သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ခရမ်းမြို့နယ်၌အစားအသောက်ရောင်းချသောထမင်းဆိုင်ပိုင်ရှင်များအားစားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောခြင်း ”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အစားအသောက်ရောင်းချသော ထမင်းဆိုင် ပိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံး သူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ အသိပညာပေး ဟောပြောရာတွင် စားသုံးသူကာကွယ်ဥပဒေ ပြဌာန်းထားရှိမှု၊ ဥပဒေတွင် ပြဌာန်းထားသော စားသုံးသူများ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား ရှင်းလင်းပြီး စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သော သူများသည် လုပ်ငန်းရှင် များဖြစ်သလို စားသုံးသူများလည်း ဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေး ဦးစားပေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရသော အစား အသောက်များ ရရှိစေရန်အတွက် မိမိတို့ဆိုင်များတွင် ရောင်းချသော အစားအသောက်များ သန့်ရှင်းမှုရှိစေရေး၊ လုပ်သားများ တစ်ကိုယ်ရည်သန့်ရှင်းပြီး ကျန်းမာရေးကောင်းမွန်သူများ ဖြစ် စေရန်နှင့် ဝန်ဆောင်မှုများ ပေးရာတွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှု ရရှိစေရန် အလေး ထားဆောင်ရွက်ကြရန်နှင့် မိမိတို့၏ စားဖွယ်စုံများကို Online မှရောင်းချနေမှုများ ရှိခဲ့လျှင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ www.ecom.gov. mm တွင် အွန်လိုင်းမှတ်ပုံတင် ဆောင်ရွက်ထားကြရန်တို့အား အသိပေးခဲ့ပြီး လိုင်းမှတစ်ဆင့် ဈေးဝယ်လျှင်လည်း စားသုံးသူရေးရာဦးစီးဌာန၏ Call Center No.1535 သို့ မည်သည့်ဖုန်းဖြင့် မဆို ဆက်သွယ်တိုင်ကြားနိုင်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း လေ့လာလိုပါက www.doca.gov.mm သို့ ဝင်ရောက်လေ့လာဖတ်ရှု့နိုင်ပါကြောင်း အသိပညာ ပေးခဲ့ပြီး ဟောပြောပွဲသို့ လုပ်ငန်းရှင်(၃၀)ဦးခန့် ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၆၆)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအား သက်သာသောဈေးနှုန်းဖြင့်( ၆၆ )ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်( ၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၂၆.၆.၂၀၂၅ ရက်နေ့တွင် ဆန် (၄၈) ပြည်၊ ဆီ (၅၀)ပိဿာ၊ ဆား(၅)ပိဿာ၊ ကုလားပဲ(၁၀)ဘူး၊ ငါးပိ(၃)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၃)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၇) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၁၆၁)ပြည်၊ ဆီ (၇၅၄၃) ပိဿာ ၊ ဆား(၂၁၄) ပိဿာ၊ ကုလားပဲ(၇၄၈)ဘူး၊ ငါးပိ(၈၉)ပိဿာ၊ ငါးခြောက် (၅၉)ပိဿာ၊ ပုဇွန်ခြောက်(၁၈)ပိဿာ (၆၀)ကျပ်သား၊ ကြက်သွန်နီ (၇၉၉) ပိဿာ၊ အသားတု( ၈၂) ပိဿာ၊ ကြက်ဥ (၈၇၁၅) လုံး၊ ဘဲဥ (၁၁၁၄)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။ ယနေ့ ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့် စစ်ကိုင်းမြို့ရှိ တကောင်းရပ်ကွက်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

“ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးအခန်းမတွင် ဇူလိုင်လ(၁) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိရန်ကိစ္စများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းအား ဥပဒေ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်၍ အဂတိကင်းရှင်းစေရေးကိစ္စများ ရွေးကောက်ပွဲ ဆိုင်ရာ လူဦးရေစာရင်းတိကျမှန်ကန်စွာ ပြုစုသွားရန်နှင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ရန်ကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့် တပြေးညီတင်ပြရန် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး စာရေးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ၎င်းအစည်းအဝေးတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညွှန့်နွယ်မှ စစ်မှုထမ်းဆင့်ခေါ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လူဦးရေးစာရင်းများအား အချိန်နှင့် တပြေးညီ ပုံမှန် ပြုစုသွားရန် ကိစ္စရပ်များ၊ လယ်ယာမြေအသုံးပြုမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝ ဘေးကာကွယ်ရေးနှင့် မြို့(၃)မိုင်ပတ်လည် သစ်ပင်စိုက်ပျိုးခြင်း/လေကာပင်များ ပျိုးထောင်ခြင်း ကိစ္စရပ်များအား လမ်းညွှန်မှာကြားပြီး မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များမှာ သက်ဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးရုံး၌စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်တတ် စေရန်အသိပညာပေးဟောပြော”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးရုံး၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ် တတ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်း‌ အောင်က စွန့်ပစ်ပစ္စည်းအမှိုက်အမျိုးအစားလေးမျိုးနှင့် ပတ်သတ်၍ အမှိုက်ခြောက်၊ အမှိုက်စို ဘေးအန္တရာယ်ရှိအမှိုက်၊ ပလပ်စတစ်အမှိုက်များကို သက်ဆိုင်ရာ အမှိုက်ပုံးများ၌ စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ ကာကွယ်ပြီး သယံဇာတအရင်းအမြစ်များ ကိုထိထိရောက်ရောက် အသုံးချနိုင်ရေး၊ အန္တရာယ်ကင်းသည့် စွန့်ပစ်မှုများ ဖြစ်စေရေးအတွက် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ဈေးများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ပြီး အမှိုက်ခွဲခြား စွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေး သရုပ်ပြပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိ

ကသာခရိုင်စားသုံးဆီနှင့်စက်သုံးဆီလုပ်ငန်းများ စစ်ဆေးရေးအဖွဲ့သည် ကသာမြို့ပေါ်တွင် ရောင်းချ လျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် ဇွန်လ(၂၅)ရက်နေ့တွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့်အတူ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီး ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ကသာမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ထူးစက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့ဝင်များသည် စက်သုံးဆီအရောင်းဆိုင် ၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အချင် အတွယ်မှန်ကန်မှု ရှိ/မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ မြို့နယ် အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

အငြိမ်းစားဝန်ထမ်းများအား အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၅ခုနှစ် ဇွန်လ ( ၂၃) ရက်နေ့မှ ( ၂၄ ) ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ( ၂ )ရက်တာ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရ သည်။ အဆိုပါ ရောင်းချမှုတွင် ပေါ်ဆန်း ဆန်(သစ်) ( ၁ )ပြည်လျှင် ( ၆၅၀၀)ကျပ်၊ ပေါ်ဆန်း ဆန် ( ဟောင်း) ( ၁ )ပြည်လျှင် ( ၅၈၀၀)ကျပ်၊ ဧရာမင်းဆန် ( ၁ ) ပြည်လျှင် ( ၆၀၀၀)ကျပ်၊ ရက် ( ၉၀)ဆန်( ၁ )ပြည်လျှင် (၃၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ အခြေခံစားကုန်များဖြစ်သည့် ဆီ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အခြား အသုံးအဆောင်ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် အငြိမ်းစားဝန်ထမ်း အဖိုး၊ အဖွား များအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းအခြေခံစားသောက်ကုန်ပစ္စည်းများဇူလိုင်လဆန်းတွင် ဖြစ်ပေါ်နေသည့်ဈေးနှုန်းအခြေအနေမြေပြင်ကွင်းဆင်းစစ်ဆေး ”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့်ရပ်ကွက်များရှိ အခြေခံစားကုန်ပစ္စည်း အရောင်းဆိုင်များသို့ ဇူလိုင်လ(၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဇူလိုင်လဆန်းတွင် ဖြစ်ပေါ်နေသည် အခြေခံစားကုန်ပစ္စည်းများ ၏ ဈေးနှုန်းအခြေအနေအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်အတွင်း မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင် တို့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ရတနာလွင်ကုန်စုံဆိုင်၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ် ကွက်ရှိ ဦးသိန်းထွဋ်(ခ) ဦးကိုလေးကုန်စုံဆိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဒေါ်မူ၊ ဒေါ်မွှေးကြူ၊ မိဘရိပ်ဆန်ဆိုင်၊ မြို့မဈေးအပြင်တန်းရှိ ဒေါ်လုံးလုံး၊ ဦးချမ်းသာကြီးဆန်ဆိုင်၊ ဦးတင့်ဆွေဦး၊ ဦးဌေးလှိုင်၊ ဦးတင်ဝင်း၊ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့် ကုန်ခြောက်ဆိုင်၊ ဒေါ်ပေါက်၊ ဒေါ်နိုင်နိုင်မော် ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလားအမဲသား ဆိုင်၊ ဦးဇော်ကြီးဆိတ်သားဆိုင်၊ ဒေါ်သင်းသင်း၊ ဒေါ်မျိုးမျိုးဝင်း ရေချို၊ ရေငံငါးပုဇွန် အရောင်း ဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီလက်ကားအရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိငါးခြောက် ဆိုင်နှင့် ဦးဖိုးထောင်၊ ဦးကျောက်ခဲ အသီးအရွက်ကုန်စိမ်းဆိုင်တို့တွင် ဇူလိုင်လအတွင်းနှင့် ဇူလိုင်လဆန်းတွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ပစ္စည်းဈေးနှုန်း အခြေအနေတို့မှာ သိသိသာသာ ကွာခြားမှုမရှိဘဲ စားအုန်းဆီ ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday talk အခမ်းအနား ကျင်းပ

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday talk အခမ်းအနားကို ၂၀၂၅ခုနှစ် ဇွန်လ ( ၂၆) ရက်နေ့ မွန်းလွဲ ( ၂း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဝန်ထမ်းအင်အား ( ၅၀) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းက အဖွင့်အမှာစကား ပြောြကားခဲ့ပြီး ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၏ မျှော်မှန်း ချက်များ၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာ့ဆန်စပါးအွန်လိုင်း( MyRO)တွင် မှတ်ပုံတင်ခြင်းအကြောင်းအရာများကို ပါဝါပွိုင့်များဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

“ ကော့မှူးတွင်တိုက်ရိုက်မျိုးစေ့ချကိရိယာ Seederဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုး ”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့်မိုးစပါးလက်တွေ့စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ(၁)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ကော့မှူးမြို့နယ်၊ မကျီးကန်းကျေးရွာ ကွင်းအမှတ်(၂၉၁) ဦးပိုင်အမှတ် (၂၃)ရှိ ဦးချစ်နိုင်၏ လယ်ယာမြေတွင် ကျင်းပးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် တွံတေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညွှန့်နွယ်မှ အဖွင့် အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်မှ တိုက်ရိုက်အစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခြင်းနှင့် အဆိုပါတိုက်ရိုက် မျိုးစေ့ချ ကိရိယာ Seeder ဖြင့် သရုပ်ပြ မိုးစပါး စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာသော တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ််ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ကြီးကြပ်မှုအဖွဲ့ ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၆၂)အုပ်စုမှ အုပ်ချုပ်ရေးမှူး များနှင့် လေ့လာသူတောင်သူများက တိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့် သရုပ်ပြစိုက်ပျိုး ခြင်းအား လှည့်လည်ကြည့်ရှု့ခြင်းများ ဆောင်ရွက်ခဲ့ပြီး နံနက်(၁၀:၃၀) နာရီအချိန်တွင် အခမ်းအနား ပြီးမြောက်ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ရွှေကြယ်စင် မုန့်မျိုးစုံလုပ်ငန်းအားသွားရောက်၍ စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်အတွင်းရှိ " ရွှေကြယ်စင် " မုန့်ဖိုအား ( ၂၅.၆.၂၀၂၅ ) ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် တာဝန်ခံ ဒေါ်ခင်စန်းဝင်းမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြင့် သွားရောက်၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ " ရွှေကြယ်စင် " မုန့်မျိုးစုံ လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများကိုက်ညီမှု ရှိ/မရို၊ ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ၌ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကိုရောင်းချပါရန်နှင့် အသားတင်အလေးချိန်အား ဖော်ပြထားသည့် အတိုင်း ထည့်သွင်းရောင်းချရန် အသိပညာ ပေးဟောပြောခဲ့ပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ