သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ရွှေရေဖြူ Green Tea လုပ်ငန်းအား ကွင်းဆင်းစိစစ်

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် (၁၀-၁၀-၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ပင်းတယမြို့၊ ရေဖြူကျေးရွာရှိ ရွှေရေဖြူ Green Tea လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေး(Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသဦးစီးမှူးမှ ကုန်စည် နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရှိ/မရှိ တို့အား စစ် ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါစီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်း

အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ) နှင့် (ဇ)တို့ပါအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီးကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက် ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် အောက်တိုဘာလ(၈၊၉) ရက်နေ့တွင် ရွာငံမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချ ပေးပြီး စာအုပ်မပါသောသူများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချ ခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်း၊ သိုလှောင်ထား ရှိခြင်းလည်း မရှိပါကြောင်း၊ ရောင်းချမှုလက်ခံစာရင်းဇယားများလည်း စနစ်တကျထားရှိပါကြောင်း စစ်ဆေး တွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစား  ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေး ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပင်လုံမြို့ပေါ်ရှိစားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁3:၀၀) နာရီအချိန်တွင်  ပင်လုံမြို့ပေါ်ရှိစားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ “GGH Fiber Internet” အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသို့ ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)ရှိ GGH Fiber Internet” အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူ နစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ 

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် GGH Fiber Internet” အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအနေဖြင့် စားသုံးသူများအပေါ် ဝန်ဆောင်မှုပေးရာတွင် အရည်အသွေး ပြည့်မှီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူ များသိရှိစေရန် ဗွီနှိုင်းပိုစတာများကပ်၍ ဆောင်ရွက်ထားရန်၊ အစဉ်မပြတ် ဆက်သွယ်၍ အကြောင်း ကြားရန်ပြောကြားခဲ့ပြီး စာချုပ်စာတမ်းများထားရှိရန်နှင့် ဖြစ်ပေါ်လာသော ပြဿနာများအား ဝန်ဆောင်မှုပြည့်ဝစွာပေး၍ ဖြေရှင်းဆောင်ရွက်ရန် Call Center များထားရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၀၈:၄၅ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်  ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန် မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်၊ အသိ ပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့၌ စက်သုံးဆီအရောင်းဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် နံနက် ၁၀:၀၀နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “နဂါးပျံ”စက်သုံးဆီအရောင်းဆိုင် အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် စားသုံးသူများလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များကို ပုံမှန်ဖွင့်လှစ် ရောင်းချပေးရန်ပြောကြားခဲ့ပြီး စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်မှ အမှတ်(၃)ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများအား စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည်အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)       

 

မှော်ဘီမြို့နယ်၊ အထယုကျေးရွာ၌ စားသုံးကာကွယ်ရေးအသိပညာပေးဟောပြော

          (၁၃.၁၀.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀)နာရီခွဲအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ အထယုကျေးရွာ ဓမ္မာရုံ၌ ရွာသူ/ ရွာသား (၁၃)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက ဌာန၏သမိုင်းအကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ဘေးကင်းလုံခြုံစိတ်ချရသည့် ကုန်စည်များဝယ်ယူတတ်စေရန်နှင့်စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မှော်ဘီမြို့နယ်တွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/ မရှိ စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၃.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်လမ်း၊ ပေတရာလမ်း၊ တပ်ကြီးကုန်းမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာများမှာ နို့နှင့်အသီးအနှံ၊ ဆန်နှင့်နို့၊ ဆန်၊ နို့၊ ပဲပြောင်း၊ နို့နှင့်ဂျုံစသည့်အမျိုးအစားများကို မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြထားပြီး အလေးချိန်နေရာတွင်လည်း အလေးချိန်ကို ဂရမ်ဟု မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်ပစ္စည်းများကို ရောင်းချခြင်းတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          (၁၃.၁၀.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးသို့ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် သန့်စင်စတိုးမှ ဦးဟိန်းမင်းဇော်မှ ပူးပေါင်းပါဝင်လျက် ရောင်းချနေသော ကလေးအာဟာရတံဆိပ်အမျိုးမျိုးမှာ Golden Power၊ Ridielac၊ Cubbe၊ PoPo၊ Edison Supuie Sone တို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်း လမ်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်တို့ကို မြန်မာ ဘာသာဖြင့် ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ယခုကဲ့သို့ ကုန်ညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများသာရောင်းချပေးရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ