သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

One Stop Mart ၌ ကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူးပါ (၃)ဦး တို့သည် (၂၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၅၀)အချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၅၂)၊ လှိုင်မြစ် လမ်းမပေါ်ရှိ  One Stop Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် One Stop Mart တာဝန်ခံ ဒေါ်နှင်းမွန်အောင် ပါဝင်လျက် ဈေးကွက်အတွင်းရှိ စားသောက်ကုန်ပစ္စည်း(၃)မျိုး၊ အသင့်သောက်အချိုရည်(၃)မျိုး၊ အရန်သင့် အစားအစာများ(၇)မျိုး၊ အဟာရဖြည့်စွက်စာများမှ (၂)မျိုးနှင့် လူသုံးကုန်ပစ္စည်းများမှ (၃)မျိုးခန့် အား စစ်ဆေးခဲ့ရာ ယခင်အပတ်ထက်၊ ယခုအပတ်တွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ ပစ္စည်းများ လည်းပြတ်လပ်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တာဝန်ခံအား စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့် အချက်များကို သေချာစွာ လိုက်နာဆောင်ရွက်သွားရန်တို့ကို အသိပေးပြောကြားခဲ့ ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)

အင်္ဂပူမြို့နယ် Online ရောင်းချသူလုပ်ငန်းရှင်အား အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ(၁၉) ရက် နေ့တွင် အင်္ဂပူမြို့နယ်၊ ပတ္တမြားလမ်း၊ အမှတ်(၁)ရပ် ကွက်၊ ထူးကြီးမြို့ရှိ  THET Cosmetics Online ရောင်းချသူ ဒေါ်အိသက်ဝေမွန်နှင့်တွေ့ဆုံ၍ Online ရောင်းချမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည် များကို အသိပညာပေးဟောပြောဆောင်ရွက်ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာအချက်များပြည့်စုံစွာဖော်ပြနိုင်ရေး လုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ ရောင်း ချသည့် ကုန်ပစ္စည်းများအပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိစေခြင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေတွင်ဖော်ပြထားသည့် အခန်း(၁၀)၊ ဥပဒေပုဒ်မ(၂၁)၊ ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ(ဋ) စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအား အသေးစိတ်နားလည်သဘောပေါက်စေရန် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           (၂၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် အင်းစိန်မြို့နယ်၊ အမှတ်(၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်ရှိ သန့်စင်စတိုးသို့ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်ခြင်း၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် သန့်စင်စတိုးမှ ဦးဟိန်းမင်းဇော် တာဝန်ခံမှ ပူးပေါင်းပါဝင်လျက် ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန် အသင့်သောက်အချိုရည်၊ အရံသင့်အစား အစာများ၊ အာဟာရဖြည့်စွက်စာများ၊ လူသုံးကုန်ပစ္စည်းများရှိ ကုန်ပစ္စည်းအမျိုးအမည်၊ အမှတ် တံဆိပ်၊ အရွယ်အစား၊ ယခင်ဈေးနှုန်း၊ ယခုဈေးနှုန်းများကို စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိပဲ ဈေးနှုန်းမှာလည်း ယခင်ဈေးနှုန်းအတိုင်း ဈေးနှုန်းမြှင့်တက်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ယခင်ဈေး၊ ယခုဈေးများမြှင့်တက်ခြင်း မရှိစေရေး ပစ္စည်းများလည်း ပြတ်လပ်မှုရှိစေရေးတို့အား အထူးအလေးထားဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

WHITE FAMILY Fruniture Online sale သို့ အွန်လိုင်မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

             (၁၆.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အမှတ်(၃၃၄)၊ သစ္စာပါရမီလမ်း၊ (၁၄၅)ရပ်ကွက်၊ တောင်ဒဂုံမြို့သို့သွားရောက်၍ ပရိဘောဂလုပ်ငန်းသို့ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ပြီးစစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့မှတ်ပုံတင် လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် မြေပြင်စစ်ဆေးရ မည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကိုစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဗိုလ်တထောင်မြို့နယ်၊ (၄) ၊ (၅) ၊ (၁၀) ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၆း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများက ဦးဆောင် လျက်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးလှိုင်မျိုး(အတွင်းရေးမှူုး)နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူး ပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က ဖြန့်ဖြူးသည့်ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကိုကွင်းဆင်းစစ် ဆေးခြင်းနှင့်သိုလှောင်ခြင်း/ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောက်ဒဂုံမြို့နယ်၊ (၃၁) ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊   ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦး ဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးလှိုင်မျိုး  (အတွင်းရေးမှူုး)နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှတာ ဝန်ရှိသူများ၊  လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ် ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဖြန့်ဖြူးသည့်ကုမ္မ ဏီများမှတဆင့်လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည် ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြောက်ဒဂုံမြို့နယ်၊ (၃၁) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  Lwin Maung Maung Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ် ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ မာတလမ်းရှိ လှမေတ္တာ ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးသည် (၁၈.၉.၂၅) ရက်နေ့တွင်၊ ပုသိမ်မြို့၊ မာတလမ်းရှိ လှမေတ္တာ ဆန်စက်သို့ သွားရောက်၍  ဧရာဝတီပေါ်ဆန်း သိုလှောင်ထားရှိမှုအခြေအနေ၊ MYRO သက်တမ်းတိုး ပြီးစီးမှု အခြေအနေများ ၊ လစဉ် ဆန်စပါး လက်ကျန်စာရင်းများ MRF ပေးပို့မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ မာတလမ်းရှိ ဓနသိဒ္ဓိ ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးသည် (၁၈.၉.၂၅) ရက်နေ့တွင်၊ ပုသိမ်မြို့၊ မာတလမ်းရှိ ဓနသိဒ္ဓိ ဆန်စက်သို့ သွားရောက်၍  ဧရာဝတီပေါ်ဆန်း သိုလှောင်ထားရှိမှုအခြေအနေ၊ MYRO သက်တမ်းတိုး ပြီးစီးမှု အခြေအနေများ ၊ လစဉ် ဆန်စပါး လက်ကျန်စာရင်းများ MRF ပေးပို့မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ မာတလမ်းရှိ အောင်ရတနာ ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးသည် (၁၈.၉.၂၅) ရက်နေ့တွင်၊ ပုသိမ်မြို့၊ မာတလမ်းရှိ အောင်ရတနာ ဆန်စက်သို့ သွားရောက်၍  ဧရာဝတီပေါ်ဆန်း သိုလှောင်ထားရှိမှုအခြေအနေ၊ MYRO သက်တမ်းတိုး ပြီးစီးမှု အခြေအနေများ ၊ လစဉ် ဆန်စပါး လက်ကျန်စာရင်းများ MRF ပေးပို့မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ သမာဓိ ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

      ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးသည် (၁၈.၉.၂၅) ရက်နေ့တွင်၊ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ သမာဓိ ဆန်စက်သို့ သွားရောက်၍  ဧရာဝတီပေါ်ဆန်း သိုလှောင်ထားရှိမှုအခြေအနေ၊ MYRO သက်တမ်းတိုး ပြီးစီးမှု အခြေအနေများ ၊ လစဉ် ဆန်စပါး လက်ကျန်စာရင်းများ MRF ပေးပို့မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ