သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ကျင်းပ

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၁.၃.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ “ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့”ကို ဂုဏ်ပြုသောအားဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့ ပူးပေါင်း၍ အသိ ပညာပေး Talk Show  ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။      

         စားသုံးသူရေးရာဌာနခွဲတာဝန်ခံက  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံနှင့် မြန်မာနိုင်ငံမှာ စတင်ကျင်းပခဲ့သည့် ဆောင်ပုဒ်များနှင့်နှစ်စဉ်ကျင်းပခဲ့သည့် ဆောင်ပုဒ်များအကြောင်း၊ တိုင်ကြားမှုများကို ဖြေရှင်းပေးခြင်းနှင့် ကုစားမှုများအကြောင်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်ဖြစ်သော “လူနေမှုဘဝ အစဉ်တည်တံ့ဖို့၊ မျှတအသွင်ကူးပြောင်းစို့” ဆောင်ပုဒ်အား အပိုင်း(၂)ပိုင်း ခွဲ၍ ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြိုင်မြို့နယ်တာဝန်ခံမှ အသိပညာပေး Talk Show ကျင်းပ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၁.၃.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြိုင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုင်မြို့နယ်တာဝန်ခံနှင့် ပူးပေါင်း၍ မတ်လ(၁၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အသိပညာပေး” Talk Show  ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။      

          Talk Showတွင် မြိုင်မြို့နယ်တာဝန်ခံက မြန်မာနိုင်ငံမှာ စားသုံးသူအခွင့်အရေးများကို စနစ်တကျ ဥပဒေတစ်ရပ်အနေနဲ့ ပြဌာန်းထားရှိပြီး ဥပဒေအရ အကာအကွယ်ပေးထားရှိမှုအကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေး ဥပဒေတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများမှ ကုန်စည်ဝန်ဆောင်မှု အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားမှုနှင့် ဖြေရှင်းပေးမှုများအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့နှင့်ပတ်သက်ပြီး ဌာနမှအသိပညာပေး ကမ်ပိန်းဆောင်ရွက်မှုများအကြောင်းအား ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို  မိတ်ဖက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ မြေပဲဆားလှော်လုပ်ငန်းသို့ သွားရောက်၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ရာ ကုန်စည်ထုတ်ပိုးမှုပေါ်တွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီကိုက်ညီမှုရှိကြောင်းစိစစ်တွေ့ရှိရပြီး ဒုတိယခရိုင်ဦးစီးမှူးက မြေပဲဆံများအား မှိုတက်ကင်းစင်၍ သေချာစွာသန့်စင်ပြီး ထုတ်လုပ်ရန်လိုအပ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များအကြောင်းအား ဆွေးနွေးခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအားကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၌ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြား ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၇.၃.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာ လုပ်ငန်းရှင်မှထုတ်လုပ်သည့် ကုန်စည် (၂)မျိုး၏ ထုတ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပြီး ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်းအား ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်နှင့် အလုပ်သမားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေစကြိုမြို့နယ်တာဝန်ခံမှ အသိပညာပေး Talk Show ကျင်းပ

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၁.၃.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ရေစကြိုမြို့နယ်တာဝန်ခံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ် တာဝန်ခံ တို့ ပူးပေါင်း၍ စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show  ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။      

          Talk Show တွင် ရေစကြိုမြို့နယ်တာဝန်ခံက စားသုံးသူတိုင်ကြားမှုတွေကို ဖြေရှင်းဆောင်ရွက် နေတာတွေအပြင် စားသုံးသူနစ်နာဆုံးရှုံးမှုတွေမဖြစ်အောင် အသိပညာပေးဆောင်ရွက်ခြင်းများ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူတွေအသုံးပြုလျက် ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက်ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နေမှုများနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်တွင်ထည့်သွင်းရမည့် ကုန်အညွှန်းအမှတ်အသားများ မြန်မာလိုဖော်ပြရမည့်အချက်များကို ပြဌာန်းချက်တွေနဲ့အညီ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် တောင်သူများ စီးပွားဖြစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မုတ္တမကျွဲခြံကျေးရွာနှင့်အနီးဝန်းကျင်ရှိ ကျေးရွာများတွင် စာဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးနှံအား စီးပွားဖြစ်စိုက်ပျိုးလာကြောင်း သိရသည်။

ရုံးပတီသီးနှံသည် စတင်စိုက်ပျိုးသည်မှ နှစ်လခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ အပင်ပု၊ အပင်လတ်၊ အပင်ရှည် (၃) မျိုးရှိရာ အပင်ရှည်သာ စိုက်ပျိုးမှုများပြီး ဈေးကွက်ရရှိ ကြောင်း၊ တစ်ဧကလျှင် မျိုးစေ့အပါ သွင်းအားစု၊ လုပ်အားခ အပြီး စုစုပေါင်း ငွေကျပ် (၁၀) သိန်းခန့်ကုန်ကျကြောင်း၊ ရုံးပတီသီးနှံအား တစ်ရက်ခြားလျှင် တစ်ကြိမ်ခူးဆွတ်ရပြီး နှစ်လအထိ ခူးဆွတ်နိုင်ကြောင်း၊ မြေအမျိုးအစား၊ သီးနှံမျိုး၊ သွင်းအားစုအပေါ်မူတည်၍ အထွက်နှုန်းနှင့် ဈေးကွက်အခြေအနေကွဲပြားမှုရှိကြောင်း၊ အဆိုပါကျေးရွာရှိ တောင်သူများမှ ခူးဆွတ်ပြီး သီးနှံများကို ပေါင်မြို့နယ်၊ မင်္ဂလာဈေးရှိ ကုန်စိမ်းဒိုင်များနှင့် မော်လမြိုင်မြို့ထိ ရောင်းချကြောင်း သိရသည်။

ရုံးပတီသီးနှံသည် ရာသီမရွေးစိုက်ပျိုးနိုင်သဖြင့် တောင်သူများအနေဖြင့် တစ်ဖက် တစ်လမ်းဝင်ငွေရရှိသည့် သီးနှံတစ်မျိုးလည်းဖြစ်ကြောင်း သိရသည်။

DOCA(မွန်)

 

ချောင်းဆုံမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ၁၇.၃.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံ မြို့နယ် အတွင်းရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်များတွင် ဆန်များအားဈေးနူန်းမြှင့်တင် ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင် များတွင် ဈေးနူန်းမြှင့်တင်ရောင်းချရန်အတွက် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

DOCA(မွန်)

(၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ် ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

၁၈.၃.၂၀၂၅ ရက်နေ့ (၀၈:၀၀) အချိန်တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ နယ်မြေ (၅)၊ မုပွန်တိုးချဲ့ (၈)လမ်း၊ သံလွင်မြစ်ဘေး၌ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ် ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များအပါအဝင်စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မွန်ရိုးရာယိမ်းအဖွဲ့မှ မွန်ရိုးရာအကနှင့် ကရင်ရိုးရာဒုံးယိမ်းအဖွဲ့မှ ကရင်ဒုံးယိမ်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်မှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်း ညွှန်မှုဖြင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေး ကုမ္ပဏီလိမိတတ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့်မုပွန်ရပ်ကွက်ရှိ စုစု​ပေါင်း စီမံကိန်းဧရိယာ (၁၀.၇၅၈)ဧက အနက် စီမံကိန်းအပိုင်း(၁)အဖြစ် ဧရိယာ (၄.၀၆)ဧက၌ (၂၄x၃၀x၁၄)ပေရှိ ငါးဈေးဆိုင်ခန်း (၆၀)ခန်း၊ (၁၂x၁၅x၁၂) ပေရှိ ကြက်ဈေးဆိုင်ခန်း (၈)ခန်း အပါအဝင် အဆင့်မြင့်ငါးဈေးသစ် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ ကြောင်း၊ ယင်းနောက် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်အောင်က လုပ်ငန်းဆိုင်ရာစာရင်းနှင့်အချက်အလက်များအား မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဘင်ခရာ၊ ပန်းပွားနှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ မှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အဆင့်မြင့်ငါးဈေးသစ်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဆေးဆိုင်များ၌ ကွင်းဆင်းစောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့ နံနက်(၁၀ : ၃၀) နာရီအချိန်တွင်  လွိုင်ကော်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ ရောင်းချနေသော ဆေးဆိုင်များ၌ ဆေးများပြတ်လတ်မှုများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့်  မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉ ပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို  သက်ဆိုင်မိတ်ဖက်များနှင့်ပူးပေါင်း၍  ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။  

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင်    ဆေးဆိုင်များ၌ ရောင်း ချနေသော အိမ်သုံးဆေးဝါးများ ပြတ်လပ်မှုမရှိကြောင်း၊  ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ၊ ဈေးကစားခြင်းအလို့ငှာ သိုလှောင်ထားခြင်းလည်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဆေးများကို မန္တလေးမြို့၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများထံမှမှာယူရောင်းချကြောင်း၊ မှာယူရောင်းချသောဆေးများသည်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ရုံး၏ ၂/၂၀၁၉ ကုန်အညွှန်းအမှတ်အသားပါ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသော  စာသာများပါ ကိုက်ညီမှုရှိတဲ့ ဆေးဝါးများသာ ဝယ်ယူရောင်းချကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဘီးလင်းမြို့ရှိ Moon Teen သောက်ရေသန့်စက်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

၁၉.၃.၂၀၂၅ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးလှကြီး ရပ်ကွက်ရှိ Moon Teen (သောက်ရေသန့်စက်ရုံ) သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက် ပါဝင်ရမည့် အခြေခံအချက်များအရ သောက်ရေသန့်ကုန်စည်တွင် ပါဝင်ဖော်ပြရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပြီး ဈေးကွက်မရောက်မီ ကုန်စည်များအား ဘေးအန္တရာယ်ကင်းစေရေး အသိပညာပေးပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဌာနဆိုင်ရာလုပ်ထုံး/လုပ်နည်း၊ စည်းမျဉ်း/ စည်းကမ်းတို့အား လိုက်နာဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ