
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၁၄.၉.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်း အုပ်စု၊လေသာကျေးရွာတွင် စားအုန်းဆီသုံးဆွဲမှုလျော့ချရေးနှင့် စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၂၆)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် အွန်လိုင်း ရောင်းချခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများတွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
