အွန်လိုင်းမှတဆင့်စျေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် ၉:၀၀ အချိန်တွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် ကော့သောင်းမြို့ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌  စာဖတ်သူများ စုစုပေါင်း(၂၀)ဦးအား  အွန်လိုင်းမှတဆင့်စျေး ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အွန်လိုင်းမှစျေး ဝယ်ယူရာတွင် မိမိဝယ်ယူမည့်Pageနှင့် Wesbite တို့သည် စားသုံးသူများအကြားနာမည် သတင်းကောင်း မွန်ခြင်း ရှိ/မရှိ၊ ဖုန်းနံပါတ်/နေရပ်လိပ်စာ မှန်ကန်မှု ရှိ/မရှိစိစစ်ရန်နှင့် ငွေပေးချေရာတွင် သတ်မှတ်ထားသော စနစ်ရှိ/မရှိ၊ သတ်မှတ်ထား သည့်ဌာန၊ အဖွဲ့အစည်းများ၏ အထောက်ခံချက် ရှိ/မရှိ စသည်တို့က်ို သေချာစွာသိရှိထားရမည် ဖြစ်ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် မိမိ၏ကိုယ်ရေးအချက်အလက် များပေးအပ်ရန် လိုအပ်လာပါက ကျိူးကြောင်း ခိုင်လုံမှုရှိ/မရှိ သတိထားရမည့် အကြောင်းအရာ များ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)