သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ထုတ်ကုန်  လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ (ချွန်ချွန်)မိခင်နှင့်ကလေး အသုံးအဆောင်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးဆိုင်နှင့် အမှတ်(၄)ရပ်ကွက်ရှိ (ဒီဇင်မေ)ကလေးအသုံးဆောင်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးဆိုင်တို့တွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ် ဖော်စပ်စာအတုများရောင်းချမှု မရှိကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအမှတ်တံဆိပ် ကုန်ပစ္စည်းအတုများ၏ အသေးစိတ်အချက်များကို လုပ်ငန်းရှင်များသိရှိနိုင်စေရန် အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကာ စားသုံးသူပြည်သူများ၏ ကျန်းမာရေး ကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့် ၎င်းပစ္စည်းအတုများ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးခြင်းများ  ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပန်းတနော်မြို့နယ် မုန့်ဟင်းခါးဖို လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင် ပန်းတနော်မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၂၁.၉.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ် အနောက်ပိုင်း ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ ကို DOCA, FDA, မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ အနောက်ပိုင်းရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ် လုပ်ငန်းများ တွင် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးဖတ်များ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ် အခြေအနေများကို မေးမြန်းခြင်း၊ ကုန်ကြမ်းရရှိမှုအခြေအနေများကို မေးမြန်းခြင်း၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဖော်မလင်သုံးစွဲမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုချက် လိုင်စင်များကို ကြည်ရှုစစ်ဆေးခြင်း၊ မုန့်ဟင်းခါးဟို ထုတ်လုပ်ရာတွင် ရေစီးရေလာကောင်းမွန်ရေးနှင့် အနံ့ဆိုးထွက်ရှိမှုမရှိစေရေး၊ သန်းရှင်သပ်ရပ်စွာ ထုတ်လုပ်သော မုန့်ဟင်းခါးဖတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် အိမ်သုံး လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနောက်ပိုင်း ရပ်ကွက်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၌ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ၂၁-၉-၂၀၂၅ ရက်နေ့ နေ့လည် ၁၄၀၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်နှင့် ဝန်ထမ်း များသည်  အနောက်ပိုင်းရပ်ကွက် ကမ်းနာလမ်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချသော ကုန်ပစ္စည်း များတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား များဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာဖြင့် တွဲလျက် ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန် ထားသော အချက်(၇)ချက်ကို လိုက်နာကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင်များအား ဆက်လက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်းရှိ အချိုရည်အမျိုးမျိုးနှင့် ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ မအူပင်မြို့ ဈေးရုံနှင့် ဈေးတန်းများတွင် ​ရောင်းချသည့် စား​သောက်ကုန်များ၊ အချိုရေးနှင့် ရေသန့်အမျိးမျိုး နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာ​ရေးမှူးနှင့်ဝန်ထမ်းများ၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ စျေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်း စားသောက်ကုန်​ရောင်းချသည့် အရောင်းဆိုင်(၈)ဆိုင်၌  အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ စား​သောက်ကုန်များ၊ ကုန်ခြောက်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် (FDA)ခွင့်ပြုချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိမရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အစားအ​သောက်ကုန်သွယ်​ရောင်းချသူများ လိုက်နာရန်အချက်များ၊ ခွင့်မပြုဆိုး​ဆေးများ​ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခြင်းနှင့် အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်အတွင်း တရားမဝင်ကုန်စည်များ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်သော စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံစေရန် တားမြစ်ထားသော တရားမဝင် စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များနှင့် လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၌   ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များနှင့် လုပ်ငန်းသုံးပစ္စည်းဆိုင်များတွင် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေး အတွက် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်နေသော စားသောက်ကုန် ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ တရားမဝင် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ လိုက်လံစစ်ဆေးပြီး ဥပဒေနှင့်အညီ ရောင်းချရန်ပြောကြားကာ တရားမဝင်ပစ္စည်းများ ရောင်းချပါက ဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို  လုပ်ငန်း ရှင်များအား အသိပညာပေး ပြောကြားကြောင်း သိရသည်။  

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် အ.ထ.က ၁ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၅ရပ်ကွက်၊ ကျောင်းလမ်းရှိ အခြေခံပညာ အထက်တန်း‌ ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ၂၁.၉.၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။

ဟောပြောပွဲတွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူ အခွင့်အရေး ()ချက် အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက် နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ အွန်လိုင်းစျေးရောင်းချမှုနှင့်ပတ်သက်၍ သုံးစွဲသူများသိရှိရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ ၁၈၅ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေး များနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် နံနက် ၉ နာရီတွင် မအူပင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ၊ ခရိုင်ရဲတပ်ဖွဲ့နှင့် အခြားသော ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများမှ ရှေ့ဆက်လုပ်ဆောင်နေသည့် လုပ်ငန်းအခြေအနေများကို သိရှိလို၍ တင်ပြဆွေးနွေးကြရန်၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်း‌ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်များကို ဌာနဆိုင်ရာများ သိရှိနိုင်ရန် မှာကြားရှင်းလင်းခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော ဌာနအသီသီးမှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တင်ပြကြပြီး တိုင်းဒေသကြီးအစိုးရ၏ နယ်မြေကွင်းဆင်းလေ့လာရာတွင် တင်ပြရမည့် ဒေသန္တရာနှင့် ဌာနဆိုင်ရာလုပ်ငန်း အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ဌာနဆိုင်ရာ တက်ရောက်သူ ၃၀ဦး ရှိပြီး အစည်းအဝေးကို နေ့လည် ၁နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

အုတ်ဖိုမြို့တွင်ဆက်သွယ်ရေးဝန်ဆောင်မှု Mpt လုပ်ငန်းနှင့်တွေ့ဆုံမေးမြန်းခြင်း

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာ ဦးစီဌာနမှမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၂.၉.၂၀၂၅ ရက်နေ့တွင် အုတ်ဖိုမြို့နယ်အတွင်းရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒစ်ဂျစ်တယ်အော်တိုအိတ်ချိန်း(MPT) တာဝန်ခံဒေါ်ယုယုနိုင်နှင့် တွေ့ဆုံ ၍ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအကြောင်း စုံစမ်းဆွေးနွေးခဲ့ကြပါသည်။ထို့နောက်စားသုံးဆီ အရောင်းဆိုင်များဖြစ်သော SHWE BYAIN PHYU စက်သုံးဆီဆိုင်နှင့် GAIAXY ဆီဆိုင်များသို့ ကွင်းဆင်းပြီး စက်သုံးဆီရောင်းချမှုဈေးနှုန်းနှင့် ရောင်းချမှုအချင်အတွယ်စံခွက်များအား စစ်ဆေး ခဲ့ကြပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့တွင်ဖုန်းလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့၊  (၁)လမ်း ပရီမီယာဖုန်းနှင့်ဖုန်းအပိုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးအောင်အောင်သွင်နှင့်( ၂၂.၉.၂၀၂၅ ) ရက်နေ့ ၊ နေ့လယ်  ( ၁၃:၀၀ ) နာရီအချိန်တွင်၊ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း မှတွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး  ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်း အချက် အလက် များပေးရန် စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေး ကျင့်ဝတ်စည်းကမ်းနှင့်အညီ မှန်ကန်စွာဆောင်ရွက်ရန် သတ်မှတ်ထားသည့် အရည်အသွေး စံသတ်  မှတ်ချက်များအပေါ် အာမခံချက်ပေးရန်၊ဝယ်ယူခြင်းမပြုမှီ ကန့်သတ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမှီ အတည်အလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို  တိုက်ရိုက် ရောင်းချ ခြင်း၊ သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ရန် ကတိပြုထားသာအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက  တာဝန်ယူဆောင်ရွက်ရန်၊  ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍   စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေး  ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)     

ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားအုန်းဆီထုတ်ယူခွင့်စာအုပ် ကျေးရွာအုပ်စု၊ အိမ်ထောင်စုအလိုက် စနစ်တကျ စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် ကျေးရွာများဖြစ်သော အောက်ထုံးကျေးရွာ၊ ကညှင်ခွ ကျေးရွာ၊ လက်ကျားကြီးကျေးရွာ၊  တော်တလုပ်ကျေးရွာ များမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများအား ကျေးရွာများမှ အိမ်ထောင်စုများ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များ ကျေးရွာနေပြည်သူများ စားအုန်းဆီ ဝယ်ယူရရှိစေရန် ဆီစာအုပ်များကို မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်က စနစ်တကျထုတ်ယူပေးလျက်ရှိကြောင်း သိရသည်။

ကျေးရွာစားအုန်းဆီ ဝယ်ယူခွင့်စားအုပ်များကို အောက်ထုံးအိမ်ထောင်စု ၁၆၇၂၊ ကျုံဝါးကျေးရွာ အိမ်ထောင်စု ၅၉၃၊ ကညှင်ခွ အိမ်ထောင်စု ၄၉၉၊ လက်ကျားကြီး အိမ်‌ထောင်စု ၃၃၂၄၊ တော်တလုပ်အိမ်ထောင်စု ၂၂၈၈ ကို ကျေးရွာအပိုင် အုပ်ချုပ်ရေးမှူးများမှ ကိုယ်တိုင်လာရောက်ထုတ်ယူ၍ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များ ထုတ်ယူပြီးစီးကြောင်း မှတ်တမ်း ရေးသွင်းပြီး ကျေးရွာနေပြည်သူများ စားအုန်းဆီများကို သက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ဆီရောင်းချသည့်အခါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးသည့်အခါ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်အရည်အသွေးမှန်စွာဖြင့် စည်းကမ်းများအတိုင်းရောင်းချမှုများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ