အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထင်ဇော်ထွန်း (ဒု-ဦးစီးမှူး)  က Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းအား မြေပြင် ကွင်းဆင်း စစ်ဆေး ခဲ့ပါသည်။

    ထိုသို့ ကွင်ဆင်းဆောင်ရွက်ရာတွင်  သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု၊ ဆဲတဲကုန်းကျေးရွာ ထူးချယ်ရီ ကုမ္ပဏီမှ ထုတ်လုပ်သော သဘာဝ ကွန်ပေါင်းမြေဩဇာနှင့် အဝတ်လျှော်ဆပ်ပြာဆီ ကိုယ်စားလှယ် လုပ်ငန်းရှင် ဒေါ်ဟေမာန်ဦး ထံသို့သွား၍ လုပ်ငန်းရှင်အား မှတ်ပုံတင်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ လုပ်ငန်း၏ Logo ၊ မှတ်ပုံတင်လက်မှတ် လျှေက်ထားသူ၏ ထောက်ခံချက်၊ တားမြစ် ထားသော ကုန်စည် (သို့မဟုတ်) ဥပဒေ တစ်ရပ်ရပ်ဖြင့် ငြိစွန်းခြင်းရှိ/မရှိ သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ရောင်းချနေသော ကုန်စည်တွင် ပြည်တွင်း၌ ထုတ်လုပ်ဆောင်ရွက်ဖြန့်ဖြူးသည့် ကုမ္ပဏီ၏ လိပ်စာပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ စသည်တို့ကိုစစ်ဆေးခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online  စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ယင်းလက်မှတ်  မရှိဘဲ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

 

DOCA(ပဲခူး)