Digital Platform အသုံးပြုစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၉ ရက်နေ့၊ မန္တလေးမြို့တော် ခန်းမတွင် Digital Platform အသုံးပြုစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို နံနက်(၉:၀၀)နာရီ အချိန်တွင် စီးပွားရေးရာဝန်ကြီးမှ ကြီးမှူး၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး အဖွင့်မှာစကား ပြောကြားခဲ့ပါသည်။  အခမ်းအနားသို့  စီးပွားရေးရာဝန်ကြီးဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် အထွေအုပ်ချုပ်ရေးဦးစီးမှူးများ၊  Capital Connect Company Limited မှ တာဝန်ရှိလူကြီးမင်းများ၊ လက်ကား/လက်လီ ကိုယ်စားလှယ်စားလှယ်များ စုစုပေါင်း (၂၀၀) ဦး ခန့် တက်ရောက်ခဲ့ပါသည်။ ထို့နောက် Capital Connect Company Limited မှ တာဝန်ရှိသူက Edible Oil System နှင့် စပ်လျဉ်း၍ Video Clip ရှင်းလင်းတင်ပြခဲ့သည်။ တော်ဝင်ဧကရာဇ်မှ တာဝန်ရှိသူကလည်း စားသုံးဆီများ သယ်ယူပို့ဆောင်ဖြန့်ဖြူးရာတွင် GPS, CCTV စနစ်များ တပ်ဆင်စောင့်ကြည့် စစ်ဆေးနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံသားများဘဏ် MCB မှ တာဝန်ရှိသူက ဆီကုန်သည်ကြီးများအတွက် ဝန်ဆောင်မှုပေးအပ်နေမှု အခြေအနေအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုနောက် စားသုံးဆီ သယ်ယူပို့ဆောင်မှုနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၅၀) အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)