
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါး စီးပွားရေးလုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန်၊ တောင်သူလယ်သမားများ၊ ကုန်သည်၊ စက်ပိုင် လုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပ ဝယ်သူ/ရောင်းသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ စားသုံးသူများ အပါအဝင် ဆန်စပါး လုပ်ငန်းနှင့် ဆက်နွယ်သည့် stakeholderများအတွက်တစ်နေရာတည်းတွင် သတင်းအချက်အလက် များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့် လုပ်ငန်းများကို အချိန်တိုအတွင်း လွယ်ကူရိုးရှင်းစွာဖြင့် ရယူဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်၏ ဆန်စပါးလုပ်ငန်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များကို ခေတ်မီ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အတွင်း မှတ်ပုံတင် ထားရှိသောသိုလှောင်ရုံ/ ဆန်ဆိုင် စုစုပေါင်း(၃၇၆)လုံးရှိပြီး မြန်မာဆန်စပါး အွန်လိုင်း (MyRO)တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း အပါအဝင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် ဖြည့်သွင်းခြင်း လုပ်ငန်းစဉ်များကို လုပ်ငန်းရှင်များအား လိုက်ပါ ဆောင်ရွက်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ကူညီသင်ကြားပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော ဆန်စပါး သိုလှောင်ရုံပိုင်ရှင်များကို မှတ်ပုံတင် သက်တမ်းတိုးထားရှိနိုင်ရေး အသိပေးအကြောင်းကြားခြင်း၊ မှတ်ပုံတင်ထားရှိပြီးသည့် ဆန်စပါး သိုလှောင်ရုံ/ ဆန်ဆိုင်/ ဆန်စက်များအား သိုလှောင်ရုံစစ်ဆေးရေး လုပ်ငန်းလမ်းညွှန် ချက်များအတိုင်း မကွေးတိုင်းဒေသကြီး သိုလှောင်ရုံစစ်ဆေးရေး လုပ်ငန်းအဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် မကွေးမြို့ပေါ်ရှိ ဆန် သိုလှောင်ရုံနှင့် ဆန်ဆိုင်(၁၇)ဆိုင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)
