ရေနံချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သပြေကျောင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံသည် ရေနံချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သပြေကျောင်း၌ (၆.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို အသိပညာ၊ ဗဟုသုတနှင့်ပြည့်စုံစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

       ဟောပြောပွဲ၌ ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ (၄၁)အရ ကုန်စည်တစ်ခုတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်း ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးမှူး ‌ဒေါ်မြင့်မြင့်ကြည်မှ ဝမ်းရောဂါများအကြောင်း နှင့် ဆေးနည်းများအကြောင်းကိုလည်းကောင်း ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၇)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၃၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)