ့လည် ၁၄း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်း ဒေသကြီး Documentary ရိုက်ကူးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြော ကြားခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ ညှိနှိုင်းဆွေးနွေးခြင်းနှင့် တက်‌ရောက်လာ သောဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် Documentary နှင့်ပတ်သက်၍ ဆောင်ရွက်ချက်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကာ လူမှုရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးအား (၁၅း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)     

ထားဝယ်မြို့သို့ ဘိလပ်မြေဝင်ရောက်မှုအခြေအနေ

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ပွင့်လင်းရာသီမှစ၍ တည်ဆောက်ရေး လုပ်ငန်းများ  အများအပြားလုပ်ကိုင်လျက်ရှိရာ  တင်ဒါလုပ်ငန်းများ၊ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့်၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဘိလပ်မြေရှားပါးမှု၊ပြတ်လပ်မှု၊ဈေးနှုန်းမြင့်တက် မှုများ ကြုံတွေ့ခဲ့ရပါသည်။

          ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဘိလပ်မြေပြတ်လပ်မှုများ အနဲအကျဉ်းရှိခဲ့ပြီး ဈေးနှုန်း အားဖြင့် လွန်စွာမြင့်တက်မှုမရှိဘဲ ၂၈၀၀ဝိ/- မှ ၃၁၀၀ဝိ/- အတွင်းဈေးနှုန်းဖြစ်ပေါ်ခဲ့ပါသည်။

          ယခု ဖေဖော်ဝါရီလ တတိယပတ်အတွင်း MV  PYI  HEIN သင်္ဘောဖြင့် ရန်ကုန်မြို့မှ ဘိလပ်မြေများဝင်ရောက်လာရာ ကြံ့နှစ်ကောင်တံဆိပ် ဘိလပ်မြေနှင့် အယ်လ်ဖာ တံဆိပ် ဘိလပ်မြေ အိတ် (၃၀၀၀၀)အိတ်ခန့်ရောက်ရှိလာကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)     

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              ၂၀၂၅  ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၊ ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်း        ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများ သည် မိတ်ဖက်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ အကောက် အခွန်ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ မြတ်သီရိ၊ အောင်၊ ဘုန်းပြည့်၊ ဆောင်း၊ ဖွေးဖွေးအိမ် ဆေးဆိုင် များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေး ဝါးများ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေး ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံဆေးဝါးရောင်းချမှု လိုင်စင်များ ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လတ်မှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေ အနေများ မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။        

DOCA(တနင်္သာရီ)     

အရောင်တင်မှုန့်၊ နနွင်းမှုန့်ရောင်ချသည့်ဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရွှေဘိုမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ အရောင်တင်ခင်မောင်အေးဆိုင်အား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ အရောင်တင်မှုန့်၊ နနွင်းမှုန့်နှင့် ငရုတ်သီးအကြမ်း မှုန့်များအား လုပ်သားများဖြင့် အိမ်တွင်ကြိတ်ခွဲ၍ ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ သည့်အတွက် ခွင့်မပြုဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ ထည့်သွင်းရောနှောရောင်းချခြင်းမပြုဘဲ သဘာဝအရောင်အတိုင်းသာ ရောင်းချကြရန်၊ ဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ စားသုံးမိခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင် သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်မရောမြို့နယ်၌ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ရိုးရာမပျက်စည်ကား သိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ကျေးရွာရှိ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော် ကို နှစ်စဥ်နှစ်တိုင်း ရိုးရာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၈.၂.၂၀၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အနယ်နယ်အရပ်ရပ်မှ ငါးဖမ်းပွဲတော်လာရောက်သူများဖြင့် စည်ကားလျက် ရှိကြောင်းသိရသည်။

အဆိုပါ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကိုကျင်ပမည့်ရက်အား မီဒီယာများမှတစ်ဆင့်ကြေငြာ ထားပြီးဖြစ်ရာ ပွဲတော်မကျင်းပမီတစ်ရက်မှစတင်ကာ ငါးဖမ်းဝါသနာပါသူများက အဆိုပါ ငါးဖမ်းပွဲတော် ကျင်းပမည့်အင်းအတွင်းသို့ ကြိုတင်ရောက်ရှိနေကြောင်း ဒေသခံပြည် သူတစ်ဦးထံမှ သိရသည်။

ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်ကို နှစ်စဥ်တပို့တွဲလဆန်းတစ်ရက်၌ စည်ကားစွာကျင်းပခဲ့ရာ ယခုနှစ်၌ မော်လမြိုင်၊ မုဒုံမြို့များနှင့် ရွာနီးချုပ်စပ်မှ ငါးဖမ်းဝါသနာရှင်များ၊ အပျော်တမ်း ငါးဖမ်းသူများက ရိုးရာမပျက်   ပျော်ရွှင်စွာ   ငါးဖမ်းကြပြီးဖမ်းယူရရှိသော ငါးများကို ပျော် ပျော်ပါးပါး စားသောက်ခြင်း၊ လက်ဆောင်ပေးခြင်းများ၊ အချင်းချင်းရင်းနှီးချစ်ခင်ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် ကခုန်ပျော်ပါးကြခြင်းဖြင့် အထူးစည်ကားလျက်ရှိသည်။

အဆိုပါ အင်းအတွင်းမှငါးမျိုးစုံဖမ်းယူရရှိပြီး အဓိက ငါးပတ်၊ ငါးခူ၊ငါးရံစသည့် ငါးများရှိပြီး ဖမ်းရလည်းလွယ်ကူသဖြင့်ငါးဖမ်းဝါသနာရှင်များက နှစ်စဥ်လာရောက်လေ့ရှိကြပြီး မွန်ပြည်နယ် အတွင်း ထင်ရှားသောရိုးရာပွဲတော်တစ်ခုအနေဖြင့် အစဥ်အလာမပျက် ကျင်းပလေ့ရှိကြောင်း ရေပူကော့စပ်ရွာသားဖြစ်သူ ဦးစောမြထံမှသိရသည်။

DOCA(မွန်)

 

အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀) ဂရမ်အထက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ၁၇.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်အတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသော စတိုးဆိုင်များသွားရောက်၍ (၁၀) ဂရမ်အထက်ရှိသော အလှကုန်ပစ္စည်းများ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ သနပ်ခါး၊ အသားလိမ်းဆီ၊ မျက်နှာလိမ်းခရင်(မ်) နှင့် မျက်နှာသစ်ဆပ်ပြာကဲ့သို့သော အလှကုန်များကို အဓိကထားစစ်ဆေးခဲ့ရာ ထိုအလှကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက် ပါ/မပါတို့ကို စစ်ဆေးပြီး ထိုအချက်များပါသော ကုန်စည်များကိုသာ တွေ့ရပါသည်။ အလှကုန်ပစ္စည်းရောင်းချနေသော ဆိုင်ရှင်များ၏ ပြောကြားချက်အရ ယခုအခါ တွင်ဝယ်ယူသူတို့သည် အလှကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူကြရာတွင် ကုန်အညွှန်းအမှတ် အသားနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော ကုန်စည်များကိုသာ အချက်အလက် များစစ်ဆေးပြီးမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်တွင် နာမည်ကြီး၍ လူအများယုံကြည်သုံးစွဲ ကြသော ရွှေပြည်နန်း၊ Nivea၊ bella ကဲ့သို့သော အမှတ်တံဆိပ်ပါ ကုန်စည်များမှာ ပို၍ရောင်းရ ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်မရောမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

၁၈.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ “Talk Show” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ် တာဝန်ခံ ဦးစိုးညီညီက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချသည့် အွန်လိုင်းရောင်းချသူ များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော eComReg System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် စတင်၍ အသုံးပြုခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

၁၄.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီး များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန်းဖြူးရောင်းချခြင်းများ မရှိပါကြောင်း တွေ့ရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်၊ အ.လ.က (သင်ဃန်ချောင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

၁၇.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ အ.လ.က (သင်ဃန်‌ချောင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သည့် စိတ်ကြိုက်ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ မှန်ကန်သောသတင်းအချက်အလက်များရရှိခွင့်၊ အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကိုတိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက် များသိရှိလေ့လာနိုင်ခွင့်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့်ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စားမုန့်ထုတ် များကို ဖြန့်ဝေခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၄)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦး ၊ စုစုပေါင်း (၁၂၄)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(မွန်)

စံမညီ‌ဆေးဈေးဝါး (၁၃) မျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

            ၁၄.၂.၂၀၂၅ ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျိုက်မရောမြို့၊ မြို့မဈေးနှင့်ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ဝယ်ယူစားသုံးသူမိဘပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် တရားဝင် ဆေးဝါးမှတ်ပုံတင်ထားသော ဆေးများတင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ၊ စံမမီဆေးဝါးများနှင့် တားမြစ်ထားသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆေးဆိုင်(၆)ဆိုင်အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ