
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ကြို့ပင်ကောက်မြို့နယ်ဘုကြီးအုပ်စု၊ ဘုကြီးကျေးရွာရှိ စတားစီးတီးသောက်ရေသန့် စက်ရုံသို့(၇.၁.၂၀၂၆)ရက်နေ့ နံနက် ၉း၃၀နာရီအချိန် တွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနဥက္ကဌ ဦးအောင်ဇော်မင်း၊မြို့နယ်ဆရာဝန်ကြီး၊ အမှုဆောင်အရာရှိ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အင်ဂျင်နီယာစည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြို့ပင် ကောက်မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်တို့ ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
စတားစီးတီးသောက်ရေသန့်လုပ်ငန်းမှတာဝန်ရှိသူနှင့်တွေ့ဆုံပြီးသက်ဆိုင်ရာဌာနမှလုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုထားရှိသည့် လိုင်စင်များသက်တမ်းပြည့်မှု ရှိ/ မရှိ၊ တစ်နေ့ထုတ်လုပ်မှုမှာ (၂၀) လီတာဘူးကြီး(၃၀၀)ခန့်ထုတ်လုပ်ပြီး၊ လုပ်သားဦးရေ(၁၀)ဦးတို့ဖြင့် လည်ပတ် ဆောင်ရွက် လျှက်ရှိကြောင်း၊ သောက်ရေသန့်လုပ်ငန်းတာဝန်ရှိသူမှ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဖြန့်ဖြူးရောင်းချမှုအခြေအနေများနှင့်ပတ်သက်၍ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့်စားသုံးသူကာ ကွယ်ရေးဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ နှင့်ကျန်းမာရေးနှင့်အညီ စားသုံးသူပြည်သူများအန္တရာယ်မရှိဘဲ အရည်အသွေးနှင့်သန့်ရှင်းစွာ ထုတ်လုပ်ရန်တာဝန်ရှိသူများမှ မှာကြားစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
