အွန်လိုင်းစနစ်ရောင်းချခြင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေးခြင်း

Powered by Drupal

         (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် အမှတ် (၂၄၃) ၊ စက်မှု (၁၂) လမ်း၊ မင်္ဂလာဒုံစက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

         ထိုသို့ဆွေးနွေးခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ မိမိတို့အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် ပစ္စည်းအမျိုးအမည်၊ ရောင်းချသည့်နေရာများမှာ အွန်လိုင်းလိုင်စင်လျှောက်ထားစဉ်ကအတိုင်း ကိုက်ညီရန်လိုအပ်ပါကြောင်း၊ အွန်လိုင်းဖြင့် မှာယူသည့်ပစ္စည်းများကိုလည်း ပစ္စည်းပို့ဆောင်သည့်အခါ ကိုက်ညီမှုရှိရန်လိုအပ်ပါကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် သက်ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာနမှလည်း အွန်လိုင်းစနစ်သည် အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသောကြောင့် လိုက်နာဆောင်ရွက်မှုများမရှိလျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို စီးပွားရေးလုပ်ငန်းရှင် (၄) ဦးတက်ရောက်ခဲ့ပြီး (၁၃:၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)