ပန်းတနော်မြို့နယ် အင်းမ အ.ထ.က ကျောင်းတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်၍ အသိပညာပေးဟောပြော

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာ အ.ထ.က  စာသင်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ၁၁.၁၂.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

         အသိပညာပေး ဟောပြောရာတွငင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်‌ကျော်သက်မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်၍ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ခြင်း၊ မှတ်ပုံတင်ခြင်း အမျိုးအစား၊ ပြင်ဆင်သတိပြုဖွယ် အထောက်အထားများနှင့် သတိပြုဖွယ်အချက်များ၊ ဦးစီးဌာန၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်အမိန့် (၅၀/၂၀၂၃)ကို ဇူလိုင်လ ၂၁ရက်နေ့က ထုတ်ပြန်ခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို (၅၁/၂၀၂၃) ဇူလိုင် ၂၁ရက်နေ့က ဥပဒေပါ အခန်း(၈)ခန်းဖြင့်ထုတ်ပြန်ထားကြောင်းကိုလည်းကောင်း၊ အခွင့်အာဏာအပ်နှင်းခြင်းအမိန့်ကို (၄၉/၂၀၂၃( ဇူလိုင် ၁ရက်နေ့က ကုန်သွယ်ရေးဦးစီးဌာနသို့ အပ်နှင်းခြင်းကိုလည်းကောင်း၊ မှတ်ပုံတင်ဆောင်ရွက်ရာတွင် လုပ်ငန်းအမျိုးအစားနှင့် မှတ်ပုံတင်ရမည့်သူများ၊ လျောက်ထားနိုင်သည့် အမျိုးအစားများကို လူငယ်များသိရှိနိုင်ရန် အကျယ်တဝင့်ရှင်းလင်းခြင်း၊ eComReg System လျောက်ထားမှုနှင့် သတိပြုရမည့် အချက် အလက်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအကြောင်း၊ သက်ဆိုင်ရာဌာနသို့ အမှုတွဲလွဲပြောင်းခြင်း၊ မှတ်ပုံတင်မရှိပဲ လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို ဟောပြောခဲ့ရာ ကျောင်းသူများမှ မရှင်းလင်းသည်များကို မေးမြန်းသဖြင့် ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ပြီး တက်‌ရောက်သူ ၁၃၅ဦး ရှိကြောင်း သိရှိရပါသည်။

DOCA (‌ဧရာဝတီ)