သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေ ဆီစက်သို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ဝင်းမာ(ဦးစီးမှူး)နှင့်ဒေါ်မြတ်မြတ်ထွေး(ဦးစီးမှူး) တို့သည် မန္တလေးတိုင်း ဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ ၁၉-၉-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၊ ကံသာယာရပ်ကွက်ရှိ ရွှေဆီစက်သို့ ကွင်းဆင်းစစ်ဆးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် တိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ သမဝါယမ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းဗိုလ်နှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဆီစက်လုပ်ငန်းများ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ ၊ ဖြန့်ဖြူးမှုအခြေအနေ ၊ ဆီစက်လုပ်ငန်းများ လည်ပတ်နိုင်မှုအခြေ အနေနှင့် လုပ်ငန်းလိုအပ်ချက်များ မေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

အောင်ငြိမ်းချမ်း ဆီစက်သို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ဝင်းမာ(ဦးစီးမှူး) နှင့်ဒေါ်မြတ်မြတ်ထွေး (ဦးစီးမှူး) တို့သည် မန္တလေးတိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များနှင့်အတူ ၁၉-၉-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှု့-၂ (ည) ရပ်ကွက်ရှိ အောင်ငြိမ်းချမ်း ဆီစက်သို့ ကွင်းဆင်းစစ်ဆးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် တိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးခြင်း အဖွဲ့ခေါင်းဆောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ သမဝါယမ ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်နှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဆီစက်လုပ်ငန်းများ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ ၊ ဖြန့်ဖြူးမှုအခြေအနေ ၊ ဆီစက်လုပ်ငန်းများ လည်ပတ်နိုင်မှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များ မေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

NNT (ရွှေင်္ဟာသာ)ဆီစက်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ဝင်းမာ(ဦးစီးမှူး)နှင့်ဒေါ်မြတ်မြတ်ထွေး(ဦးစီးမှူး) တို့သည် မန္တလေးတိုင်း ဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ ၁၉-၉-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ၊ ပြည်ကြီးကျက်သရေရပ်ကွက်ရှိ NNT (ရွှေင်္ဟာသာ)ဆီစက်သို့ ကွင်းဆင်းစစ်ဆးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် တိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးခြင်း အဖွဲ့ခေါင်းဆောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ သမဝါယမ ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးဝင်းဗိုလ်နှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဆီစက်လုပ်ငန်းများ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ ၊ ဖြန့်ဖြူးမှုအခြေ အနေ ၊ ဆီစက်လုပ်ငန်းများ လည်ပတ်နိုင်မှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များ မေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်နိုင် ရေး အတွက် ကျပန်းစကားပြောပြိုင်ပွဲကို ၁၉.၉.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ ပြိုင်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦး၊ မိတ္ထီလာခရိုင်ဦးစီးမှူး ရုံးမှ ဝန်ထမ်း(၁)ဦး ၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦး စုစုပေါင်း ဝန်ထမ်း(၄)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့် မြင်းခြံခရိုင် ဦးစီးမှူးရုံးတို့မှ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများမှ video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။  အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မည့် ခေါင်းစဉ်အား တိုင်းဒေသကြီးဦးစီးမှူးမှ မဲနှိုက်ပေးခဲ့ရာ ပထမဦးစွာ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ချောစုထွေး၊ ဦးစိးမှူးက ‘ကုန်အညွှန်း အမှတ်အသားပြည့်စုံမှ လုံခြုံစိတ်ချစားသုံးသူဘဝ’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ‘နိုင်ငံ့စီးပွားမြှင့်တင်ရေး စားသုံးသူအခွင့်အရေး ဦးစားပေး’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မော်မော်အောင်(ဒုဦးစီးမှူး)က ‘ကုန်အညွှန်း အမှတ်အသားပြည့်စုံမှ လုံခြုံစိတ်ချစားသုံးသူဘဝ’ ၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ‘ကုန်အညွှန်း အမှတ် အသား ပြည့်စုံမှ လုံခြုံစိတ်ချစားသုံးသူဘဝ’  ခေါင်းစဉ်များဖြင့်  တစ်ဦးလျှင်  ဖြေဆိုချိန်မိနစ်(၁၅)အတွင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြပါသည်။  ကျပန်းစကားပြောပြိုင်ပွဲကို တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ နှင့် အကဲဖြတ်ဒိုင်များက စနစ်တကျအနီးကပ်ကြီးကြပ် ၍ အမှတ်ပေး ဆုံးဖြတ် ခဲ့ကြ ပါသည်။ကျပန်းစကားပြောပြိုင်ပွဲ တွင် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)မှ ပထမဆု၊ မြင်းခြံခရိုင်ဦးစိးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ဒုတိယဆုနှင့် ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မော်မော်အောင်(ဒုဦးစီးမှူး)မှ တတိယဆု အသီးသီးရရှိခဲ့ကြပြီး ဆုရရှိသူ များကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ရွှေဘိုခရိုင်၏ (၉/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

     ရွှေဘိုခရိုင်အနေဖြင့်(၉/၂၀၂၅)လအတွင်း ခရိုင်ဦးစီးမှူး။ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ဈေးကွက်ရောက်ပြီး ကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေလယ်ယာ (ကုန်စုံဆိုင်)အားလည်းကောင်း၊ အမှတ်(၁၀)ရပ်ကွက် စက်မှုဇုန်ရှိ  Golden Future(သောက်ရေသန့်စက်ရုံ) အားလည်ကောင်း၊ အမှတ်(၁၀)ရပ်ကွက်ရှိ အေးမေတ္တာ (ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေး)ဆိုင်အားလည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်ရှိ ရွှေသဖန်းအမှတ်တံဆိပ် စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူရောင်းချသည့် လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြသည့်အပြင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ MPT ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

     တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်း များအား လစဉ် ကားများဖြင့် အကြို/အပို့ပြုလုပ်ပေး၍ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ( ၂၂) ရက်နေ့မှ ( ၂၃ ) ရက်နေ့ထိ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ( ၂ )ရက်တာ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ရောင်းချမှုတွင် ပေါ်ဆန်း (သစ်) ဆန် ( ၁ )ပြည်လျှင် ( ၆၉၀၀)ကျပ်၊ ပေါ်ဆန်း ဆန် ( ဟောင်း) ( ၁ )ပြည်လျှင် ( ၅၈၀၀)ကျပ်၊ ဧရာမင်းဆန် ( ၁ )ပြည်လျှင် ( ၆၀၀၀)ကျပ်၊ ရက် (၉၀)ဆန်( ၁ )ပြည်လျှင် (၃၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ အခြေခံစားကုန်များဖြစ်သည့် ဆီ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အခြား အသုံးအဆောင်ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် အငြိမ်းစားဝန်ထမ်း အဖိုး၊ အဖွားများအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဝင်းသန်းဆန်ဆိုင်သို့ သင့်တင့်မျှတသောနှုန်းထားဖြင့် ဆန်ရောင်းချမှုရှိ/မရှိကွင်းဆင်းခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး  ဦးဆောင်၍ အမှတ်(၇) ရပ်ကွက်ရှိ ဆန်လက်လီလက်ကားရောင်းချသော ဝင်းသန်းဆန်ဆိုင်သို့ ၂၂-၉-၂၀၂၅ ရက် နေ့နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

     ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဝင်းသန်းဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ် အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ ဆင်းသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၆၀၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ‌ဝင်းသန်းဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်း ဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက် မှတ်ပုံတင်သက်တမ်း တိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိ ရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်ရှိ MyRO မှတ်ပုံတင်ထားသည့် ဆန်ဆိုင်သို့ ကွင်းဆင်း

   မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          မြင်းခြံမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး(၂၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ် ပြည့်မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့်လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက် ကျန်စာရင်းများ သတ်မှတ်ရက်အတွင်း မပျက်မကွက်ရေးသွင်းနိုင်ရေးအတွက် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၅:၀၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ အမှတ်(၇)ရပ်ကွက်ရှိ‘‘သင်းသင်း’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း၍ ညွှန်ကြားချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင် များအနေဖြင့်သက်တမ်းတိုး လျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့ အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းရာတွင် အခက်အခဲ များရှိပါက လာရောက်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိလျှင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေးမှုများဆောင်ရွက် ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေ ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ  ကုန်မျိုးစုံ ရောင်း ဝယ်ရေးဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် ဦးဆောင်၍ မိတ်ဖက်ဌာနဆိုင်ရာများ ဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်ကျန်းမာရေး နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် သာထက်စံ  ဆေးဆိုင် နှင့် ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်တွင် ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးနှင့် အခြားကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရမည့် အသေး စိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ တို့အား လစဉ် လျာထားချက်များ သတ်မှတ်ထား သည်ထက် ကျော်လွန်အောင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် သာထက်စံ ဆေးဆိုင်နှင့် ကုန်မျိုးစုံ ရောင်း ဝယ်ရေးဆိုင်တွင် ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုး နှင့် အခြားကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များ အတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြထားသည်ကိုတွေ့ရှိရပြီး သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း မရှိသည်ကို စစ်ဆေး တွေ့ရှိရပါသည်။ 

    ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း ထုန်ကုန် လုံခြုံ စိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသော လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့နယ်ရှိ MyRO တွင်မှတ်ပုံတင်ထားသည့် လုပ်ငန်းသို့ကွင်းဆင်း

    မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်းထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်း များ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          မြင်းခြံမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံ အလုံး(၂၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ် ပြည့်မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့်လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက် ကျန်စာရင်းများ သတ်မှတ်ရက်အတွင်း မပျက်မကွက်ရေးသွင်းနိုင်ရေးအတွက် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ အမှတ်(၇)ရပ်ကွက်ရှိ‘‘ပြည့်လျှံ’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း၍ ညွှန်ကြားချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင် များအနေဖြင့် သက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့ အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းရာတွင် အခက်အခဲ များရှိပါက လာရောက်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိလျှင် စီမံ ခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ